ဂျာမနီနှင့် ပွဲစဉ်မှ အမှားအတွက် အသက်အန္တရာယ်ခြိမ်းခြောက်မှု ကြုံနေရသည့် ဇင်ချန်ကိုနှင့် မိသားစုဝင်များ

မန်စီးတီးနောက်ခံလူအိုလက်ခ်ဇန်းဇင်ချန်ကိုက ဂျာမနီကို ယူကရိန်းက ရှုံးနိမ့်သည့်ပွဲစဉ်မှ အမှားကြောင့် ၎င်းနှင့် မိသားစုဝင်များကို အသက်အန္တရာယ်ခြိမ်းခြောက်ခြင်း ခံနေရကြောင်း ပြောကြားလာသည်။

အင်ဒရေရှက်ဗ်ချင်ကို၏ ယူကရိန်းသည် စနေနေ့တုန်းက ဂျာမနီကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်မှုကြောင့် ယူအီးအက်ဖ်အေနေးရှင်းလိဂ်မှ တန်းမဆင်းရရေး အပြင်းအထန်ရုန်းကန်ရတော့မည်ဖြစ်သည်။

ယူကရိန်းသည် ယာမိုလန်ကို၏ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဇင်ချင်ကို၏အမှားမှ တဆင့် လီရွိုင်းဆာနေးက ချေပဂိုးသွင်းယူခဲ့သည်။ ဇင်ချန်ကိုသည် ဂိုရက်ဇ်ကာ၏ ဘောလုံးလုယူခြင်း ခံခဲ့ရခြင်းလည်း ဖြစ်သည်။ ယင်းနောက် ချဲလ်ဆီးတိုက်စစ်မှူးဝါနာက ဂျာမနီအတွက် အနိုင်ဂိုး နှစ်ဂိုးထပ်သွင်းခဲ့ရာ ဂျာမနီက ၃-၁ ဖြင့် အနိုင်ရရှိခဲ့သည်။

ဇင်ချန်ကိုက “ကွင်းတစ်ဝက်မှာ ဘောလုံးဆုံးရှုံးမှုအတွက် ကိုယ်ကိုယ်တိုင်နဲ့မိသားစုဝင်တွေ သေဆုံးဖို့ ဆုတောင်းခြင်းခံရတယ်”ဟု ပြောကြားသွားသည်။

ယူကရိန်းသည် ဆွစ်ဇာလန်နှင့် နေးရှင်းလိဂ်နောက်ဆုံးပွဲတွင် မရှုံးနိမ့်ပါက တန်းဆင်းရမည့် အရေးမှ ရှောင်လွဲနိုင်မည် ဖြစ်သည်။ ဆွစ်ဇာလန်မှာ တန်းမဆင်းရရန် ယူကရိန်းကို အနိုင်ရရှိရန် လိုအပ်နေသည်။

Facebook Comments Box
Facebook Comment