
ဂျိမ်းစ်ရိုဒရီဂွက်ဇ်၏ဥပြဿနာ အမြန်ဆုံး ပြန်ကောင်းလာရန် ဆုတောင်းပေးလိုက်သည့် Porn စတား Kendra Lust
Porn စတား Kendra Lust သည် ဝှေးစေ့ဒဏ်ရာပြဿနာကြုံနေရသည့် အဲဗာတန်စတားဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ဒဏ်ရာမှ အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေရေး ဆုတောင်းပေးသွားသည်။
ရီးရဲလ်မက်ဒရစ်ကွင်းလယ်ဖန်တီးရှင်ဟောင်းသည် ပြီးခဲ့သည့်အပတ် တနင်္ဂနွေနေ့တုန်းက ဆောက်သမ်တန်ကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ကာ ပထမဆုံး ပရီးမီးယားလိဂ်ရှုံးပွဲကြုံရသည့်ပွဲကို ဝှေးစေ့နာကျင်မှု ပြဿနာရှိနေသည့်ကြားမှာ ကစားသွားခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် လူကြီးကြိုက်ရုပ်ရှင်ဇာတ်ကားမင်းသမီးက “Ouch. Hope you’re OK”ဟု တွစ်တာတွင် ရေးသားကာ ဆုမွန်ကောင်း တောင်းပေးခဲ့သည်။

နွေရာသီတွင် အဲဗာတန်သို့ ရောက်လာခဲ့သည့် အသက် ၂၉ နှစ်ရှိ ကိုလံဘီယာစတားသည် လာမည့် တနင်္ဂနွေနေ့၌ နယူးကာဆယ်နှင့်ကစားရမည့်ပွဲတွင် ပါဝင်လာနိုင်ဖွယ် ရှိနေသည်။ သူသည် အဲဗာတန်အား ပရီးမီးယားလိဂ် ၆ ပွဲတွင် ၁၃ မှတ် ရရှိအောင် ၃ ဂိုးသွင်းယူကာ ကူညီထားသူ ဖြစ်သည်။