“ဂွါဒီယိုလာရဲ့ အစ္စတန်ဘူလ်ဇာတ်ပေါင်းခန်းကို အန်စလော့တီဆွဲချနိုင်ဦးမလား”

(ချန်ပီယံလိဂ် စိတ်ကြိုက်ရွေးချယ်မှု)

✍️ မောင်ရဲတိုက်

⚔️ မန်စီးတီး Vs ရီးရဲလ်မက်ဒရစ်
🎲 မန်စီးတီး (၁+၂၀) / (၃+၁၀)

ဒီပွဲကတော့ လက်ရှိဘောလုံးရာသီရဲ့ tempoအမြင့်ဆုံးပွဲလို့ဆိုနိုင်ပါတယ်။ ချန်ပီယံလိဂ်ဖိုင်နယ်တောင် ဒီလောက်အာရုံစိုက်ခံရမယ်မထင်ပါဘူး။ ကြောင်ကိုဘယ်သူခြူဆွဲမလဲဆိုသလို မန်စီးတီးကိုဘယ်သူဖြုတ်မလဲဆိုပြီး အားလုံးစောင့်ကြည့်ခဲ့ကြတယ်။ EPLမှာ အာဆင်နယ်ကို အဲ့လိုမျှော်ခဲ့ပေမယ့် အချိန်တန်တော့ တပည့်ကျော်အာတီတာဟာ ဆရာပက်ကို လက်မြောက်ခဲ့ရတာပဲ။ UCLမှာလည်း လိုက်ဇစ်လဲမဖြစ်ခဲ့၊ ဘိုင်ယန်လဲမရခဲ့၊ အခုတော့ ရီးရဲလ်ပေါ့။ မနှစ်ကလည်း ဒီအဆင့်မှာပဲ တွေ့ခဲ့ကြပြီး အချိန်ပို၆မိနစ်မှာ ရိုဒရီဂိုရဲ့ နှစ်မိနစ်နှစ်ဂိုး၊ အဲ့နောက် ဘန်ဇီမာရဲ့ Panenka ပင်နယ်တီနဲ့ မိုးကြီးချုပ်ခဲ့ရတဲ့ဂွါဒီယိုလာ။ ဒီနှစ်မှာရော အန်စလော့တီဟာ ကြောင်ကိုချူဆွဲပေးလေဦးမလား။ ဒါမှမဟုတ် မန်စီးတီးဟာ အစ္စတန်ဘူလ်မရောက်မချင်း ဘယ်ဘူတာမှမနားတော့ဘဲ ခုတ်မောင်းနေမယ့် ရထားတွဲကြီးလား။ ဒီပွဲနဲ့ပတ်သက်ပြီး ကျွန်တော်လေ့လာမိသမျှ အတိုအထွာလေးတွေကို စုစည်းပြီး ပွဲကြိုတစ်ခု တင်ဆက်ပေးချင်ပါတယ်။

🔵မန်စီးတီး
မန်စီးတီးရဲ့ လက်ရှိFormationက ထူးပေမယ့်မဆန်းပါဘူး။ ဂွါဒီယိုလာဟာ ရာစုနှစ်နဲ့ချီနေတဲ့ ရှေးဟောင်း ၅-၄-၁ ကစားကွက်ကို သူ့ရဲ့ကိုယ်ပိုင်ဟန်နဲ့ရောစပ်ပြီး ၃-၂-၄-၁ပုံစံနဲ့ ကွင်းလယ်မှာ ၆ယောက်အထိ ဖြန့်ကျက်နေရာယူနိုင်အောင် ဖန်တီးထားတာပါ။ မျက်စိထဲမြင်အောင်ပြောရရင် Wနဲ့ Mကို အထက်အောက်ရေးထားတဲ့ပုံစံအတိုင်း ဖြန့်ကျက်ထားတာပါ။ ပြိုင်ဘက်အသင်းရဲ့ ကစားအားကိုကြည့်ပြီး ဒီဘရိုင်း၊ ဂန်ဒိုဂန်၊ ဟာလန်းတို့က နေရာလွတ်ကိုအကျဉ်းအကျယ်ညှိယူကြပါတယ်။ ဒါကြောင့် ပကျော့မှာ ပွဲချိန်ကြာလာတာနဲ့အမျှ ဟာလန်းကလှုပ်မရတော့ပေမယ့် ဒီဘရိုင်းကတော့ နေရာလွတ်တွေပိုရလာတာကို မြင်ရတာပါ။ ပြီးခဲ့တဲ့အဲဗာတန်နဲ့ပွဲမှာ ဒီဘရိုင်းကို အနား‌ပေးထားပုံအရ ဒီညမှာလည်း ဟာလန်းကို ငါးစာအဖြစ်ချပေးပြီး ဒီဘရိုင်းနဲ့တစ်ကွက်ပြစရာတွေကျန်နေသေးပုံပါပဲ။ ထိုပွဲမှာ တစ်ယောက်မှလူစားမလဲဘဲ ဒီအတိုင်းမျှောကစားသွားပုံအရ ဂွါဒီယိုလာမှာ ဝှက်ဖဲတွေကျန်နေဦးမယ်လို့ ယူဆရပါတယ်။

⚪ ရီးရဲလ်မက်ဒရစ်
ပကျော့မှာ ရူဒီဂါရဲ့ ဟာလန်းအပေါ် markingယူနိုင်စွမ်းကို အားလုံးသဘောကျခဲ့မှာပါ။ ဂိုးသွင်းစက်ကြီး ဟာလန်းတစ်ယောက် ရူဒီဂါရဲ့ အိတ်ကပ်ထဲမှာ ငြိမ်ငြိမ်လေးနေခဲ့ရတာကို မြင်ရမှာပါ။ ထိုပွဲမှာ အန်စလော့တီဟာ စီးတီးရဲ့ build upကစားကွက်ကို ကွင်းလယ်မှာပဲ ပိတ်ချနိုင်ခဲ့ပါတယ်။ ဒီလိုလုပ်နိုင်ဖို့ ကစားသမားတွေရဲ့ လုပ်အားကိုနှစ်ဆလိုတာမို့ တိုနီခရူးစ်၊ မိုဒရစ်၊ ဗီနီးရှက်တို့ အစွမ်းကုန်ပေးဆပ်ခဲ့တာတွေ့ရမှာပါ။ ဒါကြောင့်လည်း အရွယ်ရလာတဲ့ ခရူးစ်နဲ့ မိုဒရစ်ကို ပွဲမပြီးခင် အနားပေးလိုက်ရပြီး ဂီတာဖေးနဲ့ပွဲမှာလည်း ထည့်မသုံးခဲ့တာတွေ့ရမှာပါ။ ဒါကြောင့် ရီးရဲလ်ရဲ့ ဒီညတုံ့ပြန်မယ့်ပုံစံက ပကျော့ကအတိုင်းပဲ ပြန်ဖြစ်လာဖို့များပါတယ်။ ဘယ်သူတွေပါမယ်၊ ဘာတွေလုပ်မယ်ဆိုတာ သိခွင့်ရနေတဲ့အနေအထားက ဂွါဒီယိုလာလို နည်းစနစ်ဘုရင်ကို လှည့်စားဖို့လုံလောက်ပါ့မလားဆိုတာတော့ စိတ်ဝင်စားမိပါတယ်။

🎲 ဈေးကွက်ဖွင့်လှစ်မှု
အထက်မှာပြောခဲ့သလို မန်စီးတီးကို ဖြုတ်ချနိုင်ဖို့ အနီးစပ်ဆုံးဖြစ်နိုင်ချေရှိနေတာက ရီးရဲလ်ပါ။ ဒါကိုတောင် ရီးရဲလ်မက်ဒရစ်အပေါ် မန်စီးတီးပေးတဲ့ကြေးက တစ်လုံးသရေနီးပါးဖြစ်နေတာမို့ အံ့အားသင့်မိပါတယ်။ global power rankingမှာ မန်စီးတီးက အဆင့်(၁)ဖြစ်ပြီး ရီးရဲလ်က အဆင့်(၃)မှာရှိပါတယ်။ ဒီလိုအသင်းနဲ့တောင် တစ်လုံး၂၀စားနဲ့ဖြစ်နေတဲ့ မန်စီးတီးရဲ့ ပြင်းရှမှုကတော့ ကြမ်းလွန်းပါတယ်။ ဒီညမှာ စူပါကွန်ပျူတာရဲ့တွက်ချက်မှုအရ မန်စီးတီးရဲ့ အနိုင်ရနိုင်ချေက မူလ ၅၂%ကနေ အခု ၅၉%အထိ ထပ်မြင့်လာတာလည်းတွေ့ရပါတယ်။ ဂိုးပေါင်းကြေးကလည်း (၃+၁၀)မှာရှိနေပြီး BTTSရဲ့ yesမှာ ၁.၆ဆသာ ရှိတာမို့ ဒီညဟာ ဂိုးသံတွေတိတ်ဆိတ်နေမယ့် ညမျိုးတော့ မဖြစ်နိုင်ဘူးလို့ ညွှန်းဆိုနေပါတယ်။

✅ ရွေးချယ်မှု
ဒီပွဲဟာ သိပ်ကို ခမ်းနားတဲ့ပွဲတစ်ပွဲဖြစ်သလို နှစ်ဖက်စလုံးမှာလည်း အမှားလေးတစ်ခု၊ ထိချက်လေးတစ်ခုလောက် လွဲသွားတာနဲ့ စက္ကန့်ပိုင်းအတွင်း အဖြေပြောင်းလဲနိုင်တဲ့ ကစားသမားတွေရှိကြောင်းကို အကြိမ်ကြိမ်မြင်ခဲ့ရပြီးပါပြီ။ ဒီလိုပွဲမျိုးမှာ တစ်စုံတစ်ခုကို အပိုင်သိနေသလို လေလုံးထွားနေလို့ မသင့်ပါဘူး။ ဒါကြောင့် ကျွန်တော့်ရဲ့ ဦးနှောက်ကို လာထိခတ်နေတဲ့အတိုင်း ရိုးသားစွာတင်ဆက်ရရင် ဒီတစ်ကြိမ်မှာတော့ မန်စီးတီးကပဲ အပြန်အလှန်သွင်းဂိုးတွေကို ဖြတ်ကျော်ရင်းနဲ့ နောက်တစ်ဆင့်ကို တက်သွားမယ်လို့ သုံးသပ်မိပါတယ်။ မန်စီးတီး နဲ့ ဂိုးပေါ်ကို တွဲဖက်ကြည့်ချင်ပါတယ်။

🎯 မန်စီးတီး
🎯 ဂိုးပေါ်

⚽ ခန့်မှန်းရလဒ် = (၃-၁)

အားလုံးအောင်ပွဲဆင်နိုင်ကြပါစေ။

soccer88

Facebook Comments Box
Facebook Comment