ကူလူဆီစကီးအား အရန်စာရင်းတွင် ထည့်သွင်းမှုကြောင့် ဆွီဒင်နည်းပြကို အီဘရာဟီမိုဗစ် ဝေဖန်

ဇလာတန်အီဘရာဟီမိုဗစ်သည် စနေနေ့တုန်းက ဆွီဒင်အား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲတွင် ဆွီဒင်နည်းပြဂျန်နီအင်ဒါဆင်၏ကစားသမားပွဲထုတ်မှု အပေါ် အပြင်းအထန် ဝေဖန်လိုက်သည်။

ဆွီဒင်စတားဟောင်းသည် နည်းပြက ပြင်သစ်နှင့်ပွဲတွင် ဂျူဗင်တပ်တောင်ပံကစားသမားဒီဂျန်ကူလူဆီစကီးအား ချန်လှပ်ကာ ဆီဘာစတီယန်လာဆင်ကို ပွဲထွက်ကစားသမားအဖြစ် ရွေးချယ်ခဲ့မှုအပေါ် ဒေါသ ထွက်နေခြင်းလည်းဖြစ်သည်။

ကူလူဆီစကီးသည် ပွဲပြီးရင် မိနစ် ၂၀ အလိုတွင်မှ အသက် ၃၅ နှစ်ရှိ တိုက်စစ်မှူး၏နေရာတွင် လူစားဝင်ခွင့်ရရှိခဲ့သည်။

အီဘရာဟီမိုဗစ်က “ဘယ်လောက်ရယ်စရာကောင်းသလဲ။ နောက်ထပ် အမှားလုပ်ပြန်ပြီ။ အရည်အချင်းမရှိတဲ့ သူတွေ နေရာရနေတော့ ဆွီဒင်ဘောလုံး စုန်းစုန်းမြှပ်ပြီပေါ့”ဟု ပြောကြားသွားသည်။

ကူလူဆီစကီးသည် ပြီးခဲ့သည့်ရာသီတုန်းက ပါးမားတွင် အငှားဖြင့် သွားရောက်ကစားစဉ်အတွင်း စီးရီးအေပွဲ ၃၆ ပွဲတွင် ၁၀ ဂိုးသွင်းယူကာ ၈ ကြိမ်ဖန်တီးနိုင်ခဲ့သူဖြစ်သည်။ ထို့ကြောင့် ဂျူဗင်တပ်သည် ၎င်းကို အသင်းသို့ ပြန်လည်ဆင့်ခေါ်ကာ လာမည့် ရာသီတွင် အသုံးပြုသွားမည်ဖြစ်သည်။ ကူလူဆီစကီးသည် ပြင်သစ်နှင့်ပွဲတွင် ဆွီဒင်အတွက် ဒုတိယမြောက်ပွဲအဖြစ် ကစားခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး အရန်အဖြစ်သာ ပါဝင်ခွင့်ရရှိမှုအတွက် အံ့ဩခဲ့ရ ကြောင်း ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment