ဂျော်ဂျင်ညိုကြောင့် အောင်မြင်မယ်

ဇန်နဝါရီအပြောင်းအရွှေ့ နောက်ဆုံးရက်တွင် ချဲလ်ဆီးမှခေါ်ယူလိုက်သော ကွင်းလယ်လူဂျော်ဂျင်ညိုသည် အောင်မြင်မှုများ ရယူရေးအတွက် တထောင့်တနေရာမှ ပါဝင်ကူညီပေးမည်ဟု အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက ပြောသည်။

၃၁ နှစ်အရွယ် အီတလီသားသည် ချဲလ်ဆီးနှင့် ယခုရာသီအကုန်တွင် စာချုပ်ပြည့်မည်ဖြစ်ပြီး သက်တမ်းတိုးဆွေးနွေးမှုက အဆင်မပြေခဲ့ပေ။

ထို့ကြောင့် အာတီတာက အတွေ့အကြုံရင့်ကျက်သော ၎င်းကို ပေါင် ၁၂ သန်းဖြင့် ခေါ်ယူလိုက်ခြင်းဖြစ်သည်။

အာဆင်နယ်သည် ဂျော်ဂျင်ညိုကို တနှစ်ခွဲစာချုပ်လိုက်ခြင်းဖြစ်ပြီး စာချုပ်ပြည့်ပါက နောက်တနှစ် ထပ်မံသက်တမ်းတိုးခွင့်လည်း ရှိနေသည်။

“ဂျော်ဂျင်ညိုက ဦးနှောက်ကောင်းတယ်၊ ခေါင်းဆောင်နိုင်စွမ်းလည်း ရှိတယ်။ ပရီးမီးယားလိဂ်နဲ့ နိုင်ငံတကာအတွေ့အကြုံလည်း အများကြီးရှိတယ်။

သူ့ရဲ့ ကစားသမားဘဝမှာ အောင်ပွဲတွေအများကြီးရခဲ့တယ်။ ဒါပေမဲ့ သူဟာ အာဆင်နယ်ကို ကူညီဖို့ ဒီကိုရောက်လာတာဖြစ်ပြီး အောင်မြင်မှုတွေ ဆာလောင်နေဆဲပါပဲ” ဟု အာတီတာက ဆိုသည်။

Ref:arsenal

Facebook Comments Box
Facebook Comment