ချဲလ်ဆီးအနီကတ်ပြသခံရမှုကို လီဗာပူး၏လက်ခုပ်တီး ပျော်ရွှင်မှုအတွက် ကလော့ပ် မပျော်မရွှင်ဖြစ်ရ

လီဗာပူးနည်းပြဂျာဂင်ကလော့ပ်သည် တနင်္ဂနွေနေ့ညက ချဲလ်ဆီးနှင့်ပွဲတွင် ချဲလ်ဆီး နောက်ခံလူ ခရစ္စတီယန်ဆင် အနီကတ်ပြသခြင်းခံရမှုအတွက် လက်ခုပ်တီး အောင်ပွဲခံခဲ့သည့် လီဗာပူးနည်းပြအဖွဲ့ဝင်၏အားကစားသမားစိတ်ဓာတ်မပြည့်ဝသည့် အပြုအမူအတွက် မပျော်မရွှင် ဖြစ်ခဲ့ရသည်။

ချဲလ်ဆီး နောက်ခံလူ ခရစ္စတီယန်ဆင်သည် မာနေးကို ဖက်လှဲမှုအတွက် အစပိုင်းတွင် အဝါကတ်ပြသခြင်းခံခဲ့ရသော်လည်း ဒိုင်လူကြီးက VAR မှ တဆင့် ပြန်ကြည့်ပြီးနောက် အနီကတ်ပြထုတ်ပယ်ခြင်း ခံခဲ့ရသည်။

ယင်းသို့ ဒိုင်လူကြီးက ခရစ္စတီယန်ဆင်ကို အနီကတ်ပြသလိုက်စဉ် လီဗာပူးနည်းပြအဖွဲ့ဝင်တစ်ဦးက လက်ခုပ်တီး အောင်ပွဲခံမှုအပေါ် ကလော့ပ်မှာ အကြီးအကျယ် ဒေါသထွက်ခဲ့ရသည်။

ကလော့ပ်သည် နည်းပြအဖွဲ့ဝင်၏အောင်ပွဲခံမှုအပေါ် မြင်တွေ့ပြီးနောက် “ရူးနေလား?။ ဒီလို မလုပ်သင့်ဘူး။ ဟုတ်ပြီလား”ဟု အော်ဟစ် ပြောကြားခဲ့သည်။

ခရစ္စတီယန်ဆင် အနီကတ် ပြသခြင်းခံရမှုကြောင့် တစ်ဦး အသာဖြင့် ကစားခဲ့ရသည့် လီဗာပူးသည် ချဲလ်ဆီးကို အလွယ်တကူ ထိန်းချု်ပကစားနိုင်ခဲ့ကာ မာနေး၏သွင်းဂိုးများဖြင့် ၂-၀ ဖြင့် အနိုင်ရရှိခဲ့သည်။

ပွဲအပြီးတွင် ကလော့ပ်က “အရန်ကစားသမားတွေ လုပ်တာမဟုတ်ဘူး။ အခြားနည်းပြအဖွဲ့ဝင်တစ်ဦးလုပ်ခဲ့တာပါ။ ကျွန်တော် ဘာလို တွေးတယ်ဆိုတာ သူ့ကို ပြောပြီးပါပြီ။ သူကလည်း နားလည်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာမှ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် အဲဒီအချိန်တုန်းက အဲဒီလိုလုပ်ရပ်ကို ကျွန်တော် မမြင်ချင်ဘူး”ဟု ပြောကြားသွားခဲ့သည်။

Facebook Comments Box
Facebook Comment