ဂျူဗီအတွက် ပွဲထွက်ခွင့်ကို စီရော်နယ်ဒိုသာ ဆုံးဖြတ်ဟု ပီယာလို ဖွင့်ဟ

ဂျူဗင်တပ်စ်နည်းပြ ပီယာလိုက တိုက်စစ်မှူးစီရော်နယ်ဒိုကို တစ်ခါတရံ အနားပေးချင်သော်လည်း ကာယကံရှင်က အသင်းအတွက် ကစားပေးရသည်ကို နှစ်သက်သောကြောင့် ပွဲကစားခွင့်အတွက် ကိုယ်တိုင်ဆုံးဖြတ်ခိုင်းထားသည်ဟု ပြောသည်။

အသက် ၃၅ နှစ်အရွယ် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ၅ ဆုရှင် စီရော်နယ်ဒိုသည် ယမန်နေ့ညက ဆမ်ဒိုးရီးယားကို ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့် စီးရီးအေအဖွင့်ပွဲတွင် ပါဝင်ကစားပြီး ၈၈ မိနစ်အရောက် ဂျူဗင်တပ်စ်အတွက် တတိယဂိုး သွင်းယူပေးခဲ့သည်။

မည်သည့်ပွဲမဆို အားကြိုးမာန်တက်ကစားကာ ဂိုးသွင်းချင်စိတ်အပြည့်ရှိသော စီရော်နယ်ဒိုသည် ဆမ်ဒိုးရီးယားနှင့်ပွဲ အစောပိုင်းတွင် ဂိုးဘားတန်းတစ်ကြိမ် ထိခဲ့သလို အခြား ဂိုးကန်သွင်းခွင့် ၉ ကြိမ်ခန့်မှာလည်း ဂိုးကံခေခဲ့သည်။

သို့သော်လည်း ပွဲပြီးရန် ၂ မိနစ်အလိုတွင် ရမ်ဆေး၏ ဖန်တီးပေးမှုမှတစ်ဆင့် ဂိုးဧရိယာထဲမှ ညာခြေဖြင့် ထောင့်ဖြတ်ကန်ကာ ရာသီအဖွင့်ဂိုး သွင်းယူနိုင်ခဲ့သည်။

စီရော်နယ်ဒိုသည် နေးရှင်းလိဂ်ပွဲစဉ်ကစားအပြီး ခြေချောင်းဒဏ်ရာ ရရှိထားသောကြောင့် ပီယာလိုက ၎င်း၏ကြံ့ခိုင်မှုကို စိုးရိမ်ကာ ဆမ်ဒိုးရီးယားနှင့်ပွဲတွင် အနားပေးရန် စီစဉ်ထားခဲ့သည်။

သို့သော်လည်း ကာယကံရှင်က စီးရီးအေ အဖွင့်ပွဲစဉ်အား ပါဝင်ကစားလို၍ ကြံ့ခိုင်မှု အပြည့်ရ၊ မရ မသေချာသည့် အနေအထားမှာပင် ပွဲထွက်လူစာရင်းမှ ပါဝင်ခွင့် ပေးခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ အတူတူဆွေးနွေးကြတယ်။ ရာသီက အစပဲရှိသေးလို့ အဲဒီအချိန်မှာ သူ့ပုံစံက ပင် ပန်းနွမ်းနယ်ပုံ မရှိပါဘူး။ ဒါပေမဲ့ အရေးကြီးပွဲတွေ နည်းနေသေးလို့ သူ့ကို အနားပေးဖို့ ကြိုးစားခြ့တယ်။ သူက အရမ်းတော်တယ်။ သူ့ခန္ဓာကိုယ်က အနားယူရမလား၊ ဆက်သွားရမလားဆိုတာ သိတယ်။ ပွဲကစားခွင့် ရ၊ မရဆိုတာ သူ့အပေါ်မှာပဲ မူတည်ပါတယ်” ဟု ပီယာလိုက ပြောသည်။

Ref:AS

Facebook Comments Box
Facebook Comment