ခင်ဗျားလည်း ခင်ဗျားနိဗ္ဗာန်နဲ့ခင်ဗျား ကျွန်တော်လည်း ကိုယ့်စပါးနဲ့ကိုယ်

N ကြယ်မင်း

မနှစ်က ပရီးမီးယားလိဂ်ကို ပြန်သတိရနေမိပါတယ်။ ဒီနှစ် ဘယ်အသင်း ဗိုလ်စွဲမှာလဲဆို တဲ့ မေးခွန်းအလှူခံဖလား တွေ ရောက်လာတိုင်း လီဗာပူးပေါ့ဆိုတဲ့ အဖြေကို ကျွန်တော် ထည့်ဝင်ခဲ့ပါတယ်။

အဲ့ဒါက သိပ်ကိုလွယ်ကူပြီး သိပ်ကိုရိုးရှင်းတဲ့ အရာပါ။ လူတိုင်းဟာ လီဗာပူးရဲ့ဖြစ်ချိန်တန်မှု မိုးရွာမှာကို စောင့်နေ ခဲ့ကြတယ်။

မိုးသားတွေ မြင့်တက်လာပြီး၊ အားလုံးဟာ မိုးရဲ့အနံ့ကို စောင့်နေကြချိန်မှာမှ ထွက်ပြေးသွား တဲ့ မိုးရဲ့ရာသီတွေကို ကျော်ဖြတ်လာခဲ့ကြပြီးချိန်မှာပေါ့။

ကျွန်တော်ဟာ သူတို့ကို ချန်ပီယံမဲပေးဖို့ နှစ်ကာလလူတန်းကြီး ရှည်လျားစွာမှာ အတူရပ် စောင့်ခဲ့သူတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဂျာဂင်ကလော့ပ်က တကယ်လည်း အဲ့ဒါကိုပေးခဲ့တယ်။

ချန်ပီယံမိုးဟာ ကျွန်တော်တို့အားလုံးကို စိုစေခဲ့ပါတယ်။ အဖြေတစ်ခုအတွက် ကျွန်တော်တို့ မီးလောင်စရာမရှိတဲ့ ရာသီပါပဲ။

ဒီနှစ်မှာတော့ ကျွန်တော့်အတွက် နောက်ထပ်လီဗာပူး မရှိတော့ဘူးထင်တယ်။ လီဗာပူး ကိုယ်တိုင်က လီဗာပူး မဖြစ်တော့သလို ခံစားရချိန်မှာ ဘယ်အသင်း ချန်ပီယံဖြစ်မှာလဲဆို တာက ကျွန်တော့်ကိုမွှေပါတယ်။

ဒါက ခင်ဗျားတို့ဆီရောပေါ့။ တကယ်တော့ ရာသီက မစရသေးဘူး။ မေးခွန်းက ထွက်နေပြီဆို တာမျိုး ကျွန်တော် သိပ်လက်မခံချင်ပါဘူး။

မေးခွန်းသေတွေ ကျွန်တော်မချစ်ပါဘူး။ ရှင်နေတဲ့ မေးခွန်းတွေကသာ ကမ္ဘာကြီးရဲ့ အမှန်တရားကို အိပ်ရာကနိုး ထစေနိုင်တာပဲ။

ဒါပေမဲ့ အလုပ်သဘောအရပဲဖြစ်ဖြစ်၊ မလွဲှမရှောင်သာလု့ိပဲဖြစ်ဖြစ် အဖြေတစ်ခု ပေးရမယ့် အချိန်မှာ ကိုယ့်ဆီ အသင်းတစ်သင်းတော့ ရှိစေချင်ပါတယ်။

အဲ့ဒါက မြေပြင်ပေါ်က ပကတိအနေအထားကို တွက်ချက်ထားတာမျိုး မဟုတ်ဘဲ ဖြစ်စေချင်တဲ့ စိတ်ခံစားမှု လည်းရှိ၊ ဖြစ်သင့်ပြီ၊ ဖြစ်လု့ိရပြီလို့ အတွေ့အကြုံတစ်ခုခုနဲ့ ရိပ်မိသိရှိနေတဲ့ အသင်းမျိုးပေါ့။

မနှစ်က လီဗာပူးလိုပေါ့။ ရာသီအစက ဒီအမှုမှာ ဝိုးတဝါးဆန်လှပေမယ့် အခုတော့ အဲ့ဒီလိုအမှုမှာ တင်သွင်းနိုင်မယ့် အသင်းတစ်သင်း ကျွန်တော်ရခဲ့ပြီလု့ိ ထင်ပါတယ်။

အဲ့ဒါက `စပါး´ဖြစ်ပါတယ်။ စပါးဟာ ကြည့်နေရင်းမှာပဲ မော်ရင်ညိုအလံတော်ထဲက လိုဂိုတစ်ခု ဖြစ်လာပါတယ်။

စပါးဟာ မော်ရင်ညိုဆန်လာပါတယ်။ လူတွေက ပိုချက်တီနိုစပါးကို ပြန်လည်ပြီး တောင့်တ နေကြတဲ့ အချိန်မှာ အဲ့ဒါနဲ့မတူလှတဲ့ မော်ရင်ညိုစပါးကို ကျွန်တော်တု့ိ ထိတွေ့လာကြရတော့ တာပဲ ဖြစ်ပါတယ်။

မနေ့ညက ကစားသွားတဲ့ အာဆင်နယ်နဲ့ပွဲကိုပဲ ကြည့်ပါ။ တိုက်ခိုက်ရေး ကျွမ်းကျင်လှတဲ့ဆ ရာတွေကို သူတို့ရဲ့ ခြင်္သေ့ပါးစပ် ဟပေးထားလိုက်တယ်။

ဟာရီကိန်းသွားက ဘယ်နှစ်ချောင်းလဲ၊ ဆွန်ဟောင်မင်လျှာက ဘယ်လောက်အထိ ရှည်သလဲပေါ့။ ခံတွင်းနံ့ကိုတောင် ခြစ်ခပ်ပြီး ဓာတ်ခွဲခန်းပို့ကြမယ်။

ဒါဟာ နောက်ထပ် ဘယ်နှစ်ရာသီ ဖလားလက်မဲ့ဖြစ်နေဦးမယ့် အနံ့ဆိုးလဲပေါ့။ ခြင်္သေ့က မပြောသေးဘူး၊ ကြည့်နေတယ်ပဲ။

မန်ယူက 6-1 နဲ့ ဆွဲစားလိုက်တာ ညာဘက်အံသွားနဲ့လား။ မန်စီးတီးကို 2-0 နဲ့ရှင်းလိုက်တာ အလယ်တည့်တည့်က သွားလား။

အခု အာဆင်နယ်ကို နောက်ဆုံး ဖြတ်လိုက်တာက ခြင်္သေ့ရဲ့သွားတက်ကလေးနဲ့များလား။ ဇယားထိပ်ဆုံး မှာ နောက်တစ်ပတ် နေရာယူလိုက်ပါတယ်။

စပါးခြင်္သေ့ဟာ ကိုယ်စားချင်တာ စားရပြီးတော့ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပုံပါပဲ။ မော်ရင်ညိုရဲ့ နာ မည်ကျော် ဒုတိယရာသီဟာ ငါတို့အတွက်ဖြစ်တယ်။

ဒါက အကြမ်းပါ။ ကျွန်တော့်ဘက်က ချစ်ခင်သွားပြီး ဖြစ်စေချင်စိတ် ၇၀ ရာခိုင်နှုန်းရဲ့ နောက်ဆုံးထုတ်လွှင့်မှု ဖြစ်ပါတယ်။

ဖြစ်သွားနိုင်ပြီပဲဆိုတဲ့ ယုံကြည်မှုက ၃၀ ရာခိုင်နှုန်းသော တုန်ခါမှုမှာ ရှိနေပါသေး တယ်။ ဟာ..အဲ့ဒါက အချိုးမ ကျဘူး ဖြစ်နေမလား။

ယုံကြည်စိတ်က နည်းလွန်းမနေဘူးလား မေးစရာရှိပါတယ်။ ဖြတ်ပြေးသွားတဲ့ အရိပ်ကို မြင်လိုက်ရရုံနဲ့ သူ့ကို ဖမ်းမိပြီလို့ ကျွန်တော်တို့ မကြေညာနိုင်သေးပါဘူး။

စပါးဟာ အဲ့ဒီအဆင့်ပဲ ရှိပါသေးတယ်။ နောက်တစ်ချက်ကတော့ ရာသီစခါစ အချိန်တွေ မှာထက် အသင်းကြီး တွေက ပြန်လှုပ်လာပါတယ်။

လီဗာပူးက ဒဏ်ရာတွေနဲ့သွေးအိုင်ထဲက ထလာပြီး ပွဲတိုင်းကို အနိုင်ပြန်ယူနေပါတယ်။ တကယ့်ပွဲကျပ်ကာလကို ရင်ဆိုင်ဖု့ိ အာနိုး၊ ကီတာတို့လို ကစားသမားကောင်းတွေ ပြန်ရောက် လာပါတယ်။

သရဖူကို ဆုပ်ကိုင်ထားတဲ့ ကြိုးကြာလက်တွေ ပိုပြီးသန်မာလာနေတာကို ကျွန်တော်တို့ခံစားသိ ရှိနေကြပြီပဲ ဖြစ်ပါတယ်။

ပြီးရင် မန်စီးတီးပေါ့။ ဆိုးရွားစွာ မရောက်ရှိမှုတွေထဲ စံမြန်းခဲ့ရပြီးချိန်မှာ အခုအဲ့ဒါကိုထားပြီး ပြန်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။

စပါးနဲ့ ၆ မှတ်အကွာ၊ အဆင့် ၆ အထိ ပြန်ရောက်လာပြီး သူတို့က တစ်ပွဲလျော့ကစားထားတာ ရှိနေပါသေးတယ်။ စပါးတောင် ဒီလိုအမှုကို လုပ်နိုင်သေးတယ်ဆိုရင် ပရီးမီးယားလိဂ်ရဲ့ ဘုရင်ဟောင်းကြီးများကရော မလုပ်နိုင်ရတော့ဘူးလားလု့ိ မန်ယူက ကြေညာချက်ထုတ်ပါ လိမ့်မယ်။

ဒါပေမဲ့ အဲ့ဒီလို ယောက်ယက်ခပ်မှုတွေရဲ့အနီးဆုံးတစ်နေရာမှာ မခိုးမခန့်ရယ်သံတစ်ခု ခင်ဗျားတို့ ကြားရနိုင်ပါသေးတယ်။

အဲ့ဒါက လမ်းပတ်ရဲ့ချဲလ်ဆီးရယ်သံကလွဲပြီး အခြားမရှိနိုင်ပါဘူး။ ဒါက ပျော်စရာကောင်းပါ တယ်။

ဆရာ ကိုပြည့်မင်းရဲ့ခေါင်းစဉ်တစ်ခုလိုပဲ၊ ကျွန်တော်တို့`အခက်ကြီးထဲ ခုန်ချ´ကြရတော့ မှာပါ။

အဲ့ဒီလိုအချိန်မှာ ကိုယ်က ကိုယ်ရွေးထားတဲ့ ကိုယ့်အသင်းနဲ့ကိုယ် နိဗ္ဗာန်ရောက်နှင့်နေ တာ မမိုက်ဘူးလား။

အဲ့ဒါ`စပါး´ဖြစ်ပါတယ်။

ကျွန်တော် အဲ့ဒီလိုရှိပါတယ်။

Facebook Comments Box
Facebook Comment