ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေမှုများကြောင့် ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်ကို ဗီလာရီးရဲလ် ဖျက်သိမ်း

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေမှုနှင့်အတူ ဗီလာရီးရဲလ်သည် ၂၀၂၀-၂၁ ရာသီအတွက် ကလပ်၏ပြင်ဆင်နေမှုများကို ဖျက်သိမ်းလိုက်ရသည်။ ဗီလာရီးရဲလ်သည် အသင်းတွင် နောက်ထပ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတစ်ဦး တွေ့ရှိပြီးနောက် အလီကန်တီတွင် ရာသီကြိုလေ့ကျင့်ခန်းဆင်းရန် စီစဉ်ထားမှုကို ဖျက်သိမ်းလိုက်ခြင်းလည်းဖြစ်သည်။

ဗီလာရီးရဲလ်မှ ကူးစက်ခံရသည့် ကစားသမားသည် လာလီဂါနှင့်စပိန်ကျန်းမာရေးအာဏာပိုင်တို့၏ လမ်းညွှန်ချက်အတိုင်း နေအိမ်တွင် ကွာရန်တေးနေထိုင်နေရသည်။ ဗီလာရီးရဲလ်က ယင်းကစားသမားမှာ ကျန်းမာရေး ကောင်းမွန်နေကြောင်းနှင့် စိုးရိမ်စရာမရှိကြောင်း ကြေညာထားသည်။

ဗီလာရီးရဲလ်သည် အလီကန်တီရှိ ဟိုတယ်လာဖင်ကာသို့ ခရီးထွက်ကာ ရာသီကြို လေ့ကျင့်ခန်းဆင်းမှုများ ပြုလုပ်ရန် စီစဉ်ထားခဲ့သည်။ သို့ရာတွင် အသင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ခံရမှုရှိနေခြင်းနှင့်အတူ ယင်းအစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။ ဗီလာရီးရဲလ်သည် စနေနေ့တွင် ကာတာဂီနာနှင့်‌ ခြေစမ်းပွဲကစားရန် စီစဉ်ထားမှုကို တနင်္ဂနွေနေ့သို့ ရွှေ့ဆိုင်းထားသည်။

Ref: villareal

Facebook Comments Box
Facebook Comment