
ခံစစ်ညံ့တဲ့ ဝက်စ်ဘရွန်းကို ၂ ဂိုးပြတ်အနိုင်ယူမယ့် ယူနိုက်တက်
ပရီးမီးယားလိဂ် ပွဲစဉ် ၉ ပွဲကြိုသုံးသပ်ချက်

နယူးကာဆယ် Vs ချဲလ်ဆီး
ည ရး၀၀ နာရီ(စိန့်ဂျိမ်းစ်ပါ့ခ်)
နယူးကာဆယ်ကွင်း နောက်ဆုံး ၃ ပွဲရလဒ်
၁၉-၁-၂၀၂၀ နယူးကာဆယ် ၁-၀ ချဲလ်ဆီး
၂၆-၈-၂၀၁၈ နယူးကာဆယ် ၁-၂ ချဲလ်ဆီး
၁၃-၅-၂၀၁၈ နယူးကာဆယ် ၃-၀ ချဲလ်ဆီး
နောက်ဆုံးပွဲမှာ ဆောက်သမ်တန်ကို ၂ ဂိုးပြတ်ရှုံးနိမ့်ထားတဲ့ နည်းပြစတိဗ်ဘရုစ်ရဲ့ နယူးကာဆယ်ဟာ ပုံမှန်ခြေစွမ်းမရှိဘဲ နောက်ဆုံး လိဂ် ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံးထားပါတယ်။
နယူးကာဆယ်အတွက် သတင်းကောင်းက ဒီရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၁၀ ဂိုးအနက် ၇ ဂိုးပါဝင်ပတ်သက်ထားတဲ့(၆ ဂိုးသွင်း၊ ၁ ဂိုးဖန်တီး) တိုက်စစ်မှူး ကလမ်ဝီလ်ဆင် တံကောက်ကြောဒဏ်ရာ ပြန်လည်သက်သာကာ အခုပွဲမှာ ပါဝင်ကစားမယ့် အချက်ပါပဲ။
ပရီးမီးယားလိဂ် ၆ ပွဲအပါ ပြိုင်ပွဲစုံ ၁၁ ပွဲဆက် ရှုံးပွဲမရှိသေးတဲ့ ချဲလ်ဆီးမှာ တော့ ပူလီဆစ်၊ သီယာဂိုဆေးလ်ဗားတို့ ပါဝင်ဖွယ်မရှိဘဲ ကိုဗစ်ပျောက်ကင်းလာတဲ့ ကိုင်ဟာဗက်ဇ်ကတော့ လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။
ချဲလ်ဆီးဟာ စိန့်ဂျိမ်းစ်ပါ့ခ်မှာ ရုန်းကန်ရလေ့ရှိပြီး နောက်ဆုံး ၃ ပွဲမှာ ၁ ပွဲနိုင်၊ ၂ ပွဲရှုံးထားပေမယ့်လည်း အခုပွဲမှာတော့ ၁-၃၀ အထိ အကျောပေးထားပါတယ်။
ချဲလ်ဆီး အနိုင်ရမှာဖြစ်ပေမယ့်လည်း ဂိုးမပြတ်လောက်ပါဘူး။
ခန့်မှန်းရလဒ် – နယူးကာဆယ် ၁-၂ ချဲလ်ဆီး

အက်စတွန်ဗီလာ Vs ဘရိုက်တန်
ည ၉း၃၀ နာရီ(ဗီလာပါ့ခ်)
ဗီလာကွင်း နောက်ဆုံး ၃ ပွဲရလဒ်
၁၉-၁၀-၂၀၁၉ ဗီလာ ၂-၁ ဘရိုက်တန်
၇-၅-၂၀၁၇ ဗီလာ ၁-၁ ဘရိုက်တန်
၂၃-၁-၂၀၁၀ ဗီလာ ၃-၂ ဘရိုက်တန်
၂ ပွဲဆက်ရှုံးနိမ့်ပြီးမှ နောက်ဆုံးပွဲမှာ အာဆင်နယ်ကို ၃ ဂိုးပြတ် အနိုင်ယူခဲ့တဲ့ ဗီလာဟာ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။
ဗီလာဟာ ဘရိုက်တန်ကို ဧည့်ခံကစားတဲ့ ပြိုင်ပွဲစုံ ၁၂ ပွဲစလုံး ရှုံးပွဲမရှိဘဲ ၉ ပွဲနိုင်၊ ၃ ပွဲသရေကျထားပါတယ်။
၃ ပွဲအပယ်ခံထားရတဲ့ ဘရိုက်တန်ကပ္ပတိန် လူးဝစ်ဒန့်ခ် ပြန်ကစားနိုင်မှာက နည်းပြ ဂရေဟမ်ပေါ်တာအတွက် အားတက်စရာပါပဲ။
အခုပွဲမှာ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲဆက် နိုင်ပွဲမရှိဘဲ ၃ ပွဲသရေ၊ ၃ ပွဲရှုံးထားတဲ့ ဘရိုက်တန်ကို အိမ်ရှင်ဗီလာက =၆၀ သာ ဖွင့်လှစ်ထားတာက ပျော့လွန်းပါတယ်။
ဘရိုက်တန်နဲ့ အရဲစွန့်ချင်ပါတယ်။
ခန့်မှန်းရလဒ် – ဗီလာ ၁-၁ ဘရိုက်တန်

စပါး Vs မန်စီးတီး
ည ၁၂း၀၀ နာရီ(တော့တင်ဟမ်ဟော့စပါးကွင်း)
စပါးကွင်း နောက်ဆုံး ၃ ပွဲရလဒ်
၂-၂-၂၀၂၀ စပါး ၂-၀ မန်စီးတီး
၁၀-၄-၂၀၁၉ စပါး ၁-၀ မန်စီးတီး
၃၀-၁၀-၂၀၁၈ စပါး ဝ-၁ မန်စီးတီး
ရလဒ်ကောင်းတွေ ရယူနေတဲ့ အသင်းတွေဖြစ်လို့ ပြိုင်ဆိုင်မှုပြင်းထန်မှာ သေချာပြီး အိမ်ရှင်စပါးမှာ ဒိုဟာတီ၊ ဘတ်ဝင်း၊ လာမယ်လာတို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
ဆွန်ဟောင်မင်နဲ့ ဟယ်ရီကိန်းတိုက်စစ်အတွဲကို မန်စီးတီးနောက်တန်း ထိန်းချုပ်နိုင်ဖို့ ကြိုးစားရမှာပါ။
အဆင့် ၁၀ နေရာက မန်စီးတီးမှာ ဖာနန်ဒင်ညို မပါနိုင်ပေမယ့် အဂွဲရိုးနဲ့ စတာလင်းတို့ကတော့ ပြန်ကစားနိုင်ဖွယ် ရှိပါတယ်။
အဆင့် ၂ နေရာက စပါးကို မန်စီးတီးက ၁+၇၀ ဖွင့်လှစ်ထားပြီး မော်ရင်ညိုရဲ့အသင်းကို အားပေးချင်ပါတယ်။
ခန့်မှန်းရလဒ် – စပါး ၁-၁ မန်စီးတီး

မန်ယူနိုက်တက် Vs ဝက်စ်ဘရွန်း
ည ၂း၃၀ နာရီ(အိုးလ်ထရက်ဖို့ဒ်)
ယူနိုက်တက်ကွင်း နောက်ဆုံး ၃ ပွဲရလဒ်
၁၅-၄-၂၀၁၈ ယူနိုက်တက် ဝ-၁ ဝက်စ်ဘရွန်း
၁-၄-၂၀၁၇ ယူနိုက်တက် ဝ-၀ ဝက်စ်ဘရွန်း
၇-၁၁-၂၀၁၅ ယူနိုက်တက် ၂-၀ ဝက်စ်ဘရွန်း
နောက်ဆုံးပွဲမှာ အဲဗာတန်ကို အနိုင်ရထားတဲ့ ယူနိုက်တက်ဟာ ဒီရာသီ လိဂ်အိမ်ကွင်းနိုင်ပွဲ မရသေးဘဲ ရက်ရှ်ဖို့ဒ်၊ တဲလက်စ်တို့ ပါဝင်နိုင်ဖွယ် ရှိနေပါတယ်။
ဆိုးလ်ရှားအတွက် အခုပွဲက မဖြစ်မနေ အနိုင်ကစားရမယ့်ပွဲဖြစ်ပြီး ကာဗာနီကို ပွဲထွက်လူစာရင်းက အသုံးပြုမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။
အဆင့် ၁၈ နေရာက ဝက်စ်ဘရွန်းကတော့ ဇူလိုင် ၈ ရက်နောက်ပိုင်း အမှတ်ပေးပွဲ ၁၂ ပွဲဆက် နိုင်ပွဲမရှိသေးဘဲ ၆ ပွဲသရေ၊ ၆ ပွဲရှုံးထားပါတယ်။
အခုပွဲမှာ ယူနိုက်တက်က ၁-၈၀ အထိ အကျောပေးထားပြီး သရဲနီတွေနဲ့ပဲ လက်တွဲရမှာပါ။
ခန့်မှန်းရလဒ် – ယူနိုက်တက် ၂-၀ ဝက်စ်ဘရွန်း