ကျွဲကူး ရေပါ

အေဂျက်စ်နည်းပြ အဲရစ်တန်ဟက်သည် မန်ယူနိုက်တက်အား တရားဝင်ကိုင်တွယ်ခွင့်ရလျှင် အိုင်ဗရီကို့စ်တိုက်စစ်မှူး ဆီဘက်ရှန်ဟော်လာကို အိုးလ်ထရက်ဖို့ဒ်သို့ တပါတည်းခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

အသက် ၅၂ နှစ်အရွယ် နယ်သာလန်သားသည် ယခုရာသီအကုန်တွင် ယာယီနည်းပြ ရက်ဖ်ရန်းနစ်နေရာကိုဆက်ခံကာ ယူနိုက်တက်အား တရားဝင်ကိုင်တွယ်တော့မည်ဖြစ်သည်။

ထို့ကြောင့် သူနှင့်အတူ ဟော်လာကို အင်္ဂလန်သို့ အတူခေါ်ဆောင်လာမည်ဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် အိုင်ဗရီကို့စ်တိုက်စစ်မှူးအတွက် အေဂျက်စ်က ပေါင် ၃၅ သန်း စျေးသတ်မှတ်ထားသည်။

ဟော်လာသည် ယခုရာသီတွင် အေဂျက်စ်အတွက် ၃၃ ဂိုးသွင်းယူထားပြီး ဥရောပထိပ်တန်းကလပ်များ၏ စိတ်ဝင်စားခြင်း ခံနေရသူလည်းဖြစ်သည်။

ဝက်စ်ဟမ်းကစားသမားဟောင်းသည် အမ်စတာဒမ်အခြေစိုက်ကလပ်နှင့် စာချုပ်သက်တမ်း ၂ နှစ်ကျန်နေသေးပြီး စပါးတိုက်စစ်မှူး ဟယ်ရီကိန်း၏စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက များစွာသက်သာနိုင်မည်ဖြစ်သည်။

လက်ရှိတွင် ယူနိုက်တက်တိုက်စစ်၌ ရော်နယ်ဒို၊ ကာဗာနီတို့က အသက်အရွယ် ကြီးရင့်နေသလို မားကပ်စ်ရက်ရှ်ဖို့ဒ်ကလည်း ပုံမှန်ခြေစွမ်းပျောက်ဆုံးနေသောကြောင့် မဖြစ်မနေ အင်အားဖြည့်တင်းရမည်ဖြစ်သည်။

မာရှယ်ကလည်း ဆီဗီလာတွင် အဌားဆက်ကစားဖွယ်ရှိနေသလို ဂရင်းဝုဒ်ကလည်း ပွဲပယ်ပြစ်ဒဏ်ကျခ့နေရသောကြောင့် တန်ဟက်သည် တပည့်ဖြစ်သူ ဟော်လာကို တပါတည်းခေါ်ယူရန် ကြံရွယ်လာခြင်းဖြစ်သည်။

Ref:weallfollowunited

Facebook Comments Box
Facebook Comment