ကိုဗစ်မှ ပြန်လည်ကောင်းမွန်လာပြီဖြစ်၍ မာဆေးလ်ဆိုက်ဒါဘီပွဲတွင် တီယာဂို ပါဝင်လာမည်

လီဗာပူးကွင်းလယ်ကစားသမားတီယာဂိုသည် ကိုရိုနာဗိုင်းရပ်စ်မှ ပြန်လည်ကောင်းမွန်လာပြီဖြစ်သည့်အပြင် ကွာရန်တင်းရက်ပြည့်သွားပြီဖြစ်၍ အသင်းနှင့် ပြန်လည်ပူးပေါင်းနေပြီ ဖြစ်ကြောင်း သိရသည်။ အသက် ၂၉ နှစ်ရှိ စပိန်ကွင်းလယ်ကစားသမားသည် ပြီးခဲ့သည့်လတုန်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ ထားရကြောင်း တွေ့ရှိရပြီးနောက် ဗြိတိန်အစိုးရ၏ကိုရိုနာဗိုင်းရပ်စ် လမ်းညွှန်ချက်အတိုင်း ၁၀ ရက် ကွာရန်တင်းဝင်ခဲ့ရသည်။

ယခုအခါ တီယာဂိုသည် ကိုရိုနာဗိုင်းရပ်စ်မှပြန်လည်ကောင်းမွန်လာပြီ ဖြစ်သည့်အပြင် ကွာရန်တေးရက်စေ့သွားပြီဖြစ်၍ ပုံမှန်အတိုင်း ပြန်လည်နေထိုင်နိုင်ပြီဖြစ်ပြီး လီဗာပူးရှိ လမ်းပေါ်တွင် လျှောက်သွားနေသည့် ဓာတ်ပုံအား ဆိုရှယ်မီဒီယာတွင် တင်ထားသည်။

တီယာဂိုသည် နွေရာသီတွင် ဘိုင်ယန်မှ ရောက်လာပြီးနောက် ချဲလ်ဆီးအား အနိုင်ရရှိသည့်ပွဲတွင် လီဗာပူးအတွက် ပထမဆုံးပွဲကို ကစားခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် လီဗာပူး၏နောက်ဆုံးနှစ်ပွဲကို လွဲခဲ့သည်။ ထို့အပြင် သူသည် စပိန်၏ လက်ရွေးစင်အသင်းပွဲစဉ်များကိုလည်း လွဲချော်နေသည်။

အခြားတစ်ဖက်မှာ လီဗာပူး၏ဆာဒိုင်ယိုမာနေးမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းခံခဲ့ရသည်။

လီဗာပူးသည် မာနေးနှင့်တီယာဂိုတို့ မပါဝင်ခဲ့သည့် ဗီလာနှင့်ပွဲစဉ်တွင် ရုန်းကန်ခဲ့ရပြီး ၇-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ထို့အပြင် ၎င်းတို့သည် ကာရာဘောင်းဖလားတွင်လည်း အာဆင်နယ်ကို ပင်နယ်တီဖြင့် ရှုံးနိမ့်ကာ ထွက်ခဲ့ရသည်။

ယခုအခါ တီယာဂိုမှာ ပြန်လည်ကောင်းမွန်လာပြီဖြစ်၍ လာမည့် စနေနေ့တွင် အဲဗာတန်နှင့် ကစားရမည့် မာဆေးလ်ဆိုက်ဒါဘီပွဲတွင် ပြန်လည် ပါဝင်ရန် အသင့် ဖြစ်နေပြီ ဖြစ်သည်။

Facebook Comments Box
Facebook Comment