ကော်တင်ညိုသာ ချန်ပီယံလိဂ်ဆွတ်ခူးပါက လီဗာပူးလ်ကို ဘာကာ ယူရို ၅ သန်းပေးရမည်

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် ဘိုင်ယန်မြူးနစ်အသင်းကို ၈-၂ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သော ဘာစီလိုနာအ သင်းသည် ၎င်းတို့ဘက်သို့ ၂ ဂိုးသွင်းခဲ့သော အဌားချကစားသမား ကော်တင်ညိုနှင့်ပတ်သက်၍ အဆို ပါ ဘရာဇီးလ်လက်ရွေးစင်၏အသင်းဟောင်း လီဗာပူးလ်သို့ ယူရို ၅ သန်း ထပ်မံပေးချေရမည့်အနေ အထားနှင့် ကြုံတွေ့လျက်ရှိသည်။ အသက် ၂၈ နှစ်အရွယ် ကော်တင်ညိုသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ တွင် လီဗာပူးလ်မှ ဘာစီလိုနာသို့ ပေါင် ၁၄၂ သန်းဖြင့်ပြောင်းရွှေ့ခဲ့ပြီး ယမန်နှစ် သြဂုတ်လက ဘိုင် ယန်မြူးသို့ အဌားစာချုပ်ဖြင့် ပြန်လည်ပြောင်းရွှေ့ခဲ့သည်။

လီဗာပူးလ်သည် ကော်တင်ညိုကို ဘာစီလိုနာသို့ရောင်းချစဉ်ကတည်းက ချန်ပီယံလိဂ်ဝင်ခွင့်ရပါက ဆု ကြေးဘယ်လောက်၊ ဆုဖလားရပါက ဆုကြေးမည်မျှ၊ ပွဲကစားခွင့်အရေအတွက်အရ ဆုကြေးဘယ် လောက်စသဖြင့် ပေးရမည်ဟု ပါရှိခဲ့သည်။ အဆိုပါ သဘောတူညီချက်အရ ဘာစီလိုနာသည် နှစ်ရာ သီဆက် ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့၍ မာဆေးဆိုက်အခြေစိုက်ကလပ်ကို ဆုကြေးယူရို ၁၀ သန်းပေးခဲ့ရသ လို ၂၅ ပွဲကစားခဲ့သောကြောင့်လည်း နောက်ထပ် ယူရို ၅ သန်း ပေးခဲ့ရသည်။

ကော်တင်ညိုသည် မိခင်ကလပ် ဘာစီလိုနာနှင့်ကစားသော ချန်ပီယံလိဂ်ပွဲစဉ်တွင် ၇၅ မိနစ်တွင် ဂနာ ဘရီအစား လူစားဝင်ကစားကာ ၈၅၊ ၈၉ မိနစ်များတွင် ၂ ဂိုးဆက်တိုက်သွင်းယူနိုင်ခဲ့သည်။ အသင်း ဖော်ဟောင်းများနှင့် ပြန်လည်ဆုံတွေ့သောပွဲတွင် ဂိုးသွင်းခဲ့သော်လည်း ကော်တင်ညိုသည် အလွန်အ ကျွံပျော်ရွှင်ခြင်းမျိုးမရှိဘဲ သာမန်လောက်သာ အောင်ပွဲခံခဲ့သည်။ မလိုအပ်တော့ဟုယူဆကာ အဌားချ ထားခဲ့သော ကော်တင်ညိုက ၂ ဂိုးဆက်တိုက်သွင်းယူခဲ့ခြင်းက ဘာစီလိုနာအသင်းတာဝန်ရှိသူများကို အခံရခက်စေသလို ၎င်းသာ ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ချန်ပီယံလိဂ်ဆုဖလားကိုသာ ရယူနိုင်ခဲ့ပါ က စာချုပ်ပါအချက်အလက်အတိုင်း အသင်းဟောင်းလီဗာပူးလ်သို့ ယူရို ၅ သန်း ထပ်ပေးရဦးမည်ဖြစ် သည်။

Facebook Comments Box
Facebook Comment