ကွာရန်တင်းရက် မပြည့်သေး၍ နယူးကာဆယ်နှင့်ပွဲကို ကာဗာနီ လွဲချော်မည်

မန်ယူနိုက်တက် တိုက်စစ်မှူးသစ် အက်ဒီဆင်ကာဗာနီသည် ဗြိတိန်အစိုးရ၏ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးစည်းမျဉ်းအရ တစ်ဦးတည်း သီးခြားနေထိုင်နေရသောကြောင့် နယူးကာဆယ်နှင့် ကစားရမည့်ပွဲအား လွဲချော်ရမည်ဖြစ်သည်။

အသက် ၃၃ နှစ်အရွယ် ဥရုဂွေးလက်ရွေးစင် ကာဗာနီသည် ဇန်နဝါရီ အပြောင်းအရွှေ့ နောက်ဆုံးရက်တွင် ယူနိုက်တက်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။

ပြင်သစ်လီဂူးချန်ပီယံ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ ဂိုး ၂၀၀ သွင်းကာ အသင်း၏ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားသော ကာဗာနီသည် ယခုနှစ် ဇွန်လအတွင်း ပါရီအခြေစိုက်ကလပ်နှင့် လမ်းခွဲခဲ့ပြီးနောက် ကလပ်လက်မဲ့ ဖြစ်နေသူဖြစ်သည်။

ဗြိတိန်အစိုးရသည် နိုင်ငံရပ်ခြား တိုင်းပြည်များမှ ရောက်ရှိလာသူများကို တစ်ဦးတည်း ၁၄ ရက်ခွဲခြား နေထိုင်ရမည်ဟု ပြဌာန်းထားသောကြောင့် ကာဗာနီအနေဖြင့် အောက်တိုဘာ ၁၇ ရက်တွင် နယူးကာဆယ်နှင့် ကစားရမည့် အဝေးကွင်းပွဲစဉ်အား လွဲချော်ရမည်ဖြစ်သည်။

စပါးအား ၆-၁ ဂိုးဖြင့် ရှုံးနိမ့်ထားသော ယူနိုက်တက်အတွက် သတင်းဆိုးက တိုက်စစ်မှူး မာရှယ် ပွဲပယ်ပြစ်ဒဏ် ကျခံရမည့်အချိန်တွင် တိုက်စစ်မှူးသစ် ကာဗာနီကပါ ကွာရန်တင်း ဝင်နေရသောကြောင့် နယူးကာဆယ်နှင့်ပွဲကို လွဲချော်ရမည့်အရေး ဖြစ် သည်။

ကာဗာနီသည် နယူးကာဆယ်နှင့်ပွဲကို လွဲချော်ရမည်ဖြစ်သော်လည်း အောက်တိုဘာ ၂၀ တွင် အသင်းဟောင်း ပီအက်စ်ဂျီနှင့်ကစားမည့် ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲကိုမူ ပါဝင်ကစားနိုင်မည် ဖြစ်သည်။

Ref:BBC

Facebook Comments Box
Facebook Comment