ကာရာဘောင်းဖလား ကွာတားဖိုင်နယ်တွင် ဂွါဒီယိုလာ၏ မန်စီးတီးနှင့် ရင်ဆိုင်ရမည့် အာတီတာ၏အာဆင်နယ်

မီခေးလ်အာတီတာသည် ကာရာဘောင်းဖလား ကွာတားဖိုင်နယ်တွင် ဆရာဟောင်း ဂွါဒီယိုလာနှင့် ပြန်လည်ထိပ်တိုက် ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိရသည်။ ကာရာဘောင်းဖလား ကွာတားဖိုင်နယ်တွင် အာတီတာ၏အာဆင်နယ်နှင့် ဂွါဒီယိုလာ၏ မန်စီးတီးတို့ ထိပ်တိုက် တွေ့နေသည်။

အာဆင်နယ်နည်းပြအာတီတာသည် ဂွါဒီယိုလာ၏လက်အောက်တွင် မန်စီးတီး လက်ထောက်နည်းပြအဖြစ် သုံးရာသီတိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့ဖူးကာ ပြီးခဲ့သည့် ဒီဇင်ဘာလတုန်းက အာဆင်နယ်သို့ မန်နေဂျာအဖြစ် ရောက်လာခဲ့သူ ဖြစ်သည်။

အာတီတာ၏အာဆင်နယ်နှင့် ဂွါဒီယိုလာ၏မန်စီးတီးတို့သည် ပြီးခဲ့သည့် ရာသီတွင် နှစ်ကြိမ်တို်ငတိုင် ထိပ်တိုက်တွေ့ခဲ့ရသည်။ အာတီတာ၏အာဆင်နယ်သည် ပရီးမီးယားလိဂ်တွင် ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း အက်ဖ်အေဖလား ဆီမီးဖိုင်နယ်တွင် ၂-၀ ဂိုးဖြင့် ကလဲ့စားပြန်ချေနိုင်ခဲ့သည်။

အာဆင်နယ်သည် ကြာသပတေးနေ့ညတုန်းက ကာရာဘောင်းဖလား ၁၆ သင်းအဆင့်တွင် လီဗာပူးနှင့် ဂိုးမရှိသရေကျခဲ့သော်လည်း ပင်နယ်တီ အဆုံးအဖြတ်တွင် ၅-၄ ဖြင့် အနိုင်ရရှိခဲ့သည်။ မန်စီးတီးမှာလည်း ၁၆ သင်းအဆင့်တွင် ဘန်လေကို ၃-၀ ဖြင့် အနိုင်ရရှိခဲ့သည်။

ကာရာဘောင်းဖလား ကွာတားဖိုင်နယ်တွင် အခြား တွေ့ဆုံမှုများ အဖြစ် မန်ယူမှာ အဲဗာတန်ကို အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပီး ချဲလ်ဆီးကို အနိုင်ရရှိခဲ့သည့် စပါးစ်မှာ ချန်ပီယံရှစ်ကလပ် စတုတ်စီးတီးနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ဘရန်ဖို့ဒ်မှာ ဆီမီးဖိုင်နယ်တစ်နေရာအတွက် နယူးကာဆယ်ကို ရင်ဆိုင် ကစားရမည် ဖြစ်သည်။

ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်ကို ဒီဇင်ဘာလ ၂၁ ရက်သတ္တပတ်အတွင်းတွင် ကစားသွားမည် ဖြစ်သည်။   

Facebook Comments Box
Facebook Comment