ကိုဗစ်ကပ်ရောဂါကြောင့် လိဂ်ရပ်နားရလျှင် ရာသီကို မည်သို့ ပြီးဆုံးမည်ဆိုသည်ကို ပရီးမီးယားလိဂ်ကလပ်များ မဲပေးဆုံးဖြတ်ကြမည်

ပရီးမီးယားလိဂ်ကလပ်များသည် ယနေ့တွင် တွေ့ဆုံမှု ပြုလုပ်ကာ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ကပ်ရောဂါကြောင့် ပရီးမီးယားလိဂ်ရာသီအား ကုန်ဆုံးအောင် မကစားနိုင်ခဲ့လျှင် ရာသီကို ဘယ်လို အဆုံးသတ်မည်ကို မဲပေး ဆုံးဖြတ်သွားကြမည် ဖြစ်ကြောင်း သိရသည်။

ကလပ်များသည် ပြီးခဲ့သည့် ဩဂုတ်လတုန်းက တွေ့ဆုံဆွေးနွေးပွဲမှာ အဓိကအချက်အလက်များနှင့်ပတ်သက်၍ အကြမ်းဖျဉ်းသဘောတူညီမှု ရရှိထားခဲ့ကြပြီးလည်း ဖြစ်သည်။ ၎င်းတို့သည် ပြီးခဲ့သည့် ရက်သတ္တပတ် များအတွင်းတွင် စည်းမျဉ်းသစ်အတွက် ရေးသားမှု ပြုလုပ်ခဲ့ကြသည်။

ယခုအခါ ကိုဗစ်ကြောင့် ၂၀၂၀-၂၁ ပရီးမီးယားလိဂ်ရာသီအား ကုန်ဆုံးအောင် မကစားနိုင်ဘဲ မည်သည့် ကာလသို့ ရောက်ချိန်တွင် ရပ်နားရပါက မည်သို့ ဆုံးဖြတ်မည်ကို မဲပေး ဆုံးဖြတ်သွားကြတော့မည် ဖြစ်သည်။

ပရီးမီးယဦးလိဂ်ကလပ်များသည် ကိုဗစ်ကပ်ရောဂါကြောင့် ပရီးမီးယားလိဂ်ရာသီအား လေးပုံသုံးပုံအထိ ကုန်ဆုံးအောင် မကစားနိုင်ခဲ့ပါက ရာသီကို ဖျက်သိမ်းကာ အသိအမှတ်မပြုရန် အကြမ်းဖျင်း သဘောတူညီမှု ရရှိထားပြီး ဖြစ်သည်။

၎င်းတို့သည် ဒီဇင်ဘာလအကုန်အထိ ပွဲများ ဆက် ကစားခဲ့ရကာ ပွဲအားလုံး၏ ၄၅ ရာခိုင်နှုန်းကို ကစားပြီးချိန်၌ လိဂ်ကို ရပ်နားပြီး ဆက်ကစားရန် မဖြစ်နိုင်တော့ပါက လိဂ်ကို အသိအမှတ်မပြုရန် ဆုံးဖြတ်ထားကြပြီးလည်း ဖြစ်သည်။

သို့ရာတွင် ကလပ်များသည် ပရီးမီးယားလိဂ်ပွဲများ၏ ၆၆ ရာခိုင်နှုန်း (သို့မဟုတ်) ၇၀ ရာခိုင်နှုန်း ကစားပြီးချိန်တွင် လိဂ်ကို ရပ်နားရပါက အမှတ်ပေးဇယား အတိုင်းပင် ချန်ပီယံ၊ ချန်ပီယံလိဂ်ဝင်ခွင့်ရအသင်းများ၊ ယူရိုပါလိဂ်ဝင်ခွင့်ရ အသင်းများ၊ တန်းဆင်းရမည့်အသင်းများကို ဆုံးဖြတ်မလား ဆိုသည်ကို ယနေ့တွင် မဲပေး ဆုံးဖြတ်သွားမည်ဖြစ်သည်။

Facebook Comments Box
Facebook Comment