ချဲလ်ဆီးကစားသမား ၄ ဦးထက်မနည်း ကိုဗစ်ပိုးတွေ့ရှိ

၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် ရာသီကြိုလေ့ကျင့်ရေးပြုလုပ်လျက်ရှိသည့် ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်အတွက် ထိုးနှက်ချက်တစ်ရပ်အဖြစ် အသင်းမှကစားသမား ၄ ဦးထက်မနည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ပိုး (COVID-19) ကူးစက်ခံထားရကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြသည်။

ဒေးလီးမေးလ်သတင်းစာ၏ ဖော်ပြမှုအရ ချဲလ်ဆီးကစားသမားများသည် နွေရာသီအားလပ်ရက် ကိုဗစ်ဒုတိယလှိုင်းစတင်ဖြစ်ပွားစဉ် ကမ္ဘာတစ်လွှားသို့ သွားရောက်ခဲ့ကြရာမှတစ်ဆင့် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရ ခြင်းဖြစ်သည်ဟု သိရသည်။

ရောဂါပိုးကူးစက်ခံရသည့် ကစားသမားများ၏အမည်ကို ချဲလ်ဆီးအသင်းက ထုတ်ပြန်ခြင်းမရှိသော်လည်း ဗြိတိန်မီဒီယာများက မေဆန်မောင့်၊ တမ်မီအေဘရာဟမ်၊ ဖီယာကိုတိုမိုရီနှင့် ခရစ်ရှန်ပူလီဆစ်တို့ဖြစ်သည်ဟု အတိအကျရေးသားသည်။ ကိုဗစ်ပိုးတွေ့ရှိရသူ ကစားသမားများသည် ၁၀ ရက် သီးသန့်ခွဲခြားနေထိုင်ရမည်ဖြစ်သောကြောင့် ရာသီကြိုလေ့ကျင့်မှုတွင် ပါဝင်နိုင်မည်မဟုတ်ဘဲ နောက်တစ်ကြိမ် စစ်ဆေးမှုတွင် ပိုးမတွေ့မှသာ အသင်းနှင့် ပူးပေါင်းရမည်ဖြစ်သည်။ ထို့ကြောင့် ချဲလ်ဆီး၏ လေ့ကျင့်ရေးအစီအစဉ်တွင် ကစားသမား အစုံအ လင်ဖြင့် လေ့ကျင့်နိုင်ခြင်းမရှိသေးပေ။

စက်တင်ဘာ ၁၂ ရက်တွင် စတင်တော့မည့် ၂၀၂၀-၂၀၂၁ ပရီးမီးယားလိဂ်ရာသီမစမီ လွန်ခဲ့သည့် တစ်ပတ်က ကလပ်အသင်း ၁၄ သင်းအနက် ကိုဗစ်ပိုးတွေ့ရှိသူ ကစားသမားသစ် ၁၂ ဦး ထပ်မံတွေ့ ရှိခဲ့ရပြီး ရှက်ဖီးယူနိုက်တက်၊ ဘရိုက်တန်၊ ဝက်စ်ဟမ်းနှင့် အခြားအသင်းအချို့မှ ကစားသ မားများဖြစ်သည်။

ယမန်နှစ်ရာသီက ပရီးမီးယားလိဂ်တွင် အဆင့် ၄ နေရာရခဲ့သော ချဲလ်ဆီးသည် ယခုနှစ်ဘောလုံးရာ သီ ပရီးမီးယားလိဂ်ပွဲစဉ် ၁ အဖြစ် စက်တင်ဘာ ၁၄ ရက်တွင် ဘရိုက်တန်နှင့် အဝေးကွင်းပွဲစဉ် ယှဉ် ပြိုင်ရမည်ဖြစ်သည်။

Ref: dailymail

Facebook Comments Box
Facebook Comment