ဂိုးသမားနေရာအတွက် မန်ဒီသာ ဦးစားပေးအဆင့်ဟု လမ်းပတ် ဖွင့်ဟ

ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်က အသင်းတွင် ဂိုးသမားနေရာ အခက်အခဲရှိနေကြောင်း ဝန်ခံခဲ့ပြီး စပိန်လက် ရွေးစင် ကီပါထက် ရင်းနက်စ်မှ ခေါ်ယူထားသော အီဒူရက်မန်ဒီကသာ ဦးစားပေး နံပါတ်တစ်ဖြစ်ကြောင်း ပြောသည်။

ကမ္ဘာ့ဈေးအကြီးဆုံး ဂိုးသမားတစ်ဦးဖြစ်သော ကီပါသည် ယခုဘောလုံးရာသီအစတွင် အမှားအယွင်းများ ပြုလုပ်ခဲ့သောကြောင့် လမ်းပတ်က ၎င်းကို ဖိအားပေးရန်အတွက် ရင်းနက်စ်ဂိုးသမား မန်ဒီကို ပေါင် ၂၂ သန်းဖြင့် ခေါ်ယူခဲ့သည်။

ဆီနီဂေါလက်ရွေးစင် မန်ဒီ ရောက်ရှိလာပြီးနောက် ကီပါသည် အရန်အဖြစ်သာ ပါဝင်ခွင့်ရခဲ့ပြီး မန်ဒီ ဒဏ်ရာနေသည့်အချိန် ဆောက်သမ်တန်နှင့် ၃ ဂိုးစီ သရေကျသောပွဲတွင် ပွဲထွက်လူစာရင်းမှ ပြန်ကစားခွင့်ရခဲ့သည်။

သို့သော်လည်း ဆောက်သမ်တန်မှ ချီအဒမ်သွင်းယူသော ဒုတိယဂိုးက ၎င်း၏အမှားကြောင့် ပေးခဲ့ရခြင်းဖြစ်ပြီး အခွင့်အရေးပေးချိန်တွင် ယုံကြည်မှု ပြန်မပေးနိုင်၍ လမ်းပတ်က ဆီဗီလာနှင့် ဂိုးမရှိသရေကျသော ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲတွင်မူ မန်ဒီကို ပြန်လည်အသုံးပြုခဲ့သည်။

အဆိုပါပွဲတွင် မန်ဒီသည် ဆီဗီလာ၏ အပိုင်ဂိုးသွင်းခွင့် အချို့ကို ကာကွယ်နိုင်ခဲ့သလို ၎င်းကစားသည့် နောက်ဆုံး ၂ ပွဲဆက် ပေးဂိုးမရှိအောင် စွမ်းဆောင်ထားသည်။

“လက်ရှိအချိန်မှာတော့ မန်ဒီက သူ့ရဲ့အရည်အချင်းတွေကို ထုတ်ပြနေတယ်။ သူကစားတာက အရမ်းကောင်း တယ်။ ၂ ပွဲဆက် ပေးဂိုးမရှိအောင်လည်း စွမ်းဆောင်ထားတယ်။ မန်ဒီက ပထမ ဦးစားပေးပါပဲ” ဟု လမ်းပတ်က ပြောသည်။

Ref:dailymail

Facebook Comments Box
Facebook Comment