ကိုဗစ်ပေါ့စတစ်တွေ့မှုကြောင့် အသင်းဟောင်းဘာစီလိုနာနှင့်ပွဲကို ဆွာရက်ဇ် လွဲမည်

လူးဝစ်ဆွာရက်ဇ်တွင် ကိုရိုနာဗိုင်းရပ်စ်ပေါ့စတစ်တွေ့ရှိခဲ့ကြောင်း ဥရုဂွေးဘောလုံးအဖွဲ့ချုပ်က အတည်ပြုလိုက်သည်။ အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူးသည် ကိုဗစ်ကူးစက်ခြင်းခံထား ရသော်လည်း ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ကိုဗစ်လမ်းညွှန်မှုအတိုင်း ကွာရန်တင်းဝင်နေ သည်။

ဆွာရက်ဇ်သည် မနက်ဖြန် မနက်ပိုင်းတွင် ဘရာဇီးအား ဧည့်ခံကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ကို လွဲချော်မည့်အပြင် လာမည့် စနေနေ့တွင် အသင်းဟောင်း ဘာစီလိုနာကို ဧည့်ခံကစားရမည့်ပွဲစဉ်ကိုလည်း လွဲချော်မည် ဖြစ်သည်။အပြင် ဥရုဂွေးအသင်းမှ ဂိုးသမားရိုဒရီဂိုမူနော့ဇ်နှင့် နည်းပြအဖွဲ့ဝင် မားသီးယပ်စ်ဖာရယ်တို့တွင်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိရသည်။

ဆွာရက်ဇ်သည် သောကြာနေ့တုန်းက ကိုလံဘီယာကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိသည့် ပွဲတွင် ယူနိုက် တက်တိုက်စစ်မှူးကာဗာနီနှင့်အတူ ဥရုဂွေးတိုက်စစ်ကို ဦးဆောင်ခဲ့ကာ ဂိုးသွင်းနိုင်ခဲ့သည်။

ဆွာရက်ဇ်သည် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် ဘာစီလိုနာမှ ပြောင်းလာပြီးနောက် အက်သလက်တီကိုအတွက် လာလီဂါပွဲ ၆ ပွဲကစားထားရာတွင် ၅ ဂိုးသွင်းယူထားသည်။

ဒီယေဂိုဆီမြန်နီ၏အက်သလက်တီကိုသည် လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးမှ ဆိုစီဒက်နှင့် ၃ မှတ်ကွာဟကာ တတိယနေရာတွင် ရပ်တည်နေသော်လည်း နှစ်ပွဲလျှော့ကစားထားသည်။

Facebook Comments Box
Facebook Comment