ကာရင်နဲ့သာ အထိုက်တန်ဆုံး

ယခုနှစ် ရွှေဘောလုံးဆုနှင့် အထိုက်တန်ဆုံးက ကာရင်ဘန်ဇီးမားသာဖြစ်ကြောင်း ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ဗီနီဆီးယက်စ်က ထောက်ခံပြောကြားလိုက်သည်။

၎င်းတို့နှစ်ယောက်သည် မန်စီးတီးအား ၄-၃ ဂိုးဖြင့်ရှုံးနိမ့်သော ချန်ပီယံလိဂ်ပွဲစဉ်တွင် ခြေစွမ်းပြခဲ့ပြီး ပြင်သစ်သားက ၂ ဂိုး၊ ဘရာဇီးလ်သားက ၁ ဂိုးသွင်းယူခဲ့သည်။

၃၄ နှစ်အရွယ် ဘန်ဇီးမားသည် ယခုရာသီတွင် ပြိုင်ပွဲစုံ ၄၁ ဂိုးအထိသွင်းယူထားပြီး ၂၀၁၁-၂၀၁၂ ရာသီက သွင်းယူသော ၃၂ ဂိုးထက်ပင် ၉ ဂိုးပိုများနေသည်။

၎င်းသည် ရွှေဘောလုံးဆု ဆန်ခါတင်စာရင်းတွင် ၉ ကြိမ်အထိ ပါဖူးသော်လည်း တကြိမ်မှရယူနိုင်ခြင်းမရှိဘဲ ၂၀၂၁ က စတုတ္ထနေရာရခြင်းက အမြင့်ဆုံးအောင်မြင်မှုဖြစ်သည်။

“ဘန်ဇီးမားနဲ့ပတ်သက်ပြီး ဘာပြောချင်သလဲဆိုတော့ သူက တကယ့် ထိပ်တန်းကစားသမားပဲ။ နောက်ပြီး ကျွန်တော့်ရဲ့ အကိုကြီးပဲ။

သူ ဒီရာသီမှာ လာလီဂါဖလားဆွတ်ခူးနိုင်၊ ချန်ပီယံလိဂ်ကိုလည်း အရယူပြီး ရွှေဘောလုံးဆုရွေးချယ်ပွဲမှာလည်း အမြင့်ဆုံးအနေအထားနဲ့ ရပ်တည်နိုင်ဖို့ မျှော်လင့်ကြစို့။ ဒီလိုဖြစ်လာမယ်လို့လည်း ကျွန်တော် ယုံကြည်ပါတယ်” ဟု ဗီနီဆီးယက်စ်က ဆိုသည်။

Ref:movistar

Facebook Comments Box
Facebook Comment