ကိုရိုနာဗိုင်းရပ်စ် ပျောက်ကင်းပြီးနောက် ပေါ့ဂ်ဘာ လေ့ကျင့်ခန်းပြန်ဆင်း

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသော မန်ယူကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာသည် ရောဂါဝေ ဒနာ သက်သာပျောက်ကင်းပြီးနောက် ယနေ့ပြုလုပ်သည့် မန်ယူအသင်း၏ လေ့ကျင့်ရေးအစီအစဉ်သို့ တက်ရောက်ခဲ့ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြသည်။

အသက် ၂၇ နှစ်အရွယ် ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်လက်ရွေးစင် ပေါ့ဂ်ဘာသည် သြဂုတ်လအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိရပြီးနောက် တစ်ဦးတည်း သီးသန့်ခွဲ နေထိုင်ခဲ့ရသည်။

၎င်း၏ဇနီး မာရီယာဇူလေးတွင်ပါ ဗိုင်းရပ်စ်ပိုးတွေ့ရှိကာ နှစ်ဦးစလုံး နေအိမ်တွင် သီးခြားနေထိုင်ကာ အစိုးရညွှန်ကြားချက်အတိုင်း ကျန်းမာအောင် နေထိုင်စားသောက်ခဲ့သည်ဟု ဇူလေးက ဖွင့်ဟသည်။

သီးသန့်နေထိုင်ရစဉ်အတွင်း ဗီတာမင်ဒီဓာတ် ပြည့်ဝအောင် နေထိုင်စားသောက်ခဲ့ပြီး ကျန် း မာရေးကောင်းမွန်အောင် နေထိုင်ခဲ့သည်ဟု အိမ်ခြံဝင်းအ တွင် ခင်ပွန်းကို ဖက်ထားသည့်ပုံ၊ ကလေးများနှင့် အတူရှိနေပုံများကို လင်မယားနှစ်ဦးစလုံးက အင်စတာဂရမ်တွင် တင်ခဲ့သည်။

ဂျူဗင်တပ်စ်မှ ပေါင် ၈၉ သန်းဖြင့် ပြောင်းရွှေ့လာသော ပေါ့ဂ်ဘာသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားမှုကြောင့် ဆွီဒင်၊ ခရိုအေးရှားတို့နှင့် ကစားခဲ့သည့် ပြင်သစ်အသင်း၏ နေးရှင်းလိဂ် အဖွင့်ပွဲစဉ် ၂ ပွဲကို လွဲချော်ခဲ့ရသည်။

ပေါ့ဂ်ဘာသည် ယနေ့ကစားမည့် ဗီလာနှင့် ခြေစမ်းပွဲအတွက် ဗီလာပါ့ခ်သို့ လိုက်ပါခြင်းမရှိသော်လည်း ရာသီသစ် ပွဲစဉ်များအတွက် လေ့ကျင့်မှုများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည်။

ထို့အပြင် ပေါ့ဂ်ဘာသည် လာမည့်နွေရာသီတွင် ကုန်ဆုံးမည့် လက်ရှိစာချုပ်အား သက် တမ်းတိုးရန် ဆန္ဒရှိနေပြီး ဂျူဗင်တပ်စ်နည်းပြ ပီယာလိုက တူရင်တွင် အတူတွဲကစားဖူးသည့် ၎င်းကို စီးရီးအေသို့ ပြန်လည်ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သတင်းထွက်နေသည်။

Ref:dailymai

Facebook Comments Box
Facebook Comment