“ဂျင်ပဲ့ချင်းပေါက်ကြမယ့်ပွဲတွေမို့ ဂိုးသံတွေကိုပဲ နားစွင့်ထားမယ်”


✍️မောင်ရဲတိုက်

(စနေည ပရီမီးယားလိဂ် စိတ်ကြိုက်ရွေးချယ်မှု)

🎯စိတ်ကြိုက်(၁) 

⚔️ လီဗာပူး Vs ချယ်ဆီး 

🔴လီဗာပူး 

ကြိုးကြာတို့ဟာ ကြားရက်မှာကစားရတဲ့ FAဖလား ပြန်ကန်ပွဲမှာ ဝုဗ်ကို အဝေးကွင်းမှာ အနိုင်ရခဲ့ပြီး သူတို့အပေါ်ရှိနေတဲ့ ဖိအားအနည်းငယ် လျော့ချနိုင်ခဲ့ပါတယ်။ လက်ရှိကြိုးကြာတို့ရဲ့ တိုက်စစ်မှာ ဂျိုတာ၊ ဖာမီနိုတို့ ဒဏ်ရာရနေသလို နောက်တန်းမှာလည်း ဗန်ဒိုက်ပြန်မလာနိုင်သေးတာမို့ အသင်းကြီးချင်းတွေ့မယ့်ပွဲမှာ စီးစီးမိုးမိုးကစားနိုင်ဖို့ရာ အင်အားတောင့်တင်းနေတာမျိုး မတွေ့ရပါဘူး။ ဆာလက်ကို ကူညီအားဖြည့်ဖို့ ဒါဝင်နူးနက် ပြန်ကစားလာနိုင်တော့မယ်ဆိုပေမယ့် သူ့အကြောင်းကိုတော့ ပြောပြစရာမလိုအောင် မိတ်ဆွေတို့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ဒါပေမယ့် အိမ်ကွင်း အန်းဖီးလ်မှာ ကစားရမှာဖြစ်လို့ အိမ်ကွင်းနှစ်ပွဲဆက် နိုင်ထားတဲ့ ကြိုးကြာတို့အတွက် အိမ်ရှင်ပရိသတ်နဲ့ အိမ်ကွင်းအရှိန်အဝါတွေက ချယ်ဆီးကို လွှမ်းမိုးကစားနိုင်ဖို့ အထောက်အကူဖြစ်လာနိုင်ပါလိမ့်မယ်။

🔵ချယ်ဆီး 

ခြင်္သေ့ပြာတို့ကလည်း လတ်တလောမှာ ရုန်းကန်နေရချိန်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အဝေးကွင်း ငါးပွဲမှာ နော်တင်ဟမ်ကိုသရေကျတဲ့ပွဲကလွဲရင် ကျန်၄ပွဲလုံး ရှုံးနိမ့်ထားတာက ချယ်ဆီးရဲ့ လက်ရှိရာသီမှာ ရုန်းကန်နေရပုံကို ထင်ရှားစေပါတယ်။ အသစ်ခေါ်ယူထားတဲ့ ယာအိုဖီးလစ်ရဲ့ ပွဲပယ်ပြစ်ဒဏ်မစေ့သေးသလို စတာလင်၊ ဂျိမ်း၊ ကန်တီ၊ ပူလီဆစ်တို့ကလည်း နောက်လအထိ အနားယူရဦးမှာပါ။ လူငယ်အသင်းက လူးဝစ်ဟောကိုတောင်ပထမပွဲထွက်နေရာ ပေးနေရတဲ့အထိ ချယ်ဆီးရဲ့ အဓိကကစားသမားအင်အားက လျော့နည်းနေတာဖြစ်ပါတယ်။ ဒါကြောင့် လက်ကျန်ကစားသမားတွေရဲ့ လုပ်အားနှုန်းကိုသာ မျှော်ကိုးရင်း ကြိုးကြာမြေမှာ ကြံ့ကြံ့ခံရင်ဆိုင်လာဖို့ ရှိပါလိမ့်မယ်။

📝သုံးသပ်ချက်

လက်ရှိမှာတော့ နှစ်သင်းစလုံးက အင်အားနည်းနေတာမို့ ဘယ်သူက ဘယ်သူ့ကို အသာစီးရပြီး ကစားနိုင်မယ်ဆိုတာ မသဲကွဲပါဘူး။ ပွဲထွက်စာရင်းအရကြည့်ရင်တော့ လီဗာပူးက ကစားသမားအင်အားသာနေသလို ထင်ရပေမယ့် အမှတ်ပေးဇယားအပေါ်ကို တက်နိုင်ဖို့ ရုန်းကန်နေရတဲ့နှစ်သင်းကြားမှာ သရေတစ်မှတ်ခွဲယူဖို့တောင် နှစ်ဖက်လုံးက သဘောတူကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဂိုးကိုဂိုးနဲ့သာ တုံ့ပြန်ပြီး ဖိအားတွေကြားကနေ ကိုယ်စီရုန်းထွက်ဖို့ ကြိုးစားလာကြမယ့်ပွဲမှာ နှစ်ဖက်ပေါင်း အနိမ့်ဆုံး(၃)ဂိုးတော့ ထွက်လာနိုင်ဖို့ မျှော်လင့်ရင်း ဂိုးပေါ်ကို ရွေးချယ်ထားချင်ပါတယ်။

🎯ရွေးချယ်မှု 

✅ဂိုးပေါ် 

⚽ ခန့်မှန်းရလဒ် – (၂-၁) / (၁-၂) 

🎯စိတ်ကြိုက်(၂) 

⚔️ ဝက်စ်ဟမ်း Vs အဲဗာတန် 

🔴ဝက်ဟမ်း 

ဟမ်းမားတို့ရဲ့ ဒီရာသီမှာ ခြေစွမ်းကျဆင်းမှုက  မယုံကြည်နိုင်လောက်အောင်ပါပဲ။ ကစားသမားအင်အားက သိသိသာသာ ပြောင်းလဲမသွားပေမယ့် လုပ်အားနှုန်းကတော့ သိသိသာသာကျဆင်းသွားပါတယ်။ အထူးသဖြင့် မနှစ်က ဂိုးတွေအများအပြားသွင်းယူနိုင်ခဲ့လို့ အားလုံးက စောင့်ကြည့်ခဲ့ရတဲ့ တိုက်စစ်မှုး အန်တိုနီယိုဟာ ဒီရာသီမှာ နှစ်ဂိုးသာသွင်းယူထားနိုင်ပါသေးတယ်။ဆက်ဆူအူလိုက ခေါ်ယူထားတဲ့ စကာမက်ကာကို အထူးအားကိုးနေရပေမယ့် ၎င်းတိုက်စစ်မှူးဟာ ဒဏ်ရာပြဿနာကြောင့် ဒီညမှာကစားနိုင်မှာ မဟုတ်ပါဘူး။ မနှစ်က အိမ်ကွင်းဆိုရင် အသင်းကြီးတွေကိုတောင် ထုချေနိုင်စွမ်းရှိတဲ့ ဟမ်းမားတို့ဟာ လက်ရှိမှာတော့ အိမ်ကွင်း၉ပွဲကစားပြီးချိန်မှာ ၅ပွဲအထိ ရှုံးပွဲကြုံတွေ့နေရတာလည်း တွေ့ရပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်း၄ပွဲလုံးလည်း နိုင်ပွဲပျောက်ဆုံးခဲ့တာမို့ ဒီညမှာတော့ ရလဒ်ကောင်းတစ်ခုနဲ့ပြန်လာနိုင်ဖို့ လိုအပ်နေပါပြီ။

🔵အဲဗာတန်

အဲဗာတန်းကလည်း တန်းဆင်းဇုန်ရဲ့ အဆင့်(၁၉)နေရာမှာ ဝက်ဟမ်းနဲ့အမှတ်တူ ဂိုးကွာခြားချက်နဲ့ အထက်အောက် ရပ်တည်နေတာဖြစ်ပါတယ်။ မနှစ်က တန်းဆင်းဇုန်ကနေ ပွတ်ကာသီကာလွတ်နိုင်ခဲ့ပေမယ့် ဖရန့်လမ်းပတ်ရဲ့ အသင်းဟာ ရစ်ချာလီဆန်လိုကစားသမားကို လက်လွှတ်ခဲ့ရပြီး အားထားရတဲ့တိုက်စစ်မှုး ကာဗက်လီဝင်ကလည်း ဒဏ်ရာပြဿနာတွေကြား ရုန်းကန်နေရတာမို့ တန်းဆင်းဇုန်ကို ပြန်လာခဲ့ရပြန်ပါပြီ။ နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်းငါးပွဲလုံးမှာလည်း နိုင်ပွဲပျောက်ဆုံးခဲ့သလို ရဂိုးကလည်း အဝေးကွင်း(၉)ပွဲမှာ ၆ဂိုးသာသွင်းယူထားနိုင်သေးတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း ပရီမီးယားလိဂ်ကနေ အရင်ဆုံးထုတ်ပယ်ခံရမယ့် နည်းပြများထဲမှာ လမ်းပတ်ဟာ ထိပ်ဆုံးက ရေပန်းစားနေတာကို တွေ့ရမှာဖြစ်ပါတယ်။

📝သုံးသပ်ချက်

တန်းဆင်းဇုန်တိုက်ပွဲဖြစ်တာကြောင့် နှစ်သင်းစလုံးဟာ သုံးမှတ်ကလွဲရင် ဘာကိုမှမလိုချင်လောက်အောင် အထိမခံတဲ့ အခြေအနေကိုရောက်နေပါပြီ။ တစ်ဂိုးသွင်းပြီး ပိတ်ကစားနိုင်ရလောက်တဲ့အထိ နှစ်ဖက်စလုံးရဲ့ ခံစစ်က မာရေကျောရေရှိမနေတာကြောင့် အပြန်အလှန်ဂိုးတွေကို တွေ့မြင်ရဖို့များနေပါတယ်။တန်းဆင်းဇုန်တိုက်ပွဲတွေရဲ့ ထုံးစံအတိုင်း ဂိုးပေါ်ကိုသာ ရွေးကစားဖို့ရှိပါလိမ့်မယ်။

🎯ရွေးချယ်မှု 

✅ဂိုးပေါ် 

⚽ ခန့်မှန်းရလဒ် – (၂-၁) / (၁-၂)

ဒီနေ့အတွက် စိတ်ကြိုက်ရွေးချယ်မှုတွေကတော့ အဲ့လိုရှိပါတယ်။

မနက်ဖြန်မှာလည်း ပွဲကြီးပွဲကောင်းတွေနဲ့အတူ ပြန်လာခဲ့ပါမယ်။

Facebook Comments Box
Facebook Comment