ကိုယ်တိုင် လူမျိုးရေးခွဲခြားသူ ဖြစ်နေသည့် နေမာ

နေမာသည် မာဆေးလ်ကစားသမားဟီရိုကီဆာကိုင်ကို လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့ ကြောင်း သိရသည်။ ပီအက်စ်ဂျီစတားသည် မာဆေးလ်နှင့် ပြင်သစ်လီဂူး၁ ပွဲ၌ နှစ်ဖက်ကစားသမားများ အချင်းများရာတွင် ပါဝင်မှုအတွက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသူလည်း ဖြစ်သည်။

နေမာသည် မာဆေးလ်နောက်ခံလူ အယ်လ်ဗာရိုဂွန်ဇာလက်အား ရိုက်ခဲ့မှုအတွက် နှစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။ သို့ရာတွင် နေမာက ၎င်းကို လူမျိုးရေးခွဲခြားပြောဆိုမှု ပြုလုပ်ခြင်းကြောင့် စပိန်နောက်ခံလူအား ရိုက်ခဲ့ခြင်းဟု ပြန်လည်စွပ်စွဲမှု ပြုလုပ်ခဲ့သည်။

ပြင်သစ်ပရော်ဖက်ရှင်နယ်လိဂ်အဖွဲ့ချုပ်သည် နေမာ၏စွပ်စွဲမှုအား စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေသည်။ အယ်ဗာရိုနှင့် မာဆေးလ်ကမူ လူမျိုးရေးခွဲခြားမှု မပြုလုပ်ခဲ့ကြောင်း ငြင်းဆိုထားကြသည်။

ဒါပေမယ့် ယနေ့မှာ စပိန်ရေဒီယိုသတင်းဌာန Cadena COPE ၏ ဖော်ပြလာမှုအရ ဘရာဇီးတိုက်စစ်မှူးသည် မာဆေးလ် ညာနောက်ခံလူဆာကိုင်အား “ Chinese S****” ဟု ပြောဆိုကာ လူမျိုးရေးခွဲခြား ဆဲဆိုမှု ပြုလု်ပခဲ့ကြောင်း သိရသည်။ အမှန်တကယ်တွင် ဆာကိုင်မှာ တရုတ်လူမျိုးမဟုတ်ဘဲ ဂျပန်လူမျိုး ဖြစ်သည်။

ရေဒီယိုသတင်းဌာန၏ ဖော်ပြချက်အရ နေမာသည် အယ်ဗာရိုနှင့် အချင်းများမှု မဖြစ်ခင် ဆာကိုင်ကို ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး မာဆေးလ်တွင် သက်သေအထောက်အပြည့်အစုံရရှိထားပြီဖြစ်ကြောင်း သိရသည်။

ယခုအနေအထားအရ အစောပိုင်းက အခြားသူကို လူမျိုးရေးခွဲခြားဆက်ဆံသူဟု စွပ်စွဲခဲ့သည့် နေမာမှာ ကိုယ်တိုင် လူမျိုးရေးခွဲခြားဆက်ဆံသူအဖြစ် စွပ်စွဲမှုနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

Facebook Comments Box
Facebook Comment