ဂါရတ်ဘေးလ်မှာ ကွဲပြားသည့် ကစားသမားတစ်ဦး ဖြစ်နေပြီဟု မော်ရင်ဟို ပြောကြား

ဟိုဆေးမော်ရင်ဟိုက ဂါရတ်ဘေးလ်မှာ လွန်ခဲ့သည့် ၇ နှစ်တုန်းက စပါးစ်မှ ထွက်ခွာကာ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းသွားခဲ့တုန်းကနှင့် မတူဘဲ ကွဲပြားသည့် ကစားသမားတစ်ဦးဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြားလိုက်သည်။

ဂါရတ်ဘေးလ်သည် စပါးစ်သို့ ဒုတိယအကြိမ်အဖြစ် နွေရာသီတွင် အငှားဖြင့် ရောက်လာခဲ့သည်။ မော်ရင်ဟိုက ဂါရတ်ဘေးလ်မှာ စပါးစ်မှ ထွက်ခွာစဉ်က တောင်ပံကစားသမားတစ်ဦးဖြစ်ခဲ့သော်လည်း ယခုအခါ ကွဲပြားသည့် ကစားသမားတစ်ဦး ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားသွားသည်။

မော်ရင်ဟိုက “၇ နှစ်ဆိုတဲ့ ပမာဏက များပြားလှပါတယ်။ လွန်ခဲ့တဲ့ခုနှစ်နှစ်တုန်းက ကစားသမားတွေထဲမှာ ဘယ်သူများ အခုထိ ကစားပုံတူတဲ့သူ ရှိနေသေးလဲ ကစားသမားတော်တော်များများ ကွဲပြားလာကြပါ တယ်။ ဒီတော့ သူလည်း ကွဲပြားတဲ့ ကစားသမားတစ်ဦး ဖြစ်နေပြီဆိုတာ သေချာပါတယ်။ ရော်နယ်ဒိုနဲ့ မက်ဆီတို့ကိုဘဲ ဥပမာထားပြီး ကြည့်လိုက်ပါ။ ”ဟု ပြောကြားသွားသည်။

မော်ရင်ဟိုက ကြားရက်တုန်းက အန့်ဝတ်အား ရှုံးနိမ့်သည့်ပွဲစဉ်မှ လူစာရင်းကို အပြောင်းအလဲလုပ်ကာ တနင်္ဂနွေည ဘရိုက်တန်ပွဲအား ပွဲထွက်လာမည် ဖြစ်ကြောင်းအတည်ပြုသွားပြီး ဂါရတ်ဘေးလ်ပွဲထွက်လာမည်လားဆိုသည်ကို အတည်ပြုသွားခြင်း မရှိပါဘူး။

မော်ရင်ဟိုက “သူက ဘယ်လေ့ကျင့်ခန်းအစီအစဉ်မှာမှ တစ်မိနစ်တောင် မလွဲခဲ့ပါဘူး။ အရမ်းကြိုးစားနေပါတယ်။ သူ့အခြေအနေ တိုးတက်နေပါတယ်။ မိနစ် ၉၀ ပြည့်ကစားဖို့က နည်းနည်းခက်ခဲပါသေးတယ်။ မကြာခင် အကောင်းဆုံးအခြေ အနေသို့ သူ ရောက်လာဖို့ မျှော်လင့်လို့ ရပါတယ်”ဟု ပြောကြားသွားသည်။

မော်ရင်ဟိုဦးဆောင်သည့် စပါးစ်သည် ယခုရာသီတွင် အဝေးကွင်းပွဲ ၃ ပွဲလုံး အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်သည်။ သို့ရာတွင် ၎င်းတို့သည် အိမ်ကွင်းတွင် ၂ ပွဲ သရေကျကာ ၁ ပွဲရှုံးနိမ့်ထားသည်။

Facebook Comments Box
Facebook Comment