
ခက်ခက်ခဲခဲ ရယူခဲ့တဲ့ တမှတ်လို့ ရော်နယ်ဒို တင်စား
အယ်ဖာတက်နှင့်ပွဲတွင် သရေတမှတ်ကို ခက်ခက်ခဲခဲ ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း အယ်နာဆာကပ္ပတိန် ရော်နယ်ဒိုက ပြောသည်။
ယမန်နေ့ညပွဲတွင် အယ်နာဆာသည် အိမ်ရှင်အသင်းအား နှစ်ကြိမ်တိုင်တိုင် အနောက်မှ လိုက်ကစားခဲ့ရပြီး ရော်နယ်ဒို၏ နာကျင်အချိန်ပို ၃ မိနစ် ပင်နယ်တီဂိုးကြောင့်သာ သရေတမှတ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ရွှေဘောလုံးဆု ၅ ဆုရှင်သည် ပထမပိုင်း ၂၃ မိနစ်တွင် တဂိုးသွင်းခဲ့သော်လည်း လူကျွံနေသလို ပထမပိုင်းပြီးခါနီး အနီးကပ်ပိတ်သွင်းခွင့်ရသော်လည်း ဂိုးဘားတန်းထိထွက်သွားခဲ့သည်။
အယ်ဖာတက်နှင့်ပွဲမှဂိုးသည် ရော်နယ်ဒိုအတွက် ၃ ပွဲကစားအပြီး ပထမဆုံးရယူနိုင်သည့် သွင်းဂိုးလည်းဖြစ်သည်။
“ဆော်ဒီလိဂ်မှာ ကျွန်တော့်ရဲ့ ပထမဆုံးဂိုးကို သွင်းယူနိုင်တဲ့အတွက် ပျော်ရွှင်မိပါတယ်။
အရမ်းခက်တဲ့ပွဲမှာ အရေးပါတဲ့ သရေတမှတ်ရရှိအောင် တသင်းလုံး ပင်ပင်ပန်းပန်း ကြိုးစားခဲ့ကြပါတယ်” ဟု ရော်နယ်ဒိုက ဆိုသည်။
Ref:cr7