ဂိုးများ သွင်းယူရေးအပေါ် ခုံမင်မှု နည်းပါးလာကြောင်း မက်ဆီ ဖွင့်ဟ

လီယွန်နယ်မက်ဆီက ၎င်းမှာ ကစားသမားဘဝ အနားသတ်ပိုင်းနားသို့ ရောက်လာမှုနှင့်အတူ ဂိုးများ သွင်းယူနိုင်ရေးအတွက် ယခင်ကဲ့သို့ ခုံမင်ခြင်း မရှိတော့ကြောင်းနှင့် အသင်းအတွက် လုပ်ဆောင်ပေးရေးကိုသာ ပိုမိုအာရုံစိုက်လာကြောင်း ဝန်ခံပြောကြားသွားသည်။

အသက် ၃၃ နှစ်ရှိ မက်ဆီသည် ဘာစီလိုနာအတွက် ၇၃၄ ပွဲကစားကာ ၆၃၅ ဂိုး သွင်းယူပြီး ဘာစီလိုနာသမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားသူ ဖြစ်သည်။ သူသည် ဘာစီလိုနာတွင် ကစားသည့် ၁၆ ရာသီအတွင်းတွင် ၂၅၆ ကြိမ် ဖန်တီးထားနိုင်သူလည်း ဖြစ်သည်။

သူသည် နောက်ပိုင်း ရာသီများတွင် ကစားဖော်များအတွက် ဖန်တီးပေးမှု ပိုမို များပြားလာပြီး ပြီးခဲ့သည့်ရာသီတုန်းက ၂၁ ကြိမ်အထိ ဖန်တီးကာ လာလီဂါတွင် စံချိန်သစ် ရေးထိုးနိုင်ခဲ့သည်။

မက်ဆီက “ဒီကနေ့ အချိန်မှာ ဂိုးနဲ့ပတ်သက်ပြီး ခုံမင်မှုနည်းလာပါတယ်။ အသင်းအတွက်ပဲ အတတ်နိုင်ဆုံး လုပ်ဆောင်ပေးချင်ပါတယ်”ဟု ပြောကြားသွားသည်။

မက်ဆီသည် ကိုဗစ်ကာလအတွင်းတွင် မွေးရပ်မြေအာဂျင်တီးနားအတွက် ဆေးဘက်ဆိုင်ရာပစ္စည်းဝယ်ယူရန်နှင့် ဘာစီလိုနာရှိ ဆေးရုံတစ်ခုတို့အတွက် စုစုပေါင်း ယူရို ၁ သန်း လှူဒါန်းခဲ့သူလည်း ဖြစ်သည်။

ဆက်လက်ပြီး လီယွန်နယ်မက်ဆီက ယခုရာသီတွင် ဘာစီလိုနာအသင်း ရရှိလာမည့် ဆုဖလားအားလုံးမှာ COVID-19 တိုက်ပွဲတွင် ပါဝင်သူများအား ဂုဏ်ပြုမှုတစ်ခု ဖြစ်လာမှာ ဖြစ်ကြောင်း ပြောကြားသွားသည်။

မက်ဆီသည် ယခုရာသီတွင် ဘာစီလိုနာအတွက် ၃ ပွဲ ကစားကာ ၁ ဂိုးသွင်းယူထားသူဖြစ်သည်။

သူသည် နွေရာသီတုန်းက ဘာစီလိုနာမှ ထွက်ခွာရေး ကြိုးပမ်းခဲ့သော်လည်း ဘာစီလိုနာက စာချုပ်ဖျက်သိမ်းရေး ယူရို ၇၀၀ ပေးရမည်ဟု တောင်းဆိုမှုကြောင့် တရားရုံးတွင် တရားရင်မဆိုင်လိုမှုနှင့်အတူ ဆက်ကစားရန် ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။

Facebook Comments Box
Facebook Comment