ကိုရိုနာဗိုင်းရပ်စ် ပျောက်ကင်းသွားသော နေမာက အလွန်ပျော်ရွှင်နေဟု ဖွင့်ဟ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသော ပီအက်စ်ဂျီတိုက်စစ်မှူး နေမာသည် ယခုနောက်ဆုံးတစ်ကြိမ် ဆေးစစ်မှုတွင် ပိုးမတွေ့ရကြောင်း တွေ့ရှိခဲ့ရ၍ အ လွန်ပျော်ရွှင်မိသည်ဟု ပြော သည်။

အသက် ၂၈ နှစ်အရွယ် နေမာသည် ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့သည့် ချန်ပီ ယံလိဂ် ဗိုလ်လု ပွဲအပြီး စပိန်နိုင်ငံ၏ နာမည်ကျော် အိုင်ဘီဇာကမ်းခြေသို့ သွားရောက် အပန်းဖြေခဲ့သည်။

အဆိုပါ ခရီးစဉ်မှပြန်လာပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည် ကို တွေ့ရှိခဲ့ရာ တစ်ဦးတည်း သီးသန့်နေထိုင်ခဲ့ရသည်။

ထို့အတူ နေမာ၏ အသင်းဖော်များဖြစ်သည့် ဒီမာရီယာနှင့် ပါရီဒက်စ်တို့မှာ လည်း ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ထပ်မံတွေ့ရှိခဲ့သလို ပြီးခဲ့သည့် ရက်ပိုင်းကလည်း အဓိကတိုက် စစ်မှူး အမ်ဘာပီ၊ အိုင်ကာဒီအပါအဝင် အခြားကစားသမား ၄ ဦးလည်း ကူးစက်ခံထားရသည်။

ဗိုင်းရပ်စ်ပိုး ကင်းစင်လာပြီးနောက် နေမာက ၎င်း၏တွစ်တာတွင် “ငါ လေ့ ကျင့်ရေးကွင်းကို ပြန်သွားရတော့မယ်။ အရမ်းပျော်တယ်။ ထွက်သွားတော့ ကိုရိုနာ” ဟု ရေးသားခဲ့သည်။

ပီအက်စ်ဂျီကလည်း အသင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများ ရှိလာသောကြောင့် လာမည့်ရက်ပိုင်းအတွင်း ကစားသမားများနှင့် ဝန်ထမ်းအား လုံးကို ဆေးစစ်မှုများ ပြုလုပ်သွားမည်ဟု ကြေညာသည်။

အဓိက ကစားသမားများ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသောကြောင့် လူအင်အား လျော့ နည်းနေသော ပြင်သစ်လီဂူး လက်ရှိချန်ပီယံ ပီအက်စ်ဂျီ သည် ယမန်နေ့ညက ကစားသော လီဂူးအဖွင့်ပွဲတွင် လန်းစ်အသင်းအား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

Ref:dailymail

Facebook Comments Box
Facebook Comment