ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရမှုကြောင့် စကော့တလန်နှင့်ပွဲကို မကစားဟု ချက် ကြေညာ

ချက်အသင်းက ၎င်းတို့အသင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ ဖြစ်ပျက်နေမှုနှင့်အတူ တနင်္လာနေ့တွင် စကော့တလန်နှင့် ရင်ဆိုင်ကစားရမည့် UEFA Nations League ပွဲကို ကစားသွားမည်မဟုတ်ကြောင်း ပြောကြားလိုက်သည်။

စကော့တလန်ဘောလုံးအဖွဲ့ချုပ်သည် ယူအီးအက်ဖ်အေထံမှ အတည်ပြုမှု စောင့်ဆိုင်းနေခဲ့သော်လည်း ချက်နှင့်ပွဲစဉ်အတွင်း သွားရောက် ကစားရန် သေချာသလောက်ရှိသွားပြီ ဖြစ်သည်။

ချက်ဘောလုံးအဖွဲ့ချုပ်က “လက်ရှိ COVID-19 အခြေအနေနဲ့ အဖွဲ့ချုပ်တာဝန်ရှိသူ တွေရဲ့ဆုံးဖြတ်ချက်အရ တနင်္လာနေ့မှာ စကော့တလန်နဲ့ပွဲစဉ်ကို မကစားဖို့ ဆုံး ဖြတ်လိုက်ပါပြီ”ဟု ကြေညာခဲ့သည်။

ချက်သည် ပြီးခဲ့သည့်သောကြာနေ့တုန်းက ဆလိုဗက်ကီးယားကို ၃-၁ဖြင့် အနိုင်ရရှိခဲ့သည့်အသင်းဖြစ်သည်။ သို့ရာတွင် သောမတ်စ်ဆူဆက်ခ်၊ ပါထရစ်ချက်ဇ်တို့အပါအဝင် အဓိကကစားသမားတို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကာ အသင်းအတွင်း ရောဂါကူးစက်ခံရသူ အမြောက်အမြားတွေ့ရှိထားရသည်။

ယူအီးအက်ဖ်အေက အရန်ဂိုးသမားတစ်ဦးအပါအဝင် ကစားသမား ၁၃ ဦး ကစားနိုင်သည့်အသင်းမှာ ကစားရမည်ဟု ဆိုထားပြီး ကစားရန် မဖြစ်နိုင်ပါက ပွဲကို ရွှေ့ဆိုင်းခြင်း၊ သရေအဖြစ် သတ်မှတ်ခြင်းတို့ ဆုံးဖြတ်နိုင်ပါတယ်။ ဒါကြောင့် စကော့တလန်အသင်းအနေဖြင့် ချက်နှင့်ပွဲကို မကစားဖြစ်ပါက ရမှတ် ၁ မှတ် ရရှိနိုင်သည့် အခြေအနေတွင် ရှိနေသည်။

Facebook Comments Box
Facebook Comment