ဂျရတ်နှင့်အတူ လီဗာပူးအတွက် ချန်ပီယံလိဂ်ဂိုး အများဆုံးသွင်းယူသူ ဖြစ်လာသည့် ဆာလက်

မိုဟာမက်ဆာလက်သည် စတီဗင်ဂျရတ်၏လီဗာပူးသမိုင်းတွင် ချန်ပီယံလိဂ်ဂိုးအများဆုံးသွင်းယူ သူစံချိန်ကို လိုက်မီသွားခဲ့ပြီ ဖြစ်သည်။ မိုဟာမက်ဆာလက်သည် မနေ့ညတုန်းက အတ္တလန္တာကို ၅-၀ ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲတွင် ဒုတိယပိုင်းအစ၌ သမိုင်းဝင်ဂိုးအား သွင်းနိုင်ခဲ့သည်။ သူသည် မာနေးဂိုးသွင်းနိုင်အောင်လည်း ဖန်တီးခဲ့ပေးခဲ့သည်။

ယင်းဂိုးမှာ မိုဟာမက်ဆာလက်၏လီဗာပူးအတွက် ချန်ပီယံလိဂ်သွင်းဂိုး ၂၁ ဂိုးမြောက်ဂိုးဖြစ်ပြီး စတီဗင်ဂျရတ်နှင့်အတူ လီဗာပူးသမိုင်းတွင် ချန်ပီယံလိဂ်ဂိုးအများဆုံးသွင်းယူသူ ဖြစ်လာခဲ့သည်။

၂၀၁၈ ခုနှစ်တုန်းက လီဗာပူးသို့ စတင်ရောက်သည့်နှစ်တွင် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည့် ဆာလက်သည် ၂၀၁၉ ခုနှစ်တွင် ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့သည်။

အတ္တလန္တာအား ၅-၀ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲတွင် နွေရာသီတွင် ပြောင်းလာခဲ့သည့် ဂျိုတာက ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ယင်းမှာ သူ၏ လီဗာပူးအတွက် ပထမဆုံးဟက်ထရစ်လည်း ဖြစ်သည်။ သူသည် ၂၀၀၈ ခုနှစ်တုန်းက ရော်ဘီကိန်း နောက်ပိုင်းတွင် လီဗာပူးအတွက် ပထမဆုံးကစားသည့် ချန်ပီယံလိဂ် ၂ ပွဲဆက် ဂိုးသွင်းနိုင်သည့် ကစားသမားလည်း ဖြစ်လာခဲ့သည်။

လီဗာပူးသည် ချန်ပီယံလိဂ် အုပ်စု (ဃ)တွင် အေဂျက်စ်နှင့် အတ္တလန္တာတို့ကို ရမှတ် ၅ မှတ် ဖြတ်ထားနိုင်ပြီး ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ရန် အခြေအနေ ကောင်းနေသည်။

Facebook Comments Box
Facebook Comment