
ကိုဗစ်ရှိနေတဲ့ အူစိန်ဘော့နဲ့အတူ ပါတီတက်ခဲ့လို့ စိုးရိမ်နေတဲ့ စတာလင်း
မန်စီးတီးတောင်ပံကစားသမား ရာဟင်စတာလင်းသည် ကိုဗစ်အတည်ပြုလူနာအဖြစ် သတ်မှတ်ခံထားရသော ဂျ မေကာတာတိုအပြေးသမားဟောင်း အူစိန်ဘော့နှင့်အတူ ပါတီတက်ခဲ့သောကြောင့် ၎င်းတွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံ ထားရခြင်းရှိ၊ မရှိ စိုးရိမ်သောကဖြစ်နေရသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြသည်။
မီတာ ၁၀၀ ကို ၉ ဒသမ ၅၈ စက္ကန့်ဖြင့်ပြေးကာ ကမ္ဘာ့အမြန်ဆုံးလူသားအဖြစ် ရပ်တည်နေသည့် အသက် ၃၄ နှစ်အ ရွယ် အူစိန်ဘော့သည် သြဂုတ် ၂၅ ရက်က ကိုဗစ်ကူးစက်ခံထားရကြောင်း အတည်ပြုထားသည်။
အင်္ဂလန်လက်ရွေးစင် စတာလင်းသည် သြဂုတ် ၂၁ ရက်က ဂျမေကာတွင်ပြုလုပ်သော အူစိန်ဘော့၏ ၃၄ နှစ်ပြည့် မွေးနေ့ပါတီသို့ တက်ရောက်ခဲ့ပြီး မွေးနေ့ ရှင်နှင့်အတူ ပျော်ပါးကခုန်နေသည့်ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်များ လူမှုကွန် ရက်ပေါ် ထွက်ပေါ်ခဲ့သည်။
မွေးနေ့ပွဲသို့ တက်ရောက်လာသူများမှာ Mask တပ်ဆင်ထားခြင်းမရှိသလို Social Distancing စည်းမျဉ်းများကို လည်း မလိုက်နာဘဲ နီးနီးကပ်ကပ်ရှိခဲ့သည်။ စတာလင်းကိုယ်တိုင်ကလည်း Mask မတပ်၊ ခပ်ခွာခွာမနေဘဲ သောက် စားပျော်ပါးခဲ့သည်။
စတာလင်းနှင့်နီးစပ်သူများက မန်စီးတီးကစားသမားမှာ ကျန်းမာရေးကောင်းမွန် သလို ကိုဗစ်လက္ခဏာများလည်း မရှိကြောင်း၊ သို့သော် မန်စီးတီးနှင့် အင်္ဂလန်အသင်းများမှ ဆရာဝန်များနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်နေ ကြောင်း The Sun သတင်းစာသို့ ပြောသည်။
သြဂုတ်လ ၂၅ တစ်ရက်တည်းမှာပင် ဂျမေကာနိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ ၈၃ ဦးတွေ့ရှိရပြီး စုစုပေါင်း အ တည်ပြုလူနာ ၁၆၁၂ ဦးအနက် ၁၆ ဦးသေဆုံးခဲ့သည်။ စတာလင်းသည် စက်တင်ဘာ ၅ ရက်တွင် အိုက်စလန်နှင့်ကစားမည့် နေးရှင်းလိဂ်ပွဲစဉ်အတွက် နည်းပြဆောက် ဂိတ်ရွေးချယ်ထားသည့် အင်္ဂလန်လူစာရင်းတွင် ပါဝင်နေသည်။
Ref: TheSun