ဂနာဘရီနှင့် ထိတွေ့သူများ ကိုဗစ်ကူးစက်ခံရမည်ကို ဘိုင်ယန် စိုးရိမ်

ဥရောပချန်ပီယံ ဘိုင်ယန်မြူးနစ်သည် တောင်ပံကစားသမားသမား ဆာဂေးဂနာဘရီ COVID-19 ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိရပြီးနောက် ၎င်းနှင့် ထိတွေ့ခဲ့သူ အခြား ကစားသမားများလည်း ကူးစက်ခံရမည်ကို စိုးရိမ်လျက်ရှိသည်။

အသက် ၂၅ နှစ်အရွယ် ဂနာဘရီသည် ယနေ့ နံနက်ပိုင်းက ပြုလုပ်သည့် လေ့ကျင့်မှု အစီအစဉ်သို့ တက်ရောက်ခဲ့သေးပြီး လေ့ကျင့်မှု ပြီးဆုံးချိန်ကျမှ သာ COVID-19 ကူးစက်ခံထားရသည်ကို တွေ့ရှိခဲ့သည်။

ယမန်နှစ်ရာသီက ဖလား ၃ လုံး ရရှိခဲ့သော ဘိုင်ယန်သည် အက်သလက်တီကိုနှင့် ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲ ယှဉ်ပြိုင်ကစားရန် လေ့ကျင့်မှုများ ပြုလုပ်စဉ် အဓိက ကစားသမား ဂနာဘရီတွင် ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဘိုင်ယန်၏ လေ့ကျင့်မှု အစီအစဉ်တွင် ကစားသမား ၂၅ ဦး ပါဝင်ခဲ့သော် လည်း တင်းကျပ်သော တစ်ကိုယ်ရည် သန့်ရှင်းမှုဆိုင်ရာ စည်းမျဉ်းနှင့်အညီ လေ့ကျင့်ခဲ့ခြင်းကြောင့် ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲက စိုးရိမ်စရာ မလိုကြောင်း ဘွန်ဒက်စ်လီဂါ ချန်ပီယံကလပ်က ထုတ်ပြန်သည်။

ဂျာမနီလက်ရွေးစင် ဂနာဘရီသည် လေ့ကျင့်ရေး အစီအစဉ်အတွင်း ဒေးဗစ်အလာဘာနှင့် အနီးကပ် ထိတွေ့မှုရှိခဲ့ရာ ၎င်းအပြင် အခြား ကစားသမား များကိုပါ ကူးစက်ခံရမည်ကို ဘိုင်ယန်က စိုးရိမ်နေသော်လည်း အက်သလက်တီကိုနှင့် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။

ယူအီးအက်ဖ်အေက အသင်းတစ်သင်းအနေဖြင့် အနိမ့်ဆုံး ကစားသမား ၁၃ ဦးရှိလျှင်(အနိမ့်ဆုံး ဂိုးသမား ၁ ဦးပါရမည်) ပွဲကစားနိုင်သည်ဟု ပြဌာန်းထားသည်။

Ref:Bild

Facebook Comments Box
Facebook Comment