
ဂျူဗင်တပ်ကို အပိုင် ရွေးချယ်ရမယ့် စနေနေ့ည စီးရီးအေပွဲ (၈)
နိုင်ငံတကာပွဲစဉ်များအပြီး ကလပ်အသင်းပွဲစဉ်များ ပြန်လည်ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ နိုင်ပွဲကြောင့် ကစားသမားတွေ ပွဲပန်း၊ ခရီးပန်းဖြစ်နေမှာ သေချာနေပါတယ်။ ဒါ့အပြင် နိုင်ငံတကာပွဲကြောင့် ဒဏ်ရာရရှိတဲ့ကစားသမားတွေလည်း ရှိနေတာကြောင့် ကလပ်တွေ ယခုအပတ်မှာ အကောင်းဆုံးပုံစံ ရရှိဖို့တော့ ရုန်းကန်ရဖို့ ရှိနေပါတယ်။ အထူးသဖြင့် နိုင်ငံတကာပွဲကစားဖို့ စေလွှတ်ရမှုများပြားတဲ့ ထိပ်သီးကလပ်တွေ ရုန်းကန်လာရနိုင်ပါတယ်။
ခရိုတုန်း – လာဇီယို (ည ၈:၃၀)
လာဇီယိုမှာ ကိုဗစ်ကနေ ပြန်လည်ကောင်းမွန်လာကြပြီ ဖြစ်တဲ့ စီရိုအမ်မိုဘိုင်း၊ လူးကပ်စ်လီဗိုင်း၊ သောမတ်စ်စထရာကိုရှာတို့ ပြန်လည် ပါဝင်လာကြတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာပွဲစဉ်သွားကစားစဉ် ကိုဗစ်ကူးစက်ခြင်းခံခဲ့ရတဲ့ အဓိက ကွင်းလယ်ကစားသမားမီလန်ကိုဗစ်ဆာဗစ် ခရိုတုန်းနှင့်ပွဲကို လွဲချော်ပါမယ်။
ခရိုတုန်းမှာပွဲပယ်ခံထားရတဲ့ လူပါတို၊ ကိုဗစ်ကူးစက်ခံနေရတဲ့မီလီနာတို့ လာဇီယိုနှင့်ပွဲကို လွဲချော်ပါမယ်။

ခရိုတုန်းဟာနောက်ပိုင်းမှာ ကစားပုံကောင်းလာတယ်ဆိုပေမယ့် ခံစစ်ပိုင်းကတော့ ယိုယွင်းနေတုန်း ဖြစ်ပါတယ်။ ဒါ့အပြင် ခရိုတုန်းဟာ ယခုရာသီမှာ စီးရီးအေမှာ တစ်ပွဲမျှ အနိုင်မရသေးပါဘူး။ ဒါကြောင့် ယခုပွဲစဉ်မှာ ခရိုတုန်းဟာ လာဇီယိုကို အနိုင်ရရှိရေး အထူး အားစိုက် ကစားလာဖို့ ရှိနေပါတယ်။ လာဇီယိုကလည်း ခြေစွမ်းတည်တည်ငြိမ်ငြိမ်ဖြစ်ဖို့ ရုန်းကန်ရတယ်ဆိုပေမယ့် ပွဲတိုင်းနီးပါး ဂိုးရအောင် သွင်းနိုင်တဲ့အသင်း(ယခုနှစ်မှာတစ်ပွဲ တည်းသာဂိုးမသွင်းထားနိုင်) ဖြစ်ပါတယ်။ ယခုပွဲမှာ အမ်မိုဘိုင်းလည်း ပါဝင်လာမှာ ဖြစ်လို့ တိုက်စစ်ပိုင်း ပိုကောင်းလာပါမယ်။
ယခုပွဲကို လာဇီယိုက ၁ လုံး ၄၅ အနိုင်ဖွင့်လှစ်ထားပါတယ်။ ဂိုးပေါင်းက ၃ လုံး သရေဖွင့်လှစ်ထားပါတယ်။ ခြေစွမ်းပိုင်း အတက်ပြနေတဲ့ ခရိုတုန်းနှင့် ဂိုးပေါ်ကို သတိ္တရှိရှိ ရွေးချယ်ချင်ပါတယ်။
စပီဇီယာ – အတ္တလန္တာ (ည ၁၁:၃၀)
အတ္တလန္တာဟာ နိုင်ငံတကာပွဲကစားပြီးတိုင်း ရုန်းကန်ရလေ့ရှိတဲ့အသင်း ဖြစ်ပါတယ်။ စပီဇီယာက တိုက်စစ်ကစားဟန်ကောင်းမွန်သလို ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းပါ တိုးတက်နေတဲ့အသင်းဖြစ်ပါတယ်။
အတ္တလန္တာက စီးရီးအေမှာ နိုင်ငံတကာပွဲသို့ ကစားသမားစေလွှတ်ရမှုအများဆုံးအသင်း ဖြစ်ပါတယ်။ ယူကရိန်းလက်ရွေးစင်မီလီနော့စကီး ကိုဗစ်ကူးစက်ခံထားရသလို ဒဏ်ရာပြဿနာကြောင့် ခံစစ်အတွက် ကစားသမားရွေးချယ်ဖို့ အကန့်အသတ်ဖြစ်နေပါတယ်။

စပီဇီယာဟာ နိုင်ငံတကာပွဲမတိုင်မီတုန်းက ဘီနီဗန်တိုကို အဝေးကွင်းမှာ ၃-၀ ဂိုးဖြင့် အနိုင်ရရှိကာ ပထမဆုံး စီးရီးအေနိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။ စပီဇီယာနည်းပြအီတာလီယာနိုက တိုက်စစ်အသားပေးကစားပြီး ဖျော်ဖြေမှုအသားပေးကစားပါတယ်။ အတ္တလန္တာနည်းပြဂက်စ်ပါရီနီကလည်း တိုက်စစ်အသားပေးကစားကာ ပွဲကို ချဉ်းကပ်ရာမှာ တော်တဲ့နည်းပြ ဖြစ်ပါတယ်။ ဒီပွဲက ကြည့်ကောင်းတဲ့ပွဲတစ်ပွဲ ဖြစ်လာဖို့ သေချာနေပါတယ်။
အတ္တလန္တာဟာ အဝေးကွင်းဖြစ်ပေမယ့် ၁ လုံး ၅၅ ရာခိုင်နှုန်းရှုံးနိမ့်မှာဖြစ်ပြီး ဂိုးပေါင်း သုံးလုံး ၈၅ ရာခိုင်နှုန်းအရှုံးဖွင့်လှစ်ထားပါတယ်။
လူအင်အားအရ အတ္တလန္တာ အနိုင်ရဖို့ များတယ်ဆိုပေမယ့် သုံးပွဲဆက်ရှုံးနိမ့်ထားပြီး ကြွေကျနေတာကြောင့် ငြင်းပယ်ပါမယ်။ အတ္တလန္တာနိုင်ရင်တောင် ဂိုးပြတ်နိုင်ဖို့ အနေအထားမှာ မရှိတာကြောင့် စပီဇီယာနဲ့ ဂိုးအောက်ကို ရွေးချယ်ပါမယ်။
ဂျူဗင်တပ် – ကက်ဂလီယာရီ (နံနက် ၂:၁၅)
ဂျူဗင်တပ်ဟာ အဓိကခံစစ်မှူးများဖြစ်တဲ့ ချီရယ်လီနီနှင့် ဘိုနုချီတို့ကို ဒဏ်ရာပြဿနာကြောင့် ဆုံးရှုံးထားရပါတယ်။ ဒါပေမယ့် ကံကောင်းတာကတော့ မားသီးယပ်စ်ဒီလက် ပြန်လည်ပါဝင်လာပါမယ်။ အာရွမ်ရမ်ဆေးနဲ့ ချီယေးဆာတို့ ကြံ့ခိုင်မှု မပြည့်ဝသေးပါဘူး။ ဒီလက်ဟာ ဩဂုတ်လတုန်းကတည်းက ပုခုံးဒဏ်ရာကြောင့် အနားယူရပြီးတဲ့ ပထမဆုံးပွဲအဖြစ် ပါဝင်ကစားပါမယ်။ ဒါ့အပြင် ဆန်ဒရိုလည်း ပြန်ကစားဖို့ အသင့် ဖြစ်နေပြီ ဖြစ်ပါတယ်။

ကက်ဂလီယာရီက ဒီဖရန်ဆစ္စကိုလက်အောက်မှာ တော်တော်လေး အားရစရာကောင်းနေပါတယ်။ ကက်ဂလီယာရီရဲ့ ဂျိုအာအိုပီဒရို၊ ချိုလီတိုဆီမြွန်နီ၊ နာဟီသာနန်ဒက်ဇ်နဲ့ အဒမ်အူနပ်စ်တို့ရဲ့ လေးယောက်တိုက်စစ်အတွဲက တော်တော်လေး ကောင်းနေပါတယ်။
ဂျူဗင်တပ်ဟာ ရော်နယ်ဒို၊ မိုရာတာတို့ကြောင့် ဂိုးရမှာ မပူရပေမယ့် ပွဲတွေမှာ အနိုင်ရလို စိတ်ပျောက်နေတတ်တာ တွေ့ရပါတယ်။ တစ်ချို့ပွဲတွေမှဆို ပထမပိုင်းမှာတင် ပွဲကို ဂိုးပြတ် အနေအထားသို့အထိ ရောက်အောင် တင်ကစားလို့ ရပေမယ့် ပေါ့ပေါ့ပါးပါး ကစားနေတတ်တာမျိုး ဖြစ်နေပါတယ်။ ပြိုင်ဘက်က ဂိုးသွင်းလိုက်တော့မှ အိပ်ယာက လှန့်နိုးသလို အရှိန်တင်ပြီး လိုက်ကစားရတာမျိုး ဖြစ်နေတယ်။
ဒီပွဲကို ဂျူဗင်တပ်က ၂ ဂိုး ၅၀ ရာခိုင်နှုန်းအနိုင်အထိ ကြေးပေါက်ပါတယ်။ ဂိုးပေါင်းကလည်း ၃ လုံး ၆၅ ရာခိုင်နှုန်းအရှုံးထိ ပေါက်ပါတယ်။ အခုအချိန်မှာ မိုရာတာကလည်း ဂိုးမြူးနေတာကြောင့် ဂျူဗင်တပ်ကိုဘဲ ရွေးချယ်ရပါမယ်။