ဂါရတ်ဘေးလ်ကို တစ်ရာသီ အဌားဖြင့် စပါး ခေါ်ယူ

စပါးအသင်းသည် ရီးရဲလ်မက်ဒရစ်မှ ဝေးလ်စ် တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို တစ်ရာသီ အဌားစာချုပ်ဖြင့်ခေါ်ယူရန် သဘောတူညီမှု ရယူနိုင်ခဲ့ပြီး လာမည့်နာရီပိုင်းအတွင်း တရားဝင်စာချုပ်သွားမည်ဟု ဒေးလီးမေးလ်သတင်းစာက ဖော်ပြသည်။

အသက် ၃၁ နှစ်အရွယ် ဘေးလ်သည် ၂၀၁၃ တွင် စပါးမှ ရီးရဲလ်သို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၈၅ ဒသမ ၃ သန်းဖြင့် ပြောင်းရွှေ့သွားခဲ့ပြီး ၇ နှစ်အကြာတွင် လန်ဒန်သို့ တစ်ကျော့ပြန် ရောက်ရှိလာခြင်းဖြစ် သည်။

၎င်းသည် ရီးရဲလ်တွင် ၇ ရာသီ ကစားခဲ့စဉ်အတွင်း ပြိုင်ပွဲစုံ ၂၅၁ ပွဲတွင် ၁၀၅ ဂိုးသွင်းကာ လာလီဂါ ၂ ကြိမ်၊ စပိန်ဘုရင့်ဖလားနှင့် စပိန်စူပါဖလား ၁ ကြိမ်စီ၊ ချန်ပီယံလိဂ် ၄ ကြိမ်၊ ဥရောပစူပါဖလား ၂ ကြိမ်၊ ဖီဖာကလပ်ကမ္ဘာ့ဖလား ၃ ကြိမ် ရယူထားသည်။

ဘေးလ်သည် ဇီဒန်းရောက်ရှိလာပြီးနောက် ပုံမှန်ပွဲကစားခွင့်ရရှိရန် ရုန်းကန်နေရပြီး ရီးရဲလ်ကလည်း ၎င်း ၏ မြင့်မားသည့်လစာငွေကို လျှော့ချရန် အခြားအသင်းတစ်သင်းသို့ အဌား သို့မဟုတ် အပြီးသတ်ရောင်း ချလိုနေသည်။

စပါးသည် ဘေးလ်ကို ယခုရာသီကုန်အထိ တစ်ရာသီ အဌားစာချုပ်ဖြင့် ခေါ်ယူလိုက်ခြင်းဖြစ်ပြီး တစ်နှစ်လစာ ပေါင် ၁၃ သန်းအထိ ပေးချေရမည်ဖြစ်သည်။

ဘေးလ်သည် ယနေ့ည စာချုပ်ပါ အသေးစိတ်အချက်အလက်များအား လက်မှတ်ရေးထိုးရမည်ဖြစ်၍ ယနေ့ည ပလော့ဗ်ဒစ်ဗါအသင်းနှင့် ကစားရမည့် ယူရိုပါလိဂ်ခြေစစ်ပွဲကို လွဲချော်ရမည်ဖြစ်သည်။

သို့သော်လည်း လာမည့် နာရီအနည်းငယ်အတွင်း တရားဝင် စာချုပ်သွားမည်ဖြစ်ရာ စက်တင်ဘာ ၂၀ ရက် တွင် ဆောက်သမ်တန်နှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲတွင် ပါဝင်ကစားဖွယ်ရှိနေသည်။

၎င်းသည် စပါးတွင် ၂၀၀၇ မှ ၂၀၁၃ အထိ ကစားစဉ်အတွင်း ပြိုင်ပွဲစုံ ၂၀၃ ပွဲတွင် ၅၅ ဂိုးသွင်းကာ ကမ္ဘာ့အကောင်းဆုံး ဘယ်တောင်ပံကစားသမားအဖြစ် သတ်မှတ်ခံရဖူးသည်။

Ref:dailymail

Facebook Comments Box
Facebook Comment