
“ခဲလေသမျှ သဲရေကျခဲ့သူများရဲ့ ရွှေအိုရောင်တိုက်ပွဲ”

✍️ မောင်ရဲတိုက်
◾ ခရိုအေးရှား Vs မော်ရိုကို
🟥 ခရိုအေးရှား
ရွှေအိုရောင်မိုဒရစ်၊ လိုဗရန်နဲ့ ပါရီဆစ်တို့အတွက် ဒီပွဲဟာနောက်ဆုံးကစားတဲ့ ကမ္ဘာ့ဖလားပွဲဖြစ်ပါတယ်။ ဆီမီးကို နှစ်ကြိမ်ဆက် တက်နိုင်ခဲ့လည်း ဖလားနဲ့ကင်းကွာခဲ့ရတာကြောင့် ချန်ပီယံဖြစ်ရေးဟာ နောက်မျိုးဆက်တွေ ဆက်ရေးရမယ့် သမိုင်းတာဝန်တစ်ခု ဖြစ်ခဲ့ပါပြီ။ လာမယ့်မျိုးဆက်သစ်တွေထဲနောက်ထပ် မိုဒရစ်တွေ ထွက်ပေါ်လာဦးမလား။ ဒါမှမဟုတ် ခရိုအေးရှားလို့ ကြားလိုက်တိုင်း မိုဒရစ်ကိုသာလွမ်း ဖြစ်ကြရဦးမလား စောင့်ကြည့်ရပါဦးမယ်။
ခရိုအေးရှားအတွက် ဒီညမှာ ညာနောက်ခံလူ ဂျူရန်နိုဗစ်နဲ့ ကွင်းလယ်လူ ဘရိုဇိုဗစ်တို့ ဒဏ်ရာပြဿနာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဂျူရန်နိုဗစ်နေရာမှာ ဘိုင်ယန်က လူငယ်ခံစစ်မှူးတစ်ဦးဖြစ်တဲ့ စတန်နီဆစ်ကို ကစားစေဖို့ရှိပြီး၊ ဘရိုဇိုဗစ်နေရာမှာတော့ ဖရန့်ဖတ်ကွင်းလယ်လူ ဂျာကစ်ကို အသုံးပြုဖို့ရှိနေပါတယ်။ အသင်းကြီးကစားသမားတွေဖြစ်လို့ ကျရာတာဝန်ကို အကောင်းဆုံးကျေပွန်ကြမယ်လို့ မျှော်လင့်ရပါတယ်။ ကျန်ကစားသမားတွေကတော့ ကြံ့ခိုင်မှုအပြည့်နဲ့ရှိနေတာမို့ ဆုတံဆိပ်တစ်ခုကို အမိမြေဆီ သယ်ဆောင်သွားဖို့ အသင့်ဖြစ်နေကြပါပြီ။အာဂျင်ကို ဂိုးပြတ်ရှုံးခဲ့သည့်တိုင် မိုဒရစ်၊ ကိုဗာဆစ်တို့ရဲ့ ကွင်းလယ်ဟာ အကောင်းဆုံးလုပ်ပြနိုင်ဆဲဆိုတာ သံသယဝင်စရာမရှိပါဘူး။ အထူးသဖြင့် လက်ရွေးစင်ကစားသမားဘဝရဲ့ နောက်ဆုံးပွဲစဉ်မှာ အနိုင်မှတ်တမ်းတစ်ခုနဲ့ ပြီးဆုံးနိုင်ဖို့ မိုဒရစ်နဲ့ပါရီဆစ်တို့ အထူးကြိုးစားကြလိမ့်မယ်လို့ ထင်မြင်မိပါတယ်။
⬜ မော်ရိုကို
အာဖရိကနဲ့ အာရှအသင်းတွေဟာ ဘောလုံးကမ္ဘာမှာ အဖြည့်ခံတွေသာဖြစ်ခဲ့တာ ကြာမြင့်ခဲ့ပါပြီ။ ဒါပေမယ့် မော်ရိုကိုဟာ ဒီကလန်ဒါကိုဖျက်ဖို့ ဘောလုံးနတ်ဘုရားစေလွှတ်လိုက်တဲ့ တမန်တော်တွေ ဖြစ်ခဲ့ပါတယ်။ ဒီမှာ အဆင့်(၄)နဲ့ ထွက်ခဲ့ရရင်တောင် သူတို့ကို ဘယ်သူ မထီမဲ့မြင်ပြုရဲပါ့မလဲ။ အရန်လူစာရင်းသာ တောင့်တောင့်တင်းတင်းဖြစ်ခဲ့ရင် သူတို့ဟာ ဖလားတက်သိမ်းတဲ့ ပထမဆုံးအာဖရိကန်တွေ ဖြစ်သွားနိုင်တာပဲ။ ပြင်သစ်ကို အားမတန်လို့ မာန်လျှော့ခဲ့ရပေမယ့် သူတို့ရဲ့ ကြိုးစားမှုနဲ့ ရဲရင့်မှုကိုတော့ အသိအမှတ်ပြုရမှာပဲဖြစ်ပါတယ်။
မော်ရိုကိုအတွက် ဒီညပွဲမှာလည်း ကံမပေးသေးဘူးထင်ပါတယ်။အဓိကနောက်ခံလူတွေဖြစ်တဲ့ အသင်းခေါင်းဆောင် ဆစ်စီ၊ မာဇရာအူရီ၊ အဂူရက်တို့ကို ဒဏ်ရာပြဿနာနဲ့ လက်လွှတ်ရဖို့ ရှိနေပါတယ်။ ဒဏ်ရာရှိသူကို မဆင်မခြင် ထည့်ကစားစေခြင်းဟာ ခံစစ်ကို အားလျော့သွားစေကြောင်း ပြင်သစ်နဲ့ပွဲမှာ သင်ခန်းစာကြီးကြီးရခဲ့ပြီမို့ ဒီကစားသမားတွေကို အနားပေးဖို့များနေပါတယ်။ ခံစစ်အားနည်းသွားတာကို ဖာထေးဖို့ မော်ရိုကိုဟာ တိုက်စစ်ကို အရှိန်မြှင့်လိုက်ပြီး ပြင်သစ်နဲ့ပွဲမှာ ဂိုးပေါက်ပိတ်ဆော့နေတဲ့ ပုံစံကို မတွေ့ရတော့ဘဲ အခွင့်အရေးတွေများစွာ ရရှိခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် ဟာကီမီ၊ ဇီယက်ခ်ျတို့ရဲ့ ညာခြမ်းကနေ တိုက်စစ်ကိုပုံဖော်လာမှာဖြစ်ပြီး အုပ်စုတွင်းတွေ့ဆုံစဉ်ကလို (၀-၀)နဲ့ ပိတ်ကစားတော့မှာ မဟုတ်ဘူးလို့ ယူဆမိပါတယ်။
📈 ကြေးဖွင့်လှစ်မှု
ဒီပွဲရဲ့ မူလတည်ကြေးမှာ ခရိုအေးရှားဘက်က သရေ(၃၀)ရှုံးနဲ့စတင်ထားပါတယ်။ ဒီမနက်မှာတော့ သရေ၃၅ကို အနည်းငယ်တက်လာပြီး ဂိုးပေါင်းမှာတော့ (၃+၉၀)ကနေ (၃+၁၀၀)ကို ပြန်ကျလာတာ တွေ့ရပါတယ်။ ထူးခြားတာက ဒီနှစ်သင်းဟာ (၀-၀)ဆိုတဲ့ရလဒ်တွေ အများဆုံးရလေ့ရှိပြီး ဂိုးအောက်တွေသာ ကစားထားတာများပေမယ့် ဂိုးပေါင်းကြေးက (၃+၁၀၀)ဖြစ်နေပါတယ်။ ဒါ့အပြင် ခရိုအေးရှားဂိုးသမား လီဗာကိုဗစ်နဲ့ မော်ရိုကိုဂိုးသမား ဘိုနူတို့ဟာ လက်ရှိပြိုင်ပွဲရဲ့ အကောင်းဆုံးဂိုးသမားတွေဖြစ်ပြီး ဂိုးကန်သွင်းမှုပေါင်းများစွာကို လက်စွမ်းပြကာကွယ်ထားတာ တွေ့ရပါတယ်။ ဒါပေမယ့် လက်ရှိမှာ နှစ်ဖက်အသင်းတွေရဲ့ ခံစစ်တွေက ဒဏ်ရာပြဿနာတွေရှိနေတာမို့ အခုလို ဂိုးပေါင်းကြေးပြင်းနေတယ်လို့ ယူဆမိပါတယ်။
📝 သုံးသပ်ချက်
Tournament တစ်ခုမှာ မကန်ချင်ဆုံးပွဲက တတိယလုပွဲပဲဖြစ်ပါလိမ့်မယ်။ တခြားပွဲတွေဟာ အုပ်စုအဆင့်ပဲဖြစ်ပါစေ၊ ချန်ပီယံဆိုတဲ့ ရွှေအိပ်မက်ကို မက်ခွင့်ရနေသေးပေမယ့် ဒီပွဲမှာတော့ ရွှေတွေအိုသွားတဲ့ ရွှေအိုရောင်အိပ်မက်ပဲ မက်ခွင့်ရတော့တာဖြစ်ပါတယ်။ ဒါပေမယ့် ကြေးတံဆိပ်ပဲဖြစ်ပါစေ၊ အမိနိုင်ငံအတွက် ဂုဏ်သိက္ခာအရ မသေးငယ်လှတာမို့ လက်ဗလာနဲ့ ပြန်မယ့်အစား နှစ်ဖက်လုံးက အပြင်းအထန် ကြိုးစားလာကြမှာဖြစ်ပါတယ်။ ဒါကြောင့် ပြိုင်ပွဲဟာ အုပ်စုအဆင့်တွေ့တုန်းကလို ခြောက်ကပ်နေမှာမဟုတ်ဘဲ ဂိုးတွေမြင်ရဖို့ များနေပါတယ်။ သူတင်ကိုယ်တင် အပြိုင်ယှဉ်ကြမယ့်ပွဲမှာ မိနစ်ကိုးဆယ်အတွင်း ၃ဂိုးပြည့်ဖို့ မခက်နိုင်ဘူးလို့ ယူဆမိတာမို့ ဂိုးပေါ်တစ်ကွက်ကို နှစ်သက်မိပြီး ဘော်ဒီအနေနဲ့ ခရိုအေးရှားဘက်ကပဲ ပြား၃၀လောက်ရင်းပြီး စွန့်စားကြည့်ချင်ပါတယ်။ မိုဒရစ်ရဲ့နောက်ဆုံးကမ္ဘာ့ဖလားကို အနိုင်ရလဒ်နဲ့ နှုတ်ဆက်နိုင်မယ်လို့ ထင်မိပါကြောင်း အကြံပြုရေးသားလိုက်ရပါတယ်။
🎯 ရွေးချယ်မှု
✅ ဂိုးပေါ်
✅ ခရိုအေးရှား
⚽ ခန့်မှန်းရလဒ် = (၂-၁)
အားလုံး အောင်ပွဲဆင်နိုင်ကြပါစေ။