ကိုဗစ် ကူးစက်သူ ရှိသော်လည်း လေ့ကျင့်ရေးဆက်လုပ်နေတဲ့ လီဗာပူးလ်

အက်ဖ်အေဖလားချန်ပီယံ အာဆင်နယ်အသင်းနှင့် ကွန်မြူနတီဒိုင်းပွဲစဉ်ကစား ရန် သြစတြီးယားနိုင်ငံတွင် ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်များ လုပ်ဆောင်နေ သော လီဗာပူးလ်အသင်းသည် ကိုရိုနာဗိုင်းရပ်စ် ရှိ၊မရှိစစ်ဆေးခဲ့ရာ အသင်းသား တစ်ဦး positive အဖြေထွက်ခဲ့သော်လည်း လေ့ကျင့်မှုကို ဆက်လက်ပြုလုပ်နေ ကြောင်း သိရသည်။


ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်သည် မူလက ပြင်သစ်နိုင်ငံ၊ အီဗီယန်မြို့တွင် လေ့ကျင့်ရန် စီစဉ်ထားသော်လည်း ပြင်သစ်အစိုးရ၏ Quarantine စာရင်းထဲ ပါ ဝင်နေသောကြောင့် သြစတြီးယားနိုင်ငံ၊ ဆဲလ်ဘတ်မြို့ကို ရွေးချယ်ခဲ့သည်။

အသင်းခေါင်းဆောင် ဟန်ဒါဆန်အပါအဝင် အသင်းသားအားလုံးသည် မာဆေး ဆိုက်မှထွက်ခွာသည့် စနေနေ့မတိုင်မီ ကိုရိုနာဗိုင်းရပ်စ်ရှိ၊ မရှိ စစ်ဆေးကာ အား လုံး negative ထွက်ခဲ့သောကြောင့် ဆဲလ်ဘတ်သို့ ထွက်ခွာခဲ့ခြင်းဖြစ်သည်။


ထို့နောက် ဆဲလ်ဘတ်သို့ရောက်ရှိပြီးမှ ထပ်မံစစ်ဆေးခဲ့ရာ ကစားသမားတစ်ဦး တွင် ပိုးတွေ့ကြောင်း သိရှိခဲ့ရခြင်းဖြစ်သည်။ သြစတြီးယားမီဒီယာများ၏ ဖော်ပြမှု အရ ဗိုင်းရပ်စ်ပိုးတွေ့ရှိသော အမည်မဖော်ပြသည့် အဆိုပါကစားသမားကို အနိမ့် ဆုံးတစ်ပတ်ခန့် တစ်ဦးတည်းနေထိုင်ရန် စီစဉ်ထားပြီး ကျန်ကစားသမားများက မူ လေ့ကျင့်မှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်။
လီဗာပူးလ်ကစားသမားများအနေဖြင့် လူသူကြားထဲ သွားလာရမည်မဟုတ်ဘဲ ဟိုတယ်တွင်သာ နေထိုင်ရမည်ဖြစ်သလို ဗိုင်းရပ်စ်စစ်ဆေးမှုကိုလည်း ၂ ရက် သို့မဟုတ် ၃ ရက်တစ်ခါတိုင်း ထပ်မံစစ်ဆေးသွားမည်ဖြစ်သည်။


လီဗာပူးလ်နှင့် အာဆင်နယ်တို့သည် သြဂုတ်လ ၂၉ ရက်တွင် ဝင်ဘလေကွင်း တွင် ကွန်မြူနတီဒိုင်းပွဲစဉ် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ လီဗာပူးလ်သည် ကွန်မြူနတီဒိုင်းကို ၂၀၀၆ ခုနှစ်က နောက်ဆုံးအကြိမ်ရယူထားပြီး အာဆင်နယ် က ၂၀၁၇ ခုနှစ်တွင် နောက်ဆုံးရယူထားသည်။

Ref: dailymail

Facebook Comments Box
Facebook Comment