ဂျာမနီနှင့် ပွဲတွင် ရီးရဲလ်မက်ဒရစ်နောက်ခံလူဆာဂျီယိုရာမို့စ် ဒဏ်ရာရရှိ

အင်္ဂါနေ့က ဂျာမနီကို စပိန်က ၆-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်မှာ စပိန်အသင်းခေါင်းဆောင်ဆာဂျီယိုရာမို့စ် ဒဏ်ရာရရှိသွားမှုကြောင့် ရီးရဲလ်မက်ဒရစ်အတွက် စိုးရိမ်စရာအနေအထားနှင့် ကြုံတွေ့နေရသည်။ ဆာဂျီယိုရာမို့စ်သည် ပထမပိုင်းမပြီးခင် ပေါင်ကြွက်သားဒဏ်ရာရရှိခဲ့ကာ လူစားလဲခဲ့ရသည်။

ရာမို့စ် ဒဏ်ရာရရှိနေချိန်တွင် စပိန်က ၃-၀ ဂိုးဖြင့် ဦးဆောင်နေပြီးဖြစ်သည်။ စပိန်အသင်းအတွက် အနိုင်ဂိုးများကို ဖာရန်တောရက်စ်က ဟက်ထရစ်နှင့် မိုရာတာ၊ ဖာရန်တောရက်စ်၊ ရိုဒရီတို့က သွင်းယူခဲ့ကြသည်။

ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် စပိန်နည်းပြလူးဝစ်အန်းနရစ်က ရာမို့စ်၏ ဒဏ်ရာမှာ ပြင်းထန်မှု မရှိကြောင်း ဆိုသွားသည်။

လူးဝစ်အန်းနရစ်က “သူ့ဒဏ်ရာအခြေအနေ ဆိုးရွားတယ်လို့ ကျွန်တော်တို့ မယုံပါဘူး။ ဒါပေမယ့် သူ ဒဏ်ရာရရှိသွားမှုက လူတိုင်းအတွက် စိတ်မသက်မသာဖြစ်စေပါတယ်။ ကလပ်တွေအတွက် စိတ်မကောင်း ဖြစ်ရတယ်။ ဒါပေမယ့် ဒါတွေ ဖြစ်ပျက်နေကြအရာတွေပါ”ဟု ပြောကြားသွားခဲ့သည်။

ရီးရဲလ်မက်ဒရစ်နည်းပြဇီဒန်းက ရာမို့စ်ကို လူစားလဲမှုမှာ ဒဏ်ရာမရရှိအောင် ကြိုတင်ကာကွယ်မှုပြုလုပ်မှုဖြစ်လာရန် မျှော်လင့်နေသည်။

ရီးရဲလ်မက်ဒရစ်သည် လာမည့် စနေနေ့တွင် ဒုတိယနေရာမှ ဗီလာရီးရဲလ်နှင့် ရင်ဆိုင်ကစားရ မည်ဖြစ်ပြီး ယင်းပွဲအနိုင်ရရှိပါက ထိပ်ဆုံးမှ ဆိုစီဒက်နှင့် တစ်မှတ်အကွာသို့ ရောက်ရှိလာနိုင်မည် ဖြစ်သည်။ ယင်းပွဲအပြီးတွင် ရီးရဲလ်မက်ဒရစ်သည် အလာဗက်စ်၊ ဆီဗီလာတို့နှင့် လာလီဂါပွဲ ကစားရမည့်အပြင် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်များလည်း ကစားရန် ရှိနေသည်။

Facebook Comments Box
Facebook Comment