“ဂျာမန်ဘီလူးကြီးရဲ့ ချန်ပီယံပြေးလမ်းပေါ်က နောက်ဆုံးအဟန့်အတား”

(စနေည စိတ်ကြိုက်ရွေးချယ်မှု)

✍️ မောင်ရဲတိုက်

Soccer 88ကို စောင့်ကြည့်အားပေးနေကြတဲ့ ဘောလုံးချစ်သူ မိတ်ဆွေအားလုံး မင်္ဂလာပါ။ ကျွန်တော်ကတော့ ပွဲကြိုခန့်မှန်းသူ မောင်ရဲတိုက်ဖြစ်ပါတယ်။ ဒီညမှာ ကစားကြမယ့် ဥရောပလိဂ်ပွဲတွေထဲက ကျွန်တော့်ရဲ့စိတ်ကြိုက်ဖြစ်မိတဲ့ ပွဲတစ်ချို့ကို ထုတ်နှုတ်တင်ဆက်ချင်ပါတယ်။ ကျွန်တော့်ရဲ့ ရွေးချယ်မှုတွေဟာ မိတ်ဆွေတို့ရဲ့ အကြိုက်၊အမြင်နဲ့ ထပ်တူကျနေမလားဆိုတာ စောင့်ကြည့်ပေးကြပါဦး။

🎯 ဦးစားပေး (၁)

⚔️ ဘိုင်ယန်မြူးနစ် Vs လိုက်ဇစ်
🎲 ဘိုင်ယန်မြူးနစ် (၁-၅၀) / (၃-၉၀)

🔴ဘိုင်ယန်မြူးနစ်
ဘွန်ဒက်လီဂါမှာ ဆယ်နှစ်ကြာချန်ပီယံဆက်ဖြစ်နေတဲ့ ဘိုင်ယန်အတွက် ဒီညပွဲဟာ သရဖူကိုကာကွယ်နိုင်ဖို့ နောက်ဆုံးစိန်ခေါ်မှုလို့ ပြောနိုင်ပါတယ်။ ပွဲကန်ဖို့ နှစ်ပွဲကျန်နေသေးပေမယ့် နောက်ဆုံးပွဲက ငယ်နိုင်ဆိတ်ကလေးကိုလုံးနဲ့ ကစားရမှာမို့ ဒီညကစားရမယ့် ကျွဲရိုင်းတွေကိုသာ သေအောင်သတ်နိုင်ရင် နောက်ဆုံးပွဲက ဗိုလ်ဝင်ခံရုံပါပဲ။ ဟော့ဖန်ဟိမ်းကို သရေကျ၊ မိန့်ဇ်ကိုရှုံးခဲ့ပြီးနောက် ဘိုင်ယန်ဟာ သုံးပွဲဆက်အနိုင်နဲ့ လမ်းကိုပြန်ရှာတွေ့ခဲ့တယ်။ အဲ့သုံးပွဲမှာ ၁၀ဂိုးသွင်း၊ ၁ဂိုးပဲပြန်ပေးပြီး ပျောက်ဆုံးနေတဲ့ ချန်ပီယံစရိုက်ကို အချိန်မီပြန်ရှာတွေ့ခဲ့ပါတယ်။ သောမတ်တူချယ်ဟာ ဂနာဘီ၊ ဆာနေးတို့ဆီက ဂိုးတွေဘယ်လိုညှစ်ချရမလဲ၊ သောမတ်မူလာနဲ့ မူစီရယ်လာ၊ ကင်မစ်ခ်ျကို ဘယ်လိုတွဲစားရင် ဆေးဖက်ဝင်သလဲဆိုတာ နားလည်ခဲ့ပါပြီ။ အနည်းငယ်နောက်ကျခဲ့ပေမယ့် လမ်းမပျောက်ခင် လမ်းရောက်ခဲ့သူ ဘိုင်ယန်ဟာ သူတို့ရဲ့ ပန်းဝင်ခရီးက နောက်ဆုံး slow down လိုက်ဇစ်ကို ကျော်ဖြတ်ပြနိုင်ဖို့ ဟန်ရေးပြင်နေပါပြီ။

⚪ လိုက်ဇစ်
ကျွဲရိုင်းတွေကလည်း ဘိုင်ယန်ကို ပါရမီဖြည့်ဖို့ အလိုင်းယန့်အရီနာကို ထမင်းစားဘုရားဖူး လာကြမှာ မဟုတ်ပါဘူး။ သူတို့မှာလည်း ဂဏန်းမငြိမ်သေးတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ဇာတ်လမ်းရှိနေပါသေးတယ်။ ဒါပေမယ့် ကျွဲရိုင်းတွေဟာ လက်ကျန်နှစ်ပွဲထဲက တစ်ပွဲနိုင်ရင်ကို ချန်ပီယံလိဂ်ဝင်ခွင့်ရနေပါပြီ။ နောက်တစ်ပွဲက အိမ်ကွင်းမှာ ရှော်ကေးကို ဧည့်ခံရမှာမို့ သိပ်တော့ စိုးရိမ်စရာမရှိပါဘူး။ ဒါပေမယ့် ဖျက်မြင်းလို့ သိကြတဲ့အသင်းပီပီ ဘိုင်ယန်ဆီက ရသလောက်ခွာချကြည့်ဖို့တော့ သူတို့ကြိုးစားလာဦးမှာပါ။ ဒါပေမယ့် ကျွဲရိုင်းတွေဟာ အိမ်ကျယ်အသင်းတစ်သင်းပါ။ အဝေးကွင်းနောက်ဆုံးငါးပွဲမှာ ဟာသာဘာလင်၊ ဖရိုင်းဘတ်တို့ကို (၀-၁)တွေနဲ့ ကပ်နိုင်ခဲ့ပြီး လေဗာကူဆင်၊ ဘိုချမ်၊ ဒေါ့မွန်တို့ကို ဒူးထောက်ခဲ့ရတယ်။ ပိုဆိုးတာက အဲ့အဝေးကွင်း ၅ပွဲမှာ ၃ဂိုးသာသွင်းယူနိုင်ပြီး ၅ဂိုးပြန်ပေးထားရပါတယ်။ ပြိုင်ပွဲစုံနောက်ဆုံး၄ပွဲဆက်အနိုင်ကြောင့် လိုက်ဇစ်ကို အထင်ကြီးနေကြပေမယ့် အသေးစိတ်ထပ်ကြည့်ရင် အဝေးကွင်းခြေမမှန်တာက ထင်ရှားပါတယ်။ ဒါကြောင့် ဘိုင်ယန်ကို လိုက်ဇစ်နဲ့စားဖို့ မလွယ်ကူတဲ့ညလို့မြင်မိပါတယ်။

🎯 ရွေးချယ်မှု
မူလက ဘိုင်ယန်ဘက်ကနေ (၁=)အကျောပေးထားပြီး ဂိုးပေါင်းကို (၃-၅၀)ကနေ စတင်ထားပါတယ်။ ဒီကြေးဟာ ဒီမနက်မှာတော့ (၁-၅၀)အထိ တက်လာခဲ့ပြီး ဂိုးပေါင်းကြေးကလည်း (၃-၉၀)အထိ မြင့်လာပါတယ်။ လိုက်ဇစ်ရဲ့ ပြိုင်ပွဲစုံ၄ပွဲဆက်အနိုင်ကြောင့် ထိုးသား focusမိနေချိန်၊ ဘိုင်ယန်ကလည်း တူချယ်လက်ထက် တစ်နေ့ရွှေ တစ်နေ့ငွေဖြစ်နေချိန်မှာ ဒီကြေးဟာ မိတ်ဆွေတို့ကို ဘော်ဒီထက် ဂိုးပေါင်းကို အာရုံစိုက်မိအောင် လမ်းလွှဲလိုက်တဲ့သဘောပါပဲ။ သောကြာညက ဂိုးပေါ်စရိုက်ရှိနှစ်သင်းကန်တဲ့ ဖရိုင်းဘတ်-ဝုဖ်ဘတ်ပွဲ ဂိုးအောက်သွားလို့ ဂိုးပေါ်ပရိသတ်များ ဒီညမှာ နှစ်ပင်တစ်ပင်ပေါင်းယူမယ့်အချိန်မှာ ဒီပွဲနဲ့ ဈေးဗန်းခင်းပြနေတာဖြစ်ပါတယ်။ ရာသီသိမ်းခါနီးမှာ ကြေးတစ်ခုတည်းနဲ့ မစဉ်းစားဘဲ အသင်းတွေရဲ့ခြေစွမ်းအမှန်ကိုပါ ကြိုးစားလေ့လာကြည့်ရင် လိုက်ဇစ်ဟာ ဘိုင်ယန်ကွင်းမှာ တထောင်ထောင်လုပ်နိုင်တဲ့ အရည်အသွေးမရှိပါဘူး။ ဂိုးပေါ်ဂိုးအောက်ကတော့ ဘိုင်ယန်ရဲ့ဒေါသအပေါ်မူတည်နေတာမို့ တစ်သင်းတည်း(၄)ဂိုးသွင်းရင် ဂိုးပေါ်နိုင်ပါတယ်။ ကျွန်တော့်အမြင်ကတော့ (၃-၀)တစ်ပေါက်ကို ပိုပြီးဓာတ်ကျနေတာမို့ ဒီညအတွက် ဘိုင်ယန်နဲ့ ဂိုးအောက်ကိုပဲ ရွေးချယ်ထားသင့်ကြောင်း အကြံပြုခဲ့ချင်ပါတယ်။

✅ ဘိုင်ယန်မြူးနစ်
✅ ဂိုးအောက်

⚽ ခန့်မှန်းရလဒ် = (၃-၀)

🎯 ဦးစားပေး (၂)

⚔️ ဘာစီလိုနာ Vs ဆိုစီဒက်
🎲 ဘာစီလိုနာ (၁+၉၀) / (၂-၁၀၀)

🔴 ချန်ပီယံဖြစ်သွားပြီဖြစ်တဲ့ ဘာကာအတွက် ဘာမှမလိုတော့ပါဘူး။ နောက်ရာသီအတွက် အသင့်ဖြစ်အောင် အရန်တွေကို ပွဲကြီးကန်ခိုင်းဖို့၊ အိမ်ရှင်ပရိသတ်ကို ဖျော်ဖြေမှုပေးဖို့တို့ပဲ ကျန်ပါတော့တယ်။ ဒါ့အပြင် အဓိကကစားသမားတွေ မလိုအပ်တဲ့ဒဏ်ရာတွေ မရလေအောင် လူစုံထုတ်ရင်တောင် ပွဲကိုထိန်းကစားဖို့ပဲ လုပ်နိုင်ပါတယ်။ နဂိုထဲက ပက်ဒရီ၊ဂါဗီကို အားပြုပြီးလည်ပတ်နေရတဲ့ ဘာကာကစားဟန်မှာ ဒီည ပက်ဒရီကဒဏ်ရာရ၊ ဂါဗယ်ကပွဲပယ်မိနေတာမို့ ပုံစံအစစ်ကိုမြင်ရဖို့ခက်ပါတယ်။ ဒါပေမယ့် ချန်ပီယံရဲ့သိက္ခာကို အိမ်ကွင်းနူးကမ့်မှာတော့ အထိအပွန်းခံလို့ ဘယ်ဖြစ်ပါ့မလဲ။ အစဉ်အလာအရလည်း ဘာကာဟာ ဆိုစီဒက်ကို တရေးနိုးထကန်တောင် နိုင်နေတာ တွေ့ရမှာပါ။ ပကျော့မှာလည်း ဆိုစီဒက်ကွင်းအထိ သွားပြီး ဝမ်းဖိုးနဲ့ အရမ်းဆိုးပြခဲ့ပါတယ်။ ဒါကြောင့် ဟိုနေ့က အက်စ်ပန်ညိုကွင်းမှာမကဲလိုက်ရတဲ့ အောင်ပွဲခံမှုကို ဒီညမှာ အနိုင်ယူရင်းအောင်ပွဲခံပြဦးမလား စောင့်ကြည့်ရပါဦးမယ်။

🔵 ဆိုစီဒက်
ဆိုစီဒက်က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆင့်(၅)က အသင်းကို ၅မှတ်ဖြတ်ထားတာမို့ သိပ်တော့ ဖိအားမရှိလှပါဘူး။ ဒါပေမယ့် နောက်ပွဲတွေကို မျှော်ကြည့်လိုက်ရင် အယ်မာရီယား (အိမ်) ၊ အေတီကို ဆီးဗီးလား(အဝေး)ဆိုပြီး ကစားရဦးမှာမို့ ဒီ၅မှတ်ဟာ စိတ်ချရတဲ့အနေအထားမဟုတ်ပါဘူး။ နောက်ကလိုက်နေတဲ့ ဗီလာရီးရဲလ်က ပွဲချောင်တွေပဲ ကစားဖို့ကျန်တာမို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အားထုတ်ဖို့လိုနေပါသေးတယ်။ ဒီလိုမိုးထဲလေထဲရောက်မှ သူတို့ရဲ့ အဝေးကွင်းခြေက အားရစရာမရှိပါဘူး။ နောက်ဆုံးအဝေးကွင်း၅ပွဲမှာ အိုဆာဆူနာနဲ့ တစ်ပွဲသာနိုင်ခဲ့ပြီး၊ နှစ်ပွဲသရေ နှစ်ပွဲရှုံးထားပါတယ်။ ဒါ့အပြင် ထိုပွဲတွေထဲက သုံးပွဲက ဂိုးမရခဲ့သလို နှစ်ပွဲလည်း ပေးဂိုးမရှိကစားထားပြန်ပါသေးတယ်။ ဒါကြောင့် အဝေးကွင်းရလဒ်မငြိမ်တဲ့ ဆိုစီဒက်တို့ နူးကမ့်မှာ တစ်ခုခုလုပ်ပြနိုင်မလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။

🎯 ရွေးချယ်မှု
ဘာကာကနေ မူလက (၁+၂၀)နဲ့ အကျောပေးခဲ့ပေမယ့် ဒီနေ့မှာတော့ (၁+၉၀)အထိ ကျသွားပါတယ်။ ဘာစီလိုနာမှာ ဂါဗီပွဲပယ်မိတာက အကြောင်းပြချက်ဖြစ်ပြီး ဒါဟာ ‌ဒီလောက်အထိ ဖြစ်သွားစေခဲ့ပါတယ်။ ဒါပေမယ့် ဂိုးပေါင်းကြေးက (၂-၁၀၀)မှာ ရှိနေဆဲပါ။ ‌ဘော်ဒီကြေးကျလာပြီး ဂိုးပေါင်းဈေးတင်းခံနေပုံအရတော့ ဧည့်သည်အသင်းဆီက တစ်ဂိုးကို မျှော်နေပုံပါပဲ။ ဒါပေမယ့် ပအကျော့မှာ နှစ်ဖက်ပေါင်း၅ဂိုးအထိ ဖြစ်တည်ထားတဲ့နှစ်သင်းဆီက နောက်ထပ်ဂိုးပေါ်တစ်ပွဲကို မျှော်ဖို့ခဲယဉ်းပါတယ်။ ချန်ပီယံဖြစ်ပြီမို့ အပျော်ကန်တော့မယ့် ဘာစီလိုနာကို ဆိုစီဒက်အသင်း အနိမ့်ဆုံး သရေခတ်သွားမယ်လို့ မျှော်လင့်မိပါတယ်။ ဒါကြောင့် ဆိုစီဒက်နဲ့ ဂိုးအောက်ကို တွဲဖက်ကြည့်ရင် အဆင်ပြေသွားနိုင်ကြောင်း အကြံပြုလိုက်ရပါတယ်။

✅ ဆိုစီဒက်
✅ ဂိုးအောက်

⚽ ခန့်မှန်းရလဒ် = (၁-၁)

ဒီညအတွက် ကျွန်တော့်ရဲ့ ရွေးချယ်မှုများကတော့ ဒီလိုရှိပါတယ်။

🎯 ဘိုင်ယန်မြူးနစ် + ဂိုးအောက်

🎯 ဆိုစီဒက် + ဂိုးအောက်

ဒီရွေးချယ်မှုလေးတွေဟာ မိတ်ဆွေတို့အကြိုက်နဲ့ ထပ်တူကျလို့ အတူတူအောင်ပွဲဆင်နိုင်မယ်လို့ မျှော်လင့်ရင်း နှုတ်ဆက်ခဲ့ပါတယ်။ မနက်ဖြန်မှာ ကစားမယ့် စူပါဆန်းဒေး ပွဲစဉ်တွေနဲ့အတူ ကျွန်တော်ပြန်လာခဲ့ပါဦးမယ်။

အားလုံး အောင်ပွဲဆင်နိုင်ကြပါစေ။

Facebook Comments Box
Facebook Comment