ကီပါနေရာမှာ အစားထိုးဖို့ ဂိုးသမားရှာနေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းသည် ဂိုးသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူ ထားသော စပိန်ဂိုးသမား ကီပါ၏နေရာတွင် အစားထိုးရန် ပြင်သစ်လီဂူးကလပ် ရင်းနက်စ်ဂိုး သမား အီဒူရက်မန်ဒီကို စိတ်ဝင်စားနေကြောင်း ဒေးလီးမေးလ်သတင်းစာက ဖော်ပြသည်။

အသက် ၂၅ နှစ်အရွယ် ကီပါသည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် ဘီလ်ဘာအိုအသင်းမှ ယူရိုသန်း ၈၀ ဖြင့် ချဲလ်ဆီးသို့ပြောင်းရွှေ့ခဲ့ပြီး ထိုစဉ်က ကမ္ဘာ့တန်ဖိုးအကြီးဆုံး ဂိုးသမားအဖြစ် မှတ် တမ်းဝင်ခဲ့သည်။ ၎င်းသည် ၂၀၁၈-၂၀၁၉ ရာသီက ချဲလ်ဆီးနှင့်အတူ ယူရိုပါလိဂ်ဆုဖလားရယူနိုင်ခဲ့သော်လည်း ၂၀၁၉-၂၀၂၀ ရာသီတွင်မူ လက်စွမ်းမပြနိုင်သောကြောင့် ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့သည်။ ထို့ကြောင့် ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်သည် ၎င်း၏နေရာတွင် အစားထိုးနိုင်ရေးအတွက် အ သက် ၂၈ နှစ်အရွယ် ဆီနီဂေါလက်ရွေးစင်ဂိုးသမား မန်ဒီကို မျက်စိကျနေခြင်းဖြစ်သည်။

ချဲလ်ဆီးသည် မန်ဒီ ကို ခေါ်ယူနိုင်ရန်အတွက် နောက်ခံလူ တိုမိုရီကို ရင်းနက်စ်သို့ အဌားချပြန်ချသွားမည်ဖြစ်သည်။ ချဲလ်ဆီး ပရိသတ်များကမူ လူသိပ်မသိသည့် မန်ဒီထက်စာလျှင် အက်သလက်တီကိုဂိုးသမား ယန်အိုဘလက်လို နာမည်ကြီးဂိုးသမားများကိုသာ ခေါ်ယူရန်ဆန္ဒရှိနေသည်။

Ref: dailymail

Facebook Comments Box
Facebook Comment