ကိုဗစ်ကြောင့် ငွေကြေး အကြပ်အတည်း ရင်ဆိုင် လာရသည့် ရီးရဲလ် မက်ဒရစ်

ရီးရဲလ်မက်ဒရစ်၏ဘဏ္ဍာရေးအခြေအနေမှာ စိုးရိမ်စရာကောင်းသည့် အခြေအနေသို့ ရောက်ရှိနေပြီး ယခုနွေရာသီ အပြောင်းအရွှေ့တွင် ကစားသမားအသုံးစရိတ် လျှော့ချမှုပြုလုပ်ရန် အလေးအနက်ထား စဉ်းစားနေရကြောင်း သိရသည်။


ရီးရဲလ်မက်ဒရစ်သည် အခြားထိပ်သီးကလပ်များကဲ့သို့ပင် ကိုရိုနာ ဗိုင်းရပ်စ် ကပ်ဆိုးကြောင့် ငွေကြေး ထိခိုက်မှု အများဆုံး ကလပ်များထဲတွင် ပါဝင်နေခဲ့ကာ ငွေကြေးအကြပ်တွေ့နေသည့်ကလပ်များထဲမှတစ်ခုလည်းဖြစ်သည်။ ယခုအခါ ၎င်းတို့၏အဓိကစပွန်ဆာနှစ်ခုက စပွန်ဆာကြေးလျှော့ချမှုပြုလုပ်ရန် စီစဉ်နေမှုနှင့်အတူ ဝင်ငွေပိုင်းအတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်လာတော့မည်ဖြစ်သည်။

ရီးရဲလ်မက်ဒရစ်၏အဓိကစပွန်ဆာရှင်များဖြစ်ကြသည့် Fly Emirates နှင့် Adidas တို့က ၎င်းတို့မှာလည်း ဘဏ္ဍာရေးအခြေအနေထိခိုက်နေမှုနှင့်အတူ လာမည့်နှစ်တွင် ယခင်သတ်မှတ်စပွန်ဆာကြေးအတိုင်းပေးချေနိုင်တော့မှာမဟုတ်ကြောင်း စပိန်ထိပ်သီးကလပ်ထံသို့ အကြောင်းကြားထားသည်။

Adidas သည် ရီးရဲလ်မက်ဒရစ်နှင့် တစ်ရာသီလျှင် ယူရို သန်း ၁၁၀ တန် ၁၀ နှစ်စာချုပ်ချုပ်ဆိုထားပြီး Fly Emirate မှာလည်း ရီးရဲလ်မက်ဒရစ်နှင့် တစ်နှစ်လျှင် ယူရိုသန်း ၄၀ တန် စာပွန်ဆာစာချုပ်ချုပ်ဆိုထားသည်။

ရီးရဲလ်မက်ဒရစ်သည် ယင်းထိပ်သီးကုမ္ပဏီကြီးနှစ်ခုထံမှ မြင့်မားသည့် စပွန်ဆာကြေး ရရှိမှုနှင့်အတူ ဆန်တီဂိုဘာနေဗျူးကွင်းအား အကြီးအကျယ်တိုးချဲ့တည်ဆောက်ရေးစီမံ ကိန်းရေးဆွဲထားသည်။ ရီးရဲလ်မက်ဒရစ်သည် ပရိသတ်ဆန့်ပမာဏကို တိုးချဲ့ရန်စီစဉ်ထား ခြင်းမဟုတ်ဘဲ ဈေးဝယ်စင်တာ၊ ဟိုတယ်အပါအဝင် အသင်း ဝင်ငွေ မြှင့်မားလာစေမည့် စီမံကိန်းများ လုပ်ဆောင်ထားတာလည်းဖြစ်သည်။

သို့ရာတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လပေါင်းများစွာ ပရိသတ်မပါဘဲ ပွဲကစားရမှု၊ ကွင်းနှင့်ဆုဖလားပြတိုက်သို့ ပရိသတ်များ လာရောက်ခွင့်မပေးရမှုနှင့်အတူ ရီးရဲလ်မက်ဒရစ်မှာ ဝင်ငွေများစွာ ထိခိုက်ထားရသည်။


ယခုအခါ အဓိကစပွန်ဆာနှစ်ခုက စပွန်ဆာကြေးလျှော့ချရန် လုပ်ဆောင်လာမှုကြောင့် ရီးရဲလ်မက်ဒရစ်အနေဖြင့် ကစားသမားလစာစရိတ်လျှော့ချခြင်း၊ ကစားသမားရောင်းချ၍ ငွေရှာခြင်း၊ ကစားသမားခေါ်ယူမှုအသုံးစရိတ်ကန့်သတ်ခြင်းတို့ မဖြစ်မနေလုပ်ရ တော့မှာဖြစ်သည်။

Facebook Comments Box
Facebook Comment