ကိုဗစ်ကူးစက်ခံထားရသည့် မိုဟာမက်ဆာလက်ကို မွေးရပ်မြေ မြို့တော်ဝန်ကာကွယ်

မိုဟာမက်ဆာလက်၏ မွေးရပ်မြေ မြို့တော်ဝန်သည် ညီဖြစ်သူ၏ လက်ထပ်မင်္ဂလာပွဲပါတီသို့ တက်ရောက်ကာ ကိုရိုနာဗိုင်းရပ်စ် Social Distancing လမ်းညွှန်မှုကို လိုက်နာခြင်းမရှိဟု ဝေဖန်ခံရမှုကို ကာကွယ်သွားသည်။

အီဂျစ်ဘောလုံးအဖွဲ့ချုပ်က သောကြာနေ့တုန်းက မိုဟာမက်ဆာလက်မှာ ကိုဗစ်ကူးစက်ခံထားရကြောင်း အတည်ပြု ကြေညာခဲ့သည်။ အီဂျစ်ဘောလုံးအဖွဲ့ချုပ်သည် ယင်းကြေညာချက်ကို ဖျက်ပြီးနောက် နောက်ထပ် တစ်ကြိမ် ထပ်စစ်ဆေးရာတွင်လည်း မိုဟာမက်ဆာလက်မှာ ကိုဗစ်ပေါ့စတစ်ဖြစ်နေကြောင်း ထပ်မံ တွေ့ရှိရသည်။

အသက် ၂၈ နှစ်ရှိ ကစားသမားသည် ကိုဗစ်ကူးစက်ခံရကြောင်း တွေ့ရပြီးနောက် ကိုင်ရိုတွင်ပင် ကွာရန်တင်းဝင်ခဲ့ကာ တိုဂိုနှင့် အာဖရိကဖလားခြေစစ်ပွဲစဉ်များကိုလွဲချော်မည် ဖြစ်သည်။ သူသည် လီဗာပူးအသင်း၏ လက်စတာ၊ အတ္တလန္တာတို့နှင့် ပွဲစဉ်များကိုလည်း လွဲချော်ရန် သေချာနေသည်။

ယခုအပတ်အစောပိုင်းတုန်းက မိုဟာမက်ဆာလက်သည် ညီဖြစ်သူ၏ မင်္ဂလာပွဲသို့ တက်ရောက်ခဲ့ရာတွင် လူအများနှင့် စုဖွဲ့ပျော်နေခဲ့ပြီး နှာခေါင်းစည်း တပ်ဆင်ထားခြင်း မရှိသည့်အပြင် Social Distancing လုပ် မလုပ်ကြောင်း တွေ့ရှိရသည်။

သို့ရာတွင် ကိုင်ရိုမှ ၁၃၁ ကီလိုမီတာအကွာရှိ မိုဟာမက်ဆာလက်၏မွေးရပ်မြေ နာဂရစ်မှ မြို့တော်ဝန်မဟာရှာတေးယီက “ ပြောနေကြတာတွေ အားလုံးက အမှားပါ။ လက်ထပ်ပွဲ တစ်ခုတည်းမှာ ဘယ်သူကိုမှ ငါးကြိမ်လောက်ဖက်မနေပါဘူး။ မိုဟာမက်ဆာလက်ဟာ တစ်နာရီဘဲ ကြာတဲ့ ဒီမင်္ဂလာပွဲမှာ အထူးသတိထားနေခဲ့တာပါ။ ဓာတ်ပုံရိုက်ဖို့အတွက်ဘဲ နှာခေါင်းစည်းချွတ်ခဲ့တာပါ။ အခု ဆာလက်အားလုံးအဆင်ပြေနေပါတယ်။ ဘာလက္ခဏာမှလည်း မပြပါဘူး။ သူ့အဖေ၊ သူ့ဦးလေးတို့နဲ့ စကားပြောပြီးပါပြီ။ ထရေဇီဂေးက ဆာလက်နဲ့အတူ မင်္ဂလာပွဲလာတဲ့ တစ်ဦးတည်းသော (အီဂျစ်)ကစားသမားပါ။ သူလည်း အထူး သတိထားပြီး နေခဲ့ပါတယ်”ဟု ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment