ဂိုးများဆက်လာမည်ဟု ဟယ်ရီကိန်း ကြွေးကြော်

ပရီးမီးယားလိဂ် ဂိုး ၂၀၀ ပြည့်သွားသော စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက မိမိ၏သွင်းဂိုးများက ရပ်တန့်မသွားသေးဘဲ ထပ်လာဦးမည်ဟု ကြုံးဝါးလိုက်သည်။

အင်္ဂလန်ကပ္ပတိန်သည် မန်စီးတီးအား အနိုင်ရသောပွဲတွင် တလုံးတည်းသောအနိုင်ဂိုး သွင်းယူခဲ့ပြီး ပရီးမီးယားလိဂ်သမိုင်း၏ တတိယဂိုးသွင်းအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်လာသည်။

၂၀၁၄ တွင် ပရီးမီးယားလိဂ်အဖွင့်ဂိုး စတင်သွင်းယူခဲ့သော ဟယ်ရီကိန်းသည် ၉ နှစ်အကြာ၌ သွင်းဂိုး ၂၀၀ ပြည့်သွားခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်သမိုင်းတွင် ဂိုးသွင်းအများဆုံးက ၂၆၀ ဂိုးသွင်းထားသော အလန်ရှီးယားဖြစ်ပြီး ဝိန်းရွန်နီက ၂၀၈ ဂိုး၊ ဟယ်ရီကိန်းက ၂၀၀ ဂိုးသွင်းထားခြင်းဖြစ်သည်။

“ကျွန်တော် စကစားတဲ့အချိန်က ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၂၀၀ ပြည့်အောင်သွင်းမယ်လို့ တခါမှတောင် မတွေးထားခဲ့ပါဘူး။

ကျွန်တော့်မှာ ဆက်လုပ်စရာတွေ ရှိနေသေးတယ်။ ကျွန်တော့်ရဲ့ သွင်းဂိုးတွေက မပြီးဆုံးသေးပါဘူး” ဟု ၎င်းက ပြောသည်။

Ref:tottenham

Facebook Comments Box
Facebook Comment