ခရစ္စတီယာနိုရော်နယ်ဒိုနှင့် လီယွန်နယ်မက်ဆီတို့ရဲ့ ခေတ် ကုန်ဆုံးပြီလား?

၁၅ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အား လီယွန်နယ်မက်ဆီနှင့် ခရစ္စတီယာနိုရော်နယ်ဒိုတို့နှစ်ဦးစလုံး လွဲချော်မှု ဖြစ်လာပါတယ်။ မက်ဆီရဲ့ဘာစီလိုနာဟာ သောကြာနေ့တုန်းက လစွဘွန်းမှာ ဘိုင်ယန်မြူးနစ်ကို ၈-၂ ဂိုးဖြင့် အရှက်တကွဲရှုံးနိမ့်ကာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခဲ့ရပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ဂျူဗင်တပ်အသင်းမှာ လည်း ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွင် လိုင်ယွန်ရဲ့ဖြုတ်ချမှု ခံခဲ့ရပြီးဖြစ်ပါတယ်။

ဒါကြောင့် ၂၀၀၄-၀၅ ချန်ပီယံလိဂ်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ မက်ဆီနှင့်ခရစ္စတီယာနိုရော်နယ်ဒိုနှစ်ဦးမပါဝင်မှုဖြစ်ပါတယ်။၂၀၀၄-၀၅ ရာသီတုန်းက ချန်ပီယံလိဂ်ဖလားကို လီဗာပူးအသင်း ဆွတ်ခူးနိုင်ခဲ့ပြီးတဲ့နောက် ချန်ပီယံလိဂ်ဆီမီးဖို်ငနယ်အဆင့်သို့ ခရစ္စတီယာနိုရော်နယ်ဒို(သို့မဟုတ်)မက်ဆီတို့ တက်ရောက်နိုင်ခဲ့ပါတယ်။

ယခုနှစ်မှာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်သို့ ခရစ္စတီယာနိုရော်နယ်ဒို(သို့မဟုတ်)လီ ယွန်နယ်မက်ဆီမ တက်ရောက်နိုင်မှုက သူတို့နှစ်ဦး လွှမ်းမိုးလာခဲ့တဲ့ခေတ် ကုန်ဆုံးပြီလို့ အချက်ပြမှုလည်း ဖြစ်လာနိုင်ပါတယ်။

မက်ဆီဟာ Ballon d’Or ကို ခြောက်ကြိမ်ဆွတ်ခူးထားပြီး ခရစ္စတီယာနိုရော်နယ်ဒိုက ငါးကြိမ်ဆွတ်ခူးထားကာ ၂၀၁၈ ခုနှစ်တုန်းက လူကာမိုဒရစ်ဆွတ်ခူးမှုက ၂၀၀၈ ခုနှစ်နောက်ပိုင်း ခရစ္စတီယာနိုရော်နယ်ဒိုနှင့်မက်ဆီတို့ တစ်ယောက်တစ်လှည့်စီရယူမှုကြားထဲမှ ပထမဆုံးအကြိမ် အခြားကစားသမားတစ်ဦး ဆွတ်ခူးမှုဖြစ်ပါတယ်။၊

အာဂျင်တီးနားစတားမက်ဆီက ချန်ပီယံလိဂ်ဖလား လေးကြိမ်အထိ ဆွတ်ခူးထားနိုင်ပေမယ့် ၎င်းဟာ ၂၀၁၄-၁၅ နောက်ပိုင်းမှာ ဆွတ်ခူးထားနိုင်ခြင်းမရှိပါဘူး။အခြားတစ်ဖက်မှာ ခရစ္စတီယာနိုရော်နယ်ဒိုက ချန်ပီယံလိဂ်ဖလားကို ငါးကြိမ် ဆွတ်ခူးထားကာ မက်ဆီထက် တစ်ကြိမ်ပိုမိုရရှိထားပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုဟာ မန်ယူနှင့်တစ်ကြိမ်၊ ရီးရဲလ်မက်ဒရစ် လေးကြိမ် ဆွတ်ခူးထားနိုင်တာလည်း ဖြစ်ပါတယ်။

၎င်းတို့နှစ်ဦးတို့ရဲ့ တစ်ကိုယ်ဆုတံဆိပ်များကို လွှမ်းမိုးထားနိုင်မှုတို့ကြောင့် ဘယ်သူက အကောင်းဆုံးကစားသမားလဲဆိုတာနဲ့ပတ်သက်ပြီး အငြင်းပွားမှုကလည်း ဖြစ်လာခဲ့တာပါ။

ဒါပေမယ့် ယခုအခါ မက်ဆီရော ခရစ္စတီယာနိုရော်နယ်ဒိုပါ အသက်အရွယ်ရလာပြီဖြစ် တာနဲ့အညီ သူတို့ရဲ့ခေတ်အဆုံးသတ် အနားစွန်သို့ ရောက်နေပြီဆိုတာ သေချာသလောက်ရှိနေပြီ ဖြစ်ပါတယ်။

ဘောလုံးကမ္ဘာမှာ နှစ်စဉ် နှစ်တိုင်း ပါရမီရှင်ကစားသမားလေးတွေလည်း ထွက်ပေါ်လာလျက်ရှိနေပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒို၊ လီယွန်နယ်မက်ဆီတို့လိုမျိုး ပါရမီရှင်နှစ်ဦး ယှဉ်ပြိုင်မှုမျိုး နောက်ထပ် မြင်တွေ့ရဖို့တော့ အလွန်ခက်ခဲနေပါတယ်။

Facebook Comments Box
Facebook Comment