
ဂနာဘရီကို နာဂယ်မန်းနှင့် ဆလီဟာမစ်ဇစ် ဝေဖန်
အားလပ်ရက်တွင် ပါရီဖက်ရှင်ပွဲ တက်ရောက်ခဲ့သော ဘိုင်ယန်မြူးနစ် တောင်ပံကစားသမား ဆာဂေးဂနာဘရီ၏ အပြုအမူအား နည်းပြ ဂျူလီယန်နာဂယ်မန်းနှင့် အားကစားဒါရိုက်တာ ဆလီဟာမစ်ဇစ်တို့က ဝေဖန်လိုက်သည်။
ထို့ကြောင့် ၎င်း၏ ပွဲကစားခွင့်က ကန့်သတ်ခံရမည့် အလားအလားရှိနေသလို အနာဂတ်လည်း လှပနိုင်ခြင်းမရှိကြောင်း ဂျာမန်မီဒီယာများက သုံးသပ်လျက်ရှိသည်။
၂၇ နှစ်အရွယ် ဂျာမန်သားသည် တနင်္ဂနွေအားလပ်ရက်တွင် ပြင်သစ်နိုင်ငံသို့သွားရောက်ကာ ဖက်ရှင်ပြပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။
ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ပြန်ကစားသောပွဲတွင် ဘိုင်ယန်က လိုက်ပ်ဇစ်အား အနိုင်မကစားနိုင်ဘဲ သရေကျခဲ့သောကြောင့် အင်္ဂါည ကိုလုံးအား ဧည့်ခံမည့်ပွဲက အနိုင်ရရေး အလွန်အရေးပါနေသည်။
အရေးကြီးပွဲမကစားမီ တရက်အလိုတွင် ဂနာဘရီက ပွဲအပေါ် အရေးမထားဘဲ ဖက်ရှင်ပြပွဲ တက်ရောက်ခဲ့သောကြောင့် အသင်းတာဝန်ရှိသူများ၏ ငြိုငြင်မှုနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။
နာဂယ်မန်းသည် ကိုလုံးနှင့်ပွဲတွင် ဂနာဘရီကို ပွဲထွက်လူစာရင်းမှ အသုံးပြုခဲ့သော်လည်း ဖက်ရှင်ပြပွဲတက်ရောက်ခဲ့ကြောင်း သိခဲ့ရပြီးနောက် ဒုတိယပိုင်း မစမီမှာပင် လူစားလဲခဲ့သည်။
အဆိုပါပွဲတွင် ဘိုင်ယန်သည် အနိုင်မကစားနိုင်ဘဲ ဂျိုရှာကင်မစ်ချ်၏ နောက်ကျဂိုးကြောင့်သာ သရေတမှတ် ရယူနိုင်ခဲ့သည်။
“ဒါက ကိုယ်မကျွမ်းကျင်တဲ့ အရာတခုကို လုပ်ဆောင်တာပါပဲ။ ဒီလိုလုပ်တာကို ကျွန်တော်လည်း မကြိုက်ပါဘူး။
သေချာတယ်။ ဒါက ဘိုင်ယန်မြူးနစ်ကလူတွေ လုပ်တာမဟုတ်ဘူးဗျ” ဟု ဆလီဟာမစ်ဇစ်က ဆိုသည်။
Ref:sportsmax