ချဲလ်ဆီးနည်းပြလောင်းစာရင်းမှာ မပါတော့သူ

နည်းပြသစ်ရှာဖွေနေသော ချဲလ်ဆီးသည် နာမည်ကြီးများကို ချိတ်ဆက်နေသော်လည်း ဘိုင်ယန်မြူးနစ်နည်းပြဟောင်း ဂျူလီယန်နာဂျယ်မန်းက နုတ်ထွက်သွားပြီဖြစ်သည်။

သောမတ်စ်တူဟယ်၊ ဂရေဟမ်ပေါ်တာတို့နှင့် လမ်းခွဲလိုက်သော ချဲလ်ဆီးသည် ကစားသမားဟောင်း ဖရန့်လမ်းပတ်ကို ရာသီကုန်အထိ ယာယီခန့်အပ်ထားသည်။

လမ်းပတ်လက်ထက်တွင်လည်း အသင်း၏အနေအထားက အဆိုးဆုံးဖြစ်နေကာ ချန်ပီယံလိဂ်မှ ထွက်ခဲ့ရပြီးဖြစ်သည်။

ချဲလ်ဆီးအသင်း၏ ပူးတွဲပိုင်ရှင်များဖြစ်သော တော့ဒ်ဘိုလီနှင့် အက်ဂ်ဘာလီတို့သည် အမြဲတမ်းနည်းပြနေရာအတွက် ၄ ဦးကိုရွေးချယ်ထားပြီး နာဂျယ်မန်းကို အင်တာဗျူးပြီးသွားပြီဖြစ်သည်။

၃၅ နှစ်အရွယ် ဂျာမန်သားသည် ဘိုလီအတွက် ထိပ်တန်းဦးစားပေးမဟုတ်သလို အင်တာဗျူးရာတွင်လည်း မကျေလည်မှုများဖြစ်ခဲ့၍ နာဂျယ်မန်းက နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း မီဒီယာများက ဖော်ပြသည်။

ယခုအခါ ချဲလ်ဆီးနည်းပြလောင်းစာရင်းတွင် ပိုချက်တီနို၊ ဘန်လေနည်းပြ ကွန်ပနီနှင့် အခြားသူတဦးသာကျန်တော့သည်။

Facebook Comments Box
Facebook Comment