ဂရိသို့ သွားခဲ့ကြသည့် အင်္ဂလန်စတားတစ်ဦးနှင့် အခြားပရီးမီးယားလိဂ်ကစားသမားနှစ်ဦးတို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရ

အင်္ဂလန်စတားတစ်ဦးနှင့် အခြားပရီးမီးယားလိဂ်ကစားသမားနှစ်ဦးတို့သည် ဂရိကျွန်းများတွင် အားလပ်ရက်သွားရောက်အပန်းဖြေပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သည်။ ပရီးမီးယားလိဂ်ကလပ်မှတာဝန်ရှိသူများနှင့်အင်္ဂလန်နည်းပြဆောက်ဂိတ်တို့သည် နွေရာသီအားလပ်ရက်အပန်းဖြေမှု ပြန်ရောက်လာသည့် ကစားသမားများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမည်ကို အထူးစိုးရိမ်လျက်လည်း ရှိကြသည်။

ဂရိနိုင်ငံမှ မိုကိုနို့စ်ကျွန်းသည် မန်ယူနှင့်အင်္ဂလန်နောက်ခံလူမက်ဂွိုင်းယား ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် လူစိတ်ဝင်စားခြင်းခံလာရသည့် ကျွန်းလည်းဖြစ်ပါတယ်။

The Sun က အင်္ဂလန်ကစားသမားတစ်ဦးနှင့် ရှက်ဖီးလ်ယူနိုက်တက်ကစားသမားနှစ်ဦးတို့သည် ယခုလတွင် ဂရိသို့ အပန်းဖြေခရီးသွားကြသူများဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းရှိ/မရှိကို စစ်ဆေးမှုခံယူခဲ့ကြရာ စစ်ဆေး တွေ့ရှိခဲ့ခြင်းလည်းဖြစ်သည်။ လက်ရှိအချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် ကစားသမားတို့’အမည်ကို သိရှိရခြင်း မရှိသေးချေ။

ဆောက်ဂိတ်သည် စက်တင်ဘာလ ၅ ရက်နှင့် ၈ ရက်နေ့တို့တွင် အိုက်စလန်၊ ဒိန်းမတ်တို့နှင့် ကစားမည့် Nations League အတွက် လာမည့်အင်္ဂါနေ့တွင် အင်္ဂလန်အသင်းလူစာရင်းကို ကြေညာသွားပါမည်။ ကူးစက်ခံ အင်္ဂလန်စတားသည် ပြီးခဲ့သည့်အပတ်တုန်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရ ကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဗြိတိန်ကျန်းမာရေးဌာန၏ညွှန်ကြားချက်အတိုင်း ၁၀ ရက်ကြာ သီးသန့်နေထိုင်ရမည်ဖြစ်ပြီး ကူးစက်ခံရထားမှုရှိ/မရှိထပ်မံစစ်ဆေးမှုခံယူရမည်ဖြစ်သည်။ လက်ရှိအချိန်တွင် ဆောက်ဂိတ်သည် ယင်းကစားသမားကဲ့သို့ပင် အခြားကစားသမားများသည်လည်း အားလပ်ရက်မှ ပြန်ရောက်လာချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရမည်ကို စိုးရိမ်လျက်ရှိသည်။

Ref: The Sun

Facebook Comments Box
Facebook Comment