ခရိုအေးရှားဘက်ကို ဂိုးမသွင်းနိုင်ပေမယ့် နာရီပိုင်းအကြာမှာပဲ အရေးကြီးဂိုးတစ်ဂိုး သွင်းခဲ့တဲ့ ဖာနန်ဒက်စ်

ယမန်နေ့ညက ကစားခဲ့သော နေးရှင်းလိဂ်ပွဲစဉ်တွင် ယူရို ၂၀၁၆ ချန်ပီယံ ပေါ်တူဂီအသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလား ဒုတိယဆုရှင် ခရိုအေးရှားအသင်းကို ၄-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။

အဆိုပါပွဲတွင် မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်သည် ပွဲထွက်လူစာရင်းမှ ပါဝင်ကာ ခြေစွမ်းပြ ကစားနိုင် သော်လည်း ဂိုးမသွင်းနိုင်ခဲ့ပေ။ သို့သော်လည်း ယူအီးအက်ဖ်အေက ပေါ်တူဂီတိုက်စစ်ကို အကောင်းဆုံး ပံ့ပိုးနိုင်ခဲ့သည့် ၎င်းကို ထိုပွဲစဉ်၏ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့သည်။

အသက် ၂၅ နှစ်အရွယ် ဖာနန်ဒက်စ်သည် ပေါ်တိုတွင် ခရိုအေးရှားကို ဂိုးပြတ်အနိုင်ယူခဲ့သောပွဲတွင် ဂိုးမသွင်းနိုင်သော်လည်း ပွဲအပြီး နာရီပိုင်းအကြာတွင်မူ ဘဝအတွက် အကောင်းဆုံး ဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့သည်ဟု ၎င်းက အင်စတာဂရမ်တွင် ပို့စ်တင်ခဲ့သည်။

အကြောင်းက ဇနီးသည် အန်နာက ၎င်းအတွက် ဒုတိယမြောက်ရင်သွေးကို အောင်မြင်စွာ မွေးဖွားပေးခဲ့ခြင်း ကြောင့်ဖြစ်သည်။ ဖာနန်ဒက်စ်သည် ပွဲပြီးပြီးချင်း ဇနီးသည်ရှိရာဆေးရုံသို့ အလျင်အမြန် သွားရောက်ချင်သော်လည်း တားမြစ်ဆေးဝါးသုံးစွဲမှု စစ်ဆေးမှု ခံယူနေရသောကြောင့် နောက်ကျခဲ့ရသေးသည်။

သို့သော် စစ်ဆေးမှုပြီးသည်နှင့် ဆေးရုံသို့ အပြေးအလွှားသွားရောက်ခဲ့ပြီး ခရိုအေးရှားနှင့်ပွဲစဉ်အပြီး ၄ နာ ရီအကြာ စက်တင်ဘာ ၆ ရက် နံနက် ၁၂ နာရီခွဲအချိန်တွင် ဇနီးသည် အန်နာက ဂွန်ကာလိုဆိုသည့် သားငယ် လေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည်။

ပေါ်တူဂီအသင်းအတွက် ပွဲ ၂၀ တွင် ၂ ဂိုးသွင်းထားသူ ဖာနန်ဒက်စ်က “‘၃၈ ပတ်နဲ့ ၆ ရက်အကြာ ဒီနေ့မှာ တော့ ကျွန်တော့်ဘဝအတွက် အရေးအကြီးဆုံး ဂိုးတစ်ဂိုးကို သွင်းနိုင်ခဲ့တယ်။ ဒီဂိုးသွင်းနိုင်ဖို့ ၉ လနီးပါး လောက် စောင့်ခဲ့ရတယ်။ ဂိုးပိုက်ထဲ ဘောလုံးဝင်သွားတာကို တွေ့မြင်ရဖို့ စိုးရိမ်တကြီး စောင့်ခဲ့ရသေးတယ်” ဟု အင်စတာဂရမ်တွင် ရေးသားသည်။

ဖာနန်ဒက်စ်တို့ ဇနီးမောင်းနှံတွင် မာတီလ်ဒီဆိုသည့် ၃ နှစ်ကျော်အရွယ် သမီးတစ်ဦးရှိပြီး ဖာနန်ဒက်စ်သည် သမီး ၃ နှစ်ပြည့်သည့် ၂၀၂၀ ဇန်နဝါရီ ၃၁ ရက်တွင် စပို့တင်းလစ္စဘွန်းမှ မန်ယူသို့ ယူရို သန်း ၈၀ ဖြင့် ပြောင်းရွှေ့ခဲ့သည်။

Ref:dailymail

Facebook Comments Box
Facebook Comment