စက်ဟာ လူရဲ့နေ့စားဝန်ထမ်းလား လူက စက်ရဲ့ကြိုးဆွဲရုပ်တွေလား..

N ကြယ်မင်း

ပွဲစဉ်တွေက ဆက်နေပါတယ်။ သူတို့မရပ်ရင် ကျွန်တော်တို့က ပိုပြီးမရပ်ကြပါဘူး။ ဘောလုံး ပွဲတွေဟာ ပျော်စရာကောင်းပါတယ်။

ခင်ဗျားရဲ့ဝိဉာဉ်မဟုတ်သော သေခြင်း ရှင်ခြင်းတွေကို တစ်ညတည်းမှာပင် အကြိမ်ကြိမ် ဖန်တီးနိုင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘဝ,ဘဝတွေကို ဒီတစ်ခုတည်းဆီ ထိုးကျွေးထားလု့ိ တော့ မဖြစ်သေးပါဘူး။

မိမိကိုယ်ကိုသော် လည်းကောင်း၊ သူတစ်ပါးကိုသော် လည်းကောင်း၊ ငဲ့စောင်းစီစစ်၊ မဖွေ လှစ်က လူဖြစ်ရကျိုး မနပ်ဆိုတဲ့ ဆော့ခရတ္တိ စာသားများအတိုင်း ကျွန်တော်တု့ိ တစ်ခုခု ကိုတော့ ရှာဖွေသွားကြရမှာပါ။

`အနီလည်းဆင်၊ အောင်ပွဲဝင်ပြီ၊ အသင်ဆိုက္ကား ကောင်းတကား´ဆိုတာမျိုးတွေ အရည် မရ၊ အဖတ်မရ လျှောက် တွေးနေရုံနဲ့တော့ ခင်ဗျားဟာ လူဖြစ်ရကျိုးနပ်လိမ့်မယ် မဟုတ်ပါ ဘူး။

လူအဖြစ်ကို စဉ်းစားတယ်၊ ပြန်ပြန်ပြီး သန့်စင်ကြတယ်ဆိုတဲ့နေရာမှာ နယ်ပယ်တွေ၊ location တွေ မလိုအပ်ပါ ဘူး။ ဘောလုံးနဲ့ အရိပ်ပမာ မခွဲခွာဆိုရင်လည်း ဘောလုံးထဲမှာ အဖြေရှာပေါ့။

ဒီမှာပဲ တစ်ခုခုရအောင် လုပ်ကြည့်ကြရုံ ရှိပါတယ်။ ဘောလုံးကွင်းထဲမှာ လူတွေရှိနေရင် ဘဝတွေ ရှိနေပါတယ်။ အဲ့ဒီဘဝတွေထဲက ချစ်ခြင်း၊ မုန်းခြင်းတွေ၊ တလွဲဆင်ခြေတွေ၊ လွန် ကဲမာနတွေ၊ စင်တော်ဖွင့် ကောက်ကျစ်မှုတွေ၊ မြေဝိုင်းဂိုဏ်းဖွဲ့သဘင်တွေ..အဆုံးမရှိ မြင် တွေ့နိုင်ကြတာပဲ မဟုတ်လား။

ဘရိုက်တန်နဲ့ လီဗာပူးပွဲမှာ VAR ရဲ့လိုအပ်တာထက် ခြယ်လှယ်မှုတွေကို မြင်တွေ့နေရ ပါတယ်။ VAR ဟာ လူသားကွင်းလယ်ဒိုင်တွေ ဒွိဟမှာ၊ လိုအပ်တဲ့အသေးစိပ်မှာ ကူညီဖြေ ရှင်းပေးနိုင်မယ့် စက်ပိုင်းဆိုင်ရာ အကူအညီမဟုတ်လား။

အခုတော့ လူအတွက် စက်တွေရှိနေပြီး အဲ့ဒီစက်တွေအပေါ်မှာ လူက ရှိနေပြန်ပါတယ်။ ခရာမှုတ်ထားတဲ့ဒိုင်ကို စက်ဆရာက စီးနင်းထားတာဟာ လိုအပ်ပါရဲ့လား။

လူသားကွင်းလယ်ဒိုင်က ပြီးပြီလို့ ဆုံးဖြတ်ထားတာဟာ စက်ခန်းထဲက ပုန်းကွယ်နေတဲ့ လူတွေအတွက်တော့ မပြီးသေးပါလား။

ကမ္ဘာကြီးရဲ့တိုးတက်မှုတိုင်းဟာ လူသားတွေရဲ့လွတ်မြောက်မှု၊ ပျော်ရွှင်မှုအတွက်ပဲ ဖြစ်သင့်ပါတယ်။ အဲဒါတွေကို ချနင်းပြီး ကိုယ်ကျိုးရှာသူ လူသားတစ်စုအတွက် မဟုတ်ပါဘူး။

ဒီလိုစွပ်စွဲချက်က မှန်ချင်မှ မှန်ပါလိမ့်မယ်။ ဒါပေမဲ့ မပြေးသော် ကန်ရာရှိဆိုသလို မြေပြင်ပေါ်ရောက်လာတဲ့ လုပ် ရပ်တွေကတော့ အဲ့ဒီအတိုင်းပဲ ထိတွေ့နေရပါတယ်။

နောက်ဆုံး ၇ ပွဲမှာ ၅ ပွဲနိုင်၊ ၂ ပွဲသရေကစားပြီး ၇ ပွဲလုံး အောင်ခဲ့တဲ့ ဆောက်သမ်တန်တွေ မန်ယူနဲ့အတွေ့မှာတော့ ပွဲရောကြေးရော ကျခဲ့ရပါတယ်။ ဘောလုံးပွဲမှာ အလကားရခဲ့ရင် တစ်ပွဲပေါ့၊ သိပ်ကံကောင်းရင် နှစ်ပွဲပေါ့။

ဒီလို ၇ ပွဲဆက်ဆိုတာကတော့ သူတို့ကိုယ်တိုင်ရဲ့ နတ်စီးသလို စွမ်းပကားမျိုးတွေ ရုတ်ခြည်း ပိုင်ဆိုင်လိုက်တာမျိုး မရှိဘဲ မရနိုင်ပါဘူး။ နည်းပြရဲ့ လက်ထဲရှိတဲ့ အရင်းအမြစ်တွေဆီက အရိုးမှာကပ်နေတဲ့အားတောင် ခါချသုံးစွဲနိုင် မှုက အရေးပါနိုင်ပါတယ်။

ကစားသမားတွေ ကိုယ်တိုင်ကလည်း နည်းပြရဲ့ စိတ်အားထက်သန်တဲ့ မီးခိုးတွေအောက်မှာ လူသားချင်းပဲ၊ ငါတို့ဘာကြောင့် မလုပ်နိုင်ရမှာလဲဆိုတဲ့ ဓာတ်ကြွမှုတစ်ခု တူညီစွာ အစပြုနိုင်ခဲ့ရင် အဲ့ဒီအသင်း ခရီးရောက်နိုင်ပါတယ်။

ဒါပေမဲ့ အဲ့ဒါက ဖလားပွဲလိုဟာမျိုးတွေမှာ ပိုတွေ့ရလေ့ရှိပြီး ဥပမာအားဖြင့် ဂရိပေါ့။ အမှတ်ပေးပွဲလို ရေရှည်တိုက်ပွဲတွေမှာတော့ မလွယ်ပါဘူး။

အင်းလေ၊ အခုရှုံးတယ်။ ရှုံးတာတောင် ဦးဆောင်ဂိုးနှစ်ဂိုးသွင်းပြီးမှ ရှုံးတယ်။ ဘာဖြစ်သေးလဲ အဲ့ဒါလို့ အငေါ် အတူးလာနိုင်ပါတယ်။ ဒါပေါ့ ဘာမှမဖြစ်ပါဘူး။

ဒါက လောကဓမ္မတစ်ခုထက် မပိုပါဘူး။ ဒါပေမဲ့ ဒီလိုဆောက်သမ်တန်ကို မန်ယူတွေက ဘယ်လိုများ အနိုင်ရမှာလဲ ဆိုတဲ့ ကြွေးကြော်ချက်မျိုးတွေကတော့ ပိန်းပင်တွေနား ထိုင်ပြောသလား၊ ပိန်းဥယျာဉ်ကြီးထဲ အရေးပေါ် ပေါက် ဖွားပြီးမှ အူဝဲအစား ×× မန်ယူလို့အော်ဆဲရင်း တွဲလွှတ်သလား အထင်ရောက်စရာ ဖြစ်ရပါတယ်။

သိပါတယ်၊ မန်ယူလည်း နိုင်ချင်မှနိုင်မှာပေါ့။ ဒါပေမဲ့ မန်ယူနိုင်လို့မရဘူး ဆိုတာမျိုးတော့ မလုပ်ပါနဲ့။

ဂိုဏ်းတူညီအစ်ကိုတွေဖွဲ့ပြီး သူတစ်ပါးကို လှောင်ပြောင်တာ၊ နှိမ့်ချစော်ကားတာ၊ မရယ်ရ တာတွေ အပြန်အလှန် အသံပေးကြတာတွေဟာ အန်လိုင်းတစ်ခေတ်ရဲ့ယိုပေါက်တွေ မျှသာ ဖြစ်ပါတယ်။

တကယ်တော့ ဘဝအရေး၊ ခဏလေးတွေမှ ဇာတ်နာကြတာ မဟုတ်ပါဘူး။ ဘောလုံးမှာ လည်း အံ့ဖွယ်ထရက်ဂျဒီတွေ၊ တိုက်ဆိုင်မှုတွေ၊ ကြေကွဲစရာတွေ ရှိနေတတ်သေးတာပဲ ဖြစ်ပါတယ်။

အခု ကျွန်တော်တို့ဖြတ်သန်းနေကြရတဲ့ ချဲလ်ဆီးဆိုတာ မော်ရင်ညိုရဲ့ချဲလ်ဆီးပဲဖြစ်ပါတယ်။ အဲ့ဒါကို ပြီးပြည့်စုံ အောင်ဖွဲ့ရရင် အေဘရာမိုဗစ်ချ်ရဲ့ချဲလ်ဆီးပဲဖြစ်ပါတယ်။

မိုဗစ်ချ်ဟာ လန်ဒန်အပြာကို နိုးထစေလိုသူဖြစ်ပြီး မော်ရင်ညိုက အဲ့ဒီအိပ်မက်ကို ဖူးပွင့်စေခဲ့ သူဖြစ်ပါတယ်။ မင်း မဟုတ်လည်း အခြား မင်းတစ်ယောက်ပေါ့ ဆိုတာမျိုး ပြောလေ့ရှိပါ တယ်။

ဒါပေမဲ့ သမိုင်းမှာတော့ ဖြစ်ခဲ့သူမင်း´ပဲ တရားဝင်ပါတယ်။ မဖြစ်သူမင်း´ဆိုတာ သမိုင်းလမ်း ထဲ ကျကွဲသွားတဲ့ ဖန်ခွက်ငယ်တစ်ခုရဲ့အသံမျှသာ ဖြစ်ခဲ့ပါလိမ့်မယ်။

အဲ့ဒီ မော်ရင်ညိုနှစ်ကာလတွေ ထူထောင်စဉ်မှာ အရေးအပါဆုံး မဟုတ်ခဲ့တောင် အရေးအ ပါဆုံးတွေထဲ ရှေ့နား ကျကျက ပါဝင်ခဲ့သူဟာ လမ်းပတ်ပဲ ဖြစ်ပါတယ်။ အခုတော့ သူတို့နှစ် ယောက် ပြန်တွေ့ကြပါတယ်။

လိဂ်ရဲ့ဦးဆောင်အသင်း ဖြစ်လိုမှုကိုယ်စီနဲ့၊ ကိုယ်ထုတ်ထားတဲ့ ဓားအိမ်ထဲက ဓားကိုယ်စီနဲ့၊ တစ်ရွေးသားမှ အ လျှော့ပေးစရာမရှိတဲ့ မာနပြိုင်ကိုယ်စီနဲ့ ဖြစ်ပါတယ်။

ဒါပေမဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ရဲ့ တစ်ခါက ဘုရင်တစ်ပါးဟာ ပြိုင်ဘက်အဖြစ်နဲ့ပြန်လာခဲ့ရတယ်။ အဲ့ဒီအသင်းမှာ ကိုယ် က သူကောင်းပြုပေးခဲ့ရတဲ့ တပည့်ဟောင်းက စစ်ဦးစီးဖြစ်နေတယ်။

ကြွယ်ဝတဲ့ မင်းနေပြည်တပ်မမှာ အာဂစစ်သူရဲတွေ ပိုင်ဆိုင်ထားတယ်။ ကိုယ်က အောက် အသင်းအဖြစ်နဲ့ပေါ့လေ။

ရှိတဲ့လူနဲ့ တောင့်တင်းသန်မာလာရာ ရန်သူတပ် အဖြစ်နဲ့ပေါ့လေ။ တကယ်ကစားတဲ့အခါ မှာ မျက်နှာငယ်စရာ ဘာတစ်ခုမှ မရှိခဲ့ပါဘူး။ ဒီပွဲကို အောင်နိုင်သူဖြစ်ဖု့ိတောင် သိပ်ကိုနီးစပ်ခဲ့တာပဲ။

တကယ်တော့ ကျွန်တော်ပေးချင်တဲ့ မက်ဆေ့ချ်ကလည်း အဲ့ဒါပဲဖြစ်ပါတယ်။ ဘဝမှာ အလှည့်အပြောင်းတစ်ခုက ဖောက်ထုတ်လိုက်တဲ့ ဇာတ်အနိမ့်အမြင့်တွေဟာ ရှိတယ်။

အံ့အားသင့်ရတာထက် ပိုတဲ့ အငြိဇယားတွေတောင် ဖြစ်နိုင်သေးတယ်။ ဒါပေမဲ့ အဲ့ဒါတွေ ထက် အရေးကြီးတာက ငါမရှုံးသေးဘူးပဲ။

ပြီးတော့ ငါဘယ်တော့မှ အရှုံးမပေးဘူးဆိုတဲ့ ယုံကြည်ချက်ဖြစ်ပါတယ်။ ဒီပွဲမှာ မော် ရင်ညို ဘာရှုံးခဲ့လို့လဲ၊ ဘာ တစ်ခုမှ မရှုံးခဲ့ဘူးလို့ ခံစားရပါတယ်။ ကျွန်တော် အဲ့ဒီလိုရှိ ပါတယ်။

Facebook Comments Box
Facebook Comment