ချန်ပီယံလေးကြိမ်ဖြစ်ထားတဲ့ ဂျာမနီကို ဆာမူရိုင်းတွေ ဟန့်တားနိုင်မှာလား

✍️ မောင်ရဲတိုက်

⬛ ဂျာမနီ Vs ဂျပန်

ဂျာမနီဟာ ဥရောပအသင်းတွေထဲ ကမ္ဘာ့ဖလားနဲ့ အကျိုးပေးဆုံး အသင်းလို့ ပြောရမှာပါ။ ချန်ပီယံလေးကြိမ်ရထားသလို ဒုတိယနေရာ လေးကြိမ်၊ တတိယနေရာ ငါးကြိမ်ရထားတာမို့ ဥရောပအသင်းတွေထဲ မျိုးဆက်တွေတစ်ဆက်ပြီး တစ်ဆက် အောင်မြင်မှုကို လက်ဆင့်ကမ်းနိုင်တဲ့ တစ်ခုတည်းသော အသင်းလို့ သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့2018မှာတော့ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။ ဒါကြောင့်လည်း သက်တော်ရှည်နည်းပြ ဂျိုအာချင်လိုအစား ဘိုင်ယန်နည်းပြဟောင်း ဟန်ဆီဖလစ်ကို ခန့်အပ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီနှစ် ဂျာမနီရဲ့ထူးခြားချက်က လူငယ်ကစားသမားအများစုကို နေရာပေးထားတာဖြစ်ပါတယ်။ ဘိုင်ယန်နဲ့ဒေါ့မွန်က ကစားသမားအများစုနဲ့ ဖွဲ့စည်းထားသလို ရူဒီဂါ၊ ဂန်ဒိုဂန်၊ ကိုင်ဟာဗက်တို့လို ဂျာမန်ပြင်ပကစားသမားတွေလည်း ပါဝင်ထားပါတယ်။

ဂျပန်အသင်းက အာရှဇုန်အသင်းတွေထဲမှာ အင်အားကြီးတဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲတိုင်း အောင်မြင်ခဲ့သလို 16သင်းအဆင့်အထိလည်း အမြဲတက်ရောက်နိုင်ခဲ့တာတွေ့ရပါတယ်။ ဂျပန်အသင်းရဲ့ ထူးခြားချက်တစ်ခုက ကစားသမားအများစုက ဂျာမန်ဘွန်ဒက်လီဂါမှာ ကစားနေကြသူတွေဖြစ်နေတာပါ။ ဒါကြောင့် ဘိုင်ယန်နဲ့ဒေါ့မွန်ကို နှစ်သင်းတစ်သင်းလုပ်ထားတဲ့ ဂျာမနီကစားသမားတွေနဲ့ မစိမ်းတာမို့ ဘယ်လိုရင်ဆိုင်ရမလဲ ကောင်းကောင်းသိနေနိုင်သလို ဂျာမန်ကစားသမားတွေကလည်း သူတို့အထာကို ကောင်းကောင်းနပ်နေတာမျိုး ဖြစ်နိုင်ပါတယ်။

ကြေးဖွင့်လှစ်မှုအရ ဂျာမန်ဘက်ကနေ (၁-၅၀)နဲ့ အကျောပေးထားပြီး ဂိုးပေါင်းကြေးကတော့ (၃+၃၀)ခန့်နဲ့ စတင်ထားပါတယ်။ ဂျာမနီအသင်းရဲ့ နောက်ဆုံး၉ပွဲမှာ ဂိုးပေါ်တာနှစ်ပွဲသာရှိထားပြီး ဂျပန်အသင်းရဲ့ နောက်ဆုံး၁၀ပွဲမှာလည်း ဂိုးပေါ်တာ လေးပွဲသာရှိထားပေမယ့် ဂိုးပေါင်းကြေးကတော့ တခြားပွဲစဉ်တွေလို ပျော့ပြောင်းမနေတာ ထူးခြားပါတယ်။ ဘွန်ဒက်လီဂါကစားသမားတွေနဲ့ စုဖွဲ့ထားကြတဲ့ ဒီနှစ်သင်းရဲ့တွေ့ဆုံမှုကို ဘွန်ဒက်လီဂါဆန်ဆန် ဂိုးပေါင်းကြေးဖွင့်ထားသလား တွေးစရာပါ။ ဒါကြောင့် မရဏအုပ်စုထဲရောက်နေတဲ့ ဂျပန်ဟာ ခေါင်းငုံ့ခံနေဖို့မရှိတာကြောင့် အပြန်အလှန်သွင်းဂိုးတွေကို မြင်တွေ့ရမယ်လို့ ယုံကြည်နေပြီး တိုက်စစ်စုဖွဲ့မှုမှာ တစ်ဆင့်သာနေတဲ့ ဂျာမနီအသင်းက လိုအပ်တဲ့ဂိုးအရေအတွက်ကို မိနစ်ကိုးဆယ်အတွင်း သွင်းယူပေးနိုင်မယ်လို့ ယုံကြည်မိပါတယ်။

ဂျာမနီ ⭐⭐

ခန့်မှန်းရလဒ် (၃-၁)

⬛ စပိန် Vs ကော်စတာရီကာ

စပိန်အသင်းဟာ ဒီနှစ်ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ အဆင့်(၄)နေရာမှာ အလေးပေးခံနေရတာဖြစ်ပါတယ်။ ဘာစီလိုနာကစားသမား၈ယောက်အထိ ပါဝင်နေသလို လာလီဂါမှာကစားနေကြတဲ့ ကစားသမားအများစုနဲ့ ဖွဲ့စည်းထားတာမို့ လာလီဂါAll Starအသင်းလို့တောင် သတ်မှတ်နိုင်ပါတယ်။ အုပ်စုအနေအထားအရ မရဏအုပ်စုထဲရောက်နေတယ်လို့ ဆိုနိုင်ပြီး ဂျာမနီက သောမတ်မူလာနဲ့တွေ့ပြီး ဘာစီလိုနာကစားသမားတွေ ပြန်လည်မပေးဆပ်ရသေးခင်မှာ အခုလိုပွဲမျိုးကို အနိုင်ရအောင်ကစားထားဖို့ လိုနေတာဖြစ်ပါတယ်။ ခြေစမ်းပွဲရလဒ်တွေအရ စပိန်အသင်းရဲ့ခြေဟာ ချန်ပီယံလောင်းတစ်သင်းအဖြစ် သတ်မှတ်လို့ရနေတာလည်း တွေ့ရပါတယ်။ ခံစစ်ကလည်း လာလီဂါဟန်မပျက် နောက်ဆုံး၅ပွဲမှာ ၃ဂိုးသာပေးထားရတာမို့ ကော်စတာရီကာတို့ အမြင့်ဆုံးသရေသာမှန်းခွင့်ရမယ့် အနေအထားဖြစ်ပါတယ်။

ကော်စတာရီကာအသင်းဟာ ကမ္ဘာ့ဖလားကို ၃ကြိမ်သာဝင်ပြိုင်ဖူးသေးတဲ့ အသင်းဖြစ်ပေမယ့် ၂၀၁၄တုန်းက အင်္ဂလန်၊ ဥရုဂွေးတို့ပါဝင်တဲ့အုပ်စုထဲကနေ ရအောင်ရုန်းကန်ခဲ့ပြီး ကွာတားဖိုင်နယ်အထိ ရောက်ရှိခဲ့တာကို အားလုံးလည်း မှတ်မိမယ်ထင်ပါတယ်။ အခုအနေအထားအရ အားနည်းတဲ့အသင်းတစ်သင်းလို့ သတ်မှတ်နိုင်ပေမယ့် မမျှော်လင့်ဘဲ ကော်ကောင်ထဖြစ်သွားနိုင်တာမျိုးလည်း ရှိနိုင်ပါတယ်။ အသင်းရဲ့လူအင်အားဟာ ဥရောပထိပ်တန်းလိဂ်က ကစားသမားတွေရှိမနေပေမယ့် စိတ်အားငယ်ငယ်နဲ့ စပိန်ကို အလျှော့ပေးကြမယ့်သူတွေတော့ မဟုတ်ပါဘူး။ ခြေစွမ်းပွဲရလဒ်တွေအရ အသင်းကြီးတွေကို သရေခံဆော့တဲ့အမှုမှာ ထူးချွန်သူတွေဖြစ်ကြောင်း ထင်ရှားပြီး နဂိုထဲက ဂိုးသိပ်မလာတဲ့ စပိန်အသင်းကို ကောင်းကောင်းကြီး တုံ့ပြန်ကစားနိုင်စွမ်းရှိနေတာ ထင်ရှားပါတယ်။

ကြေးဖွင့်လှစ်မှုမှာတော့ စပိန်အသင်းဘက်က (၃)ဂိုးအပြတ်နိုင်မှ ပျော်ခွင့်ရမယ့်သဘောကိုတွေ့နေရပြီး ဂိုးပေါင်းကိုတော့ (၃+၅၀)ဝန်းကျင်ခန့်မှာ စတင်ထားပါတယ်။ စပိန်အသင်းရဲ့ ပြီးခဲ့တဲ့ပွဲတွေမှာ ၃ဂိုးပြတ်နိုင်ပွဲဆိုလို့ တစ်ပွဲသာရှိထားတာဖြစ်ပေမယ့် အခုလို (၂-၅၀)ဝင်ရိုးမှာ ကြေးတည်ထားခြင်းဟာ အောက်အသင်းဘက်က ခေါ်ကြေးဖြစ်နေသလို ခံစားရပါတယ်။ မရဏအုပ်စုထဲရောက်နေတာမို့ လိုအပ်လာရင် အမှတ်အပြင် ရဂိုးတွေနဲ့ပါ ဆုံးဖြတ်ကြရဖို့ရှိနေတာမို့ နိုင်သလောက်သွင်းမှရမယ့် အခြေအနေတွေက စပိန်ရဲ့ ဂိုးပြတ်နိုင်ပွဲကို မြင်တွေ့ရနိုင်မယ်လို့ ယူဆမိပါတယ်။

စပိန် ⭐⭐

ခန့်မှန်းရလဒ် (၃-၀)

⬛ မော်ရိုကို Vs ခရိုအေးရှား

အာဖရိကဇုန်ကနေ ခြေစစ်ပွဲအောင်မြင်လာတဲ့ မော်ရိုကိုဟာ ပြီးခဲ့တဲ့နှစ်မှာ အုပ်စုအဆင့်ကနေ ရမှတ်တစ်မှတ်သာရရှိပြီး အိမ်ပြန်ခဲ့ရတဲ့အသင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်မှာတော့ မနှစ်က အရှက်ရခဲ့မှုတွေကို ချေဖျက်ပြနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်ဂျီယံ၊ ခရိုအေးရှားတို့နဲ့ တစ်အုပ်စုတည်းကျနေခြင်းက သူတို့ရဲ့ နောက်တစ်ဆင့်အိပ်မက်ကို ခက်ခဲစေနိုင်ပါတယ်။ အသင်းရဲ့လူစာရင်းမှာတော့ နောက်တန်းမှာ ဟာကီမီ(PSG)၊ ကွင်းလယ်မှာ ဟာကင်ဇီယက်ခ်ျ(ချယ်ဆီး)နဲ့ ရှေ့တန်းမှာ ဆီဗီးလားတိုက်စစ်မှူး အန်နက်စရီတို့လို လုပ်တတ်ကိုင်တတ် စီနီယာတွေရှိနေခြင်းက ခရိုအေးရှားတို့ အရွှေ့မှားရင် အစားခံရမယ့် အနေအထားဖြစ်ပါတယ်။

ခရိုအေးရှားကတော့ ပြီးခဲ့တဲ့2018က ဖိုင်နယ်အထိတက်နိုင်ခဲ့တဲ့အသင်းဖြစ်ပြီး ပြင်သစ်ကို အားမတန်လို့ မာန်လျှော့ခဲ့ရလို့ ဒုတိယအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ ခရိုအေးရှားမှာ အရည်အသွေးမြင့်တိုက်စစ်မှုးတွေမရှိပေမယ့် သူတို့ရဲ့ ကွင်းလယ်လုပ်အားကြောင့် အောင်မြင်မှုတွေရနေတာဖြစ်ပါတယ်။ ရီးရဲလ်စတား မိုဒရစ်၊ စပါးမှာရောက်နေတဲ့ ပါရီဆစ်၊ ချယ်ဆီးရဲ့ ကွင်းလယ်လူ ကိုဗာဆစ်တို့ရဲ့ လုပ်အားနှုန်းတွေက တစ်ဖက်က မော်ရိုကိုကို ကောင်းကောင်းကြီး စီးပိုးကစားနိုင်စွမ်း ရှိပါတယ်။ ခရိုအေးရှားရဲ့ နေးရှင်းလိဂ်ပွဲတွေနဲ့ ခြေစမ်းပွဲရလဒ်တွေကို ကြည့်ရင် တစ်ပွဲသာရှုံးနိမ့်ထားတာကို တွေ့ရမှာဖြစ်ပြီး ပြင်သစ်ကိုတောင် ကောင်းစွာဖြတ်ကျော်ပြီး ဆီမီးအထိတက်ခဲ့တဲ့အထိ ခြေစွမ်းပြထားတာတွေ့ရပါတယ်။

ကြေးဖွင့်လှစ်မှုအရ ‌ခရို‌အေးရှားဘက်က သရေ၇၀ရှုံးနဲ့ ဖွင့်လှစ်ထားပါတယ်။ ဂိုးပေါင်းကတော့ (၂-၃၀)နဲ့စတင်ထားတာမို့ မမှားအောင်ကစားကြမယ့် အသင်းနှစ်သင်းရဲ့ အနေအထားနဲ့ လိုက်ဖက်လွန်းနေပါတယ်။ ခရိုအေးရှားဘက်က ကွင်းလယ်လုပ်အားကောင်းပေမယ့် လက်လက်ထနေတဲ့ တိုက်စစ်မှုးမျိုး မပါဝင်နိုင်ခြင်းက ဒီပွဲမှာ ဂိုးတွေများများထွက်လာပါ့မလား စိုးရိမ်စရာပါ။ မော်ရိုကိုမှာလည်း လုပ်တတ်ကိုင်တတ်တဲ့ ဟာကီမီ၊ ဇီယက်ခ်ျတို့ ရှိနေပေမယ့် သူတို့ကိုယ်တိုင်က သက်ဆိုင်ရာကလပ်တွေမှာ ဘုန်းမီးနေလဖြစ်မနေတာကြောင့် အားရစရာမရှိပါဘူး။ သမ္ဘာက စကားပြောလာမယ့် အနေအထား‌မှာ လုပ်ရည်ကိုင်ရည်ပိုရှိပြီး အနိုင်ရဖို့များနေတဲ့ ခရိုအေးရှားဘက်ကိုပဲ ရွေးချင်မိပါတယ်။

ခရိုအေးရှား ⭐⭐⭐

ခန့်မှန်းရလဒ် (၁-၀) (၂-၀)

⬛ ဘယ်ဂျီယံ Vs ကနေဒါ

ဘယ်ဂျီယံရွှေရောင်မျိုးဆက်တို့အတွက် ကမ္ဘာ့ဖလား နောက်ဆုံးအခွင့်အရေးလည်းဖြစ်ပါတယ်။ ၂၀၁၈တုန်းက ဆီမီးမှာ ပြင်သစ်ကို ကံခေလို့ အရေးနိမ့်ခဲ့ရပြီး တတိယ‌နဲ့သာကျေနပ်ခဲ့ရတာကို ဒီနှစ်မှာ ချေဖျက်နိုင်ဖို့ကြိုးစားရမှာ ဖြစ်ပါတယ်။ အသင်းရဲ့ လူစာရင်းမှာ လူကာကူ၊ ထရော့ဆက်တို့ ဒဏ်ရာပြဿနာရှိနေလို့ ဘက်ရှုရာယီနဲ့ ဟာဇက်တို့တိုက်စစ်က ဘယ်အထိ အလုပ်ဖြစ်မလဲဆိုတာက စောင့်ကြည့်ရမယ့်အနေအထားပါ။ ကွင်းလယ်မှာတော့ စက်ရုပ်လူသား ဒီဘရိုင်းအပါအဝင် အင်အားအပြည့်ရှိနေခြင်းက ကနေဒါနဲ့ အဖွင့်ပွဲအတွက် လုံလောက်တဲ့ အနေအထားလို့ ခံစားမိစေပါတယ်။

ကနေဒါကတော့ ကိုယ့်မြေကိုယ့်ရေ မဟုတ်ရင် ဝေ့ဝဲသွားတတ်တဲ့ သဘောကို ခြေစစ်ပွဲတွေမှာထဲက တွေ့မြင်ခဲ့ရပါတယ်။ နောက်ဆုံးခြေစစ်ပွဲမှာ ဟွန်ဒူးရပ်စ် ကိုတောင် အရှုံးပေးထားရတာကြီးက ကြည့်ရတာ အဆင်မပြေပါဘူး။ ခြေစမ်းပွဲတွေမှာတော့ ဂျပန်ကိုနိုင်ထားလို့ မဆိုးဘူးထင်ရပေမယ့် ဥရုဂွေးကိုရှုံးပြီး ဘာရိန်းကို သရေကျပစ်လိုက်တာမျိုးကြီးက အကောင်းမြင်ပေးလို့မရပါဘူး။ ဘယ်ဂျီယံကို သရေခံဆော့မှာ သေချာနေတယ်ဆိုပေမယ့် အဲ့လိုကြိုးဝိုင်းထောင့်မှာ အချိန်ပြည့်တဲ့အထိ ပေပြီးအထိုးခံနိုင်မှာလားဆိုတာကျ မသေချာတော့ပြန်ပါဘူး။

ဒီပွဲမှာ ဘယ်ဂျီယံဘက်က (၁-၂၀)နဲ့ ကြေးဖွင့်ထားလို့ ကြေးအနည်းငယ်ပျော့သယောင်ရှိပေမယ့် တိုက်စစ်မှုးနှစ်ဦးမပါတဲ့ အနေအထားမှာ ဒီလောက်ကတော့ မျှတတယ်လို့ ယူဆလို့ရပါတယ်။ ဂိုးပေါင်းမှာတော့ (၃+၆၀)နဲ့ဖွင့်လှစ်ထားတာမို့ ကနေဒါရဲ့ခံစစ်က ၂ဂိုးသာ လက်ကုန်ခွင့်ပြုမယ်လို့ ဘွတ်ကီတွေတွက်ဆထားပုံပါပဲ။ ဒါပေမယ့် ဘယ်ဂျီယံရဲ့သဘောထားက ဘယ်အထိရှိမလဲ မသိနိုင်သေးလို့ ဂိုးအောက်ကိုတော့ အန္တရာယ်များတယ်လို့ ထင်မိပါတယ်။ ဒါကြောင့် လက်ရှိအနေအထားအရ အဓိကတိုက်စစ်မှုးတွေမပါဝင်နိူင်သေးသည့်တိုင် ကွင်းလယ်လုပ်အားကနေ ဟာဇက်တို့ Tap Inလုပ်ရုံလေးနဲ့ ဂိုးတွေရလာနိုင်တဲ့ ဘယ်ဂျီယံကိုပဲ ရွေးချယ်ကြည့်ချင်ပါတယ်။

ဘယ်ဂျီယံ ⭐⭐⭐

ခန့်မှန်းရလဒ် (၂-၀) (၃-၀)

ဒီညရဲ့ ရွေးချယ်မှုတွေကို အနှစ်ချုပ်ရရင်

ခရိုအေးရှား ⭐⭐⭐

ဘယ်ဂျီယံ ⭐⭐⭐

ဂျာမနီ ⭐⭐

စပိန် ⭐⭐ဆိုပြီး ရွေးချယ်ထားတာဖြစ်ပါတယ်။

တစ်ခါတစ်ရံ ထင်မှတ်မထားတာတွေ ဖြစ်လာနိုင်တဲ့ ကမ္ဘာ့ဖလားရဲ့ မာယာတွေကြားမှာ စာဖတ်သူမိတ်ဆွေများ အောင်မြင်စွာဖြတ်ကျော်နိုင်ဖို့ ကျွန်တော့်ရဲ့ ရွေးချယ်မှုလေးတွေက အနည်းငယ် အထောက်အကူပြုနိုင်စေဖို့ မျှော်လင့်ရင်း နှုတ်ဆက်ခဲ့ပါတယ်။

အားလုံး အောင်ပွဲဆင်နိုင်ကြပါစေ။

#soccer88

Facebook Comments Box
Facebook Comment