ခြေကျင်းဝတ်ဒဏ်ရာရခဲ့သော ရော်နယ်ဒို ပေါ်တူဂီအတွက် ပြန်ကစားမည်

လာဇီယိုနှင့် တစ်ဂိုးစီ သရေကျခဲ့သည့်ပွဲတွင် ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့သော ဂျူဗင် တပ်စ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုသည် ဒဏ်ရာမပြင်းထန်သောကြောင့် ပေါ် တူဂီအသင်းအတွက် ပြန်ကစားနိုင်မည်ဟု သိရသည်။

အသက် ၃၅ နှစ်အရွယ် ရော်နယ်ဒိုသည် လာဇီယိုနှင့်ပွဲတွင် ဂျူဗင်တပ်စ်အတွက် အဖွင့် ဂိုး သွင်းယူခဲ့သော်လည်း ပွဲပြီးရန် ၁၅ မိနစ်အလို၌ ဒဏ်ရာရရှိခဲ့သောကြောင့် လူစားလဲခဲ့ရပြီး လာဇီယိုတိုက်စစ်မှူး ကိုင်ဆီဒိုက နာကျင်အချိန်ပို ၅မိနစ်တွင် ချေပဂိုး ပြန်သွင်းခဲ့သောကြောင့် သရေတစ်မှတ်နှင့်သာ ကျေနပ်ခဲ့ရသည်။

ရော်နယ်ဒိုသည် ယခုရာသီ စီးရီးအေ ၄ ပွဲတွင် ၆ ဂိုးအထိ သွင်းယူထားပြီး ထိုအထဲမှ ၃ ဂိုးက ကိုရိုနာဗိုင်းရပ်စ် ပျောက်ကင်းသက်သာချိန် နိုဝင်ဘာလအတွင်း သွင်းယူထားခြင်း ဖြစ်သည်။

အီတလီ အားကစားသတင်းစာ Corriere dello Sport ၏ ရေးသားမှုအရ ကမ္ဘာ့အကောင်းဆုံး ကစားသမား ၅ ဆုရှင် ရော်နယ်ဒိုသည် နေးရှင်းလိဂ်ပွဲစဉ်များ ကစားမည့် ပေါ်တူဂီအသင်းနှင့် ယခုလအတွင်း လာရောက်ပူးပေါင်းမည်ဖြစ်ပြီး လိုအပ်သည့် စစ်ဆေးမှုများကိုလည်း ပြုလုပ်သွားမည် ဖြစ်သည်။

ယူရို ၂၀၁၆ ချန်ပီယံ ပေါ်တူဂီသည် နိုဝင်ဘာ ၁၁ တွင် အန်ဒိုရာနှင့် ခြေစမ်းပွဲ၊ ၁၄ တွင် ပြင်သစ်၊ ၁၇ ရက်တွင် ခရိုအေးရှားတို့နှင့် နေးရှင်းလိဂ်ပွဲစဉ် ကစားရန်ရှိနေပြီး ရော်နယ်ဒိုက ပါဝင်ကစားရန် ရည်မှန်းထားသည်။

ပေါ်တူဂီအသင်းအတွက် ၁၆၇ ပွဲတွင် ၁၀၁ ဂိုးသွင်းထားသော ရော်နယ်ဒိုသည် အောက်တိုဘာ ၁၁ ရက်က ပြင်သစ်နှင့် ဂိုးမရှိ သရေကျသော ပွဲစဉ်အပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသောကြောင့် လက်ရွေးစင်အသင်းနှင့် ကင်းကွာခဲ့ရကာ တစ်လအတွင်း ပြန်ကစားနိုင်ရေး ပစ်မှတ်ထားနေသည်။

Ref:CorrieredelloSport

Facebook Comments Box
Facebook Comment