
ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို ပထမဆုံး ရောက်တဲ့ အာဖရိကအသင်း မော်ရိုကို

ပေါ်တူဂီ 0-1 မော်ရိုကို (Full Time)
GOAT ကြီးရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကထွက်ခွါခဲ့ရပြီဖြစ်ပါတယ် 😲😲😲
မော်ရိုကိုအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်တဲ့ ပထမဆုံးသော အာဖရိကအသင်းအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့တဲ့အပြင် ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အခုချိန်ထိ ရှုံးပွဲမရှိသေးတဲ့ တသင်းထဲသော လက်ရွေးစင်အသင်းဖြစ်ပါတယ်
မော်ရိုကိုအသင်းရဲ့ တလုံးထဲသော အနိုင်ဂိုးကို ပွဲချိန် ၄၂ မိနစ်မှာ အန်နက်စရီက အမြင့်ခုန်ခေါင်းတိုက်ဘောနဲ့ သွင်းယူခဲ့တာဖြစ်ပြီး၊ ပေါ်တူဂီအသင်းကတော့ ချေပဂိုးပြန်လည်သွင်းယူနိုင်ခြင်းမရှိပါဘူး
မော်ရိုကိုအသင်းဟာ Dark Horse အသင်းဖြစ်ကြောင်း၊ Underrated အသင်းဖြစ်ကြောင်း ထပ်ခါ ထပ်ခါ သက်သေထူလျက်ရှိနေပါတယ်၊
မထင်မှတ်တဲ့ ရလဒ်တွေပေါ်ထွက်လာတဲ့ အခု ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကတော့ တကယ်ကို ရင်ခုန်စိတ်လှုပ်ရှားစရာပါပဲ
GOAT ကြီး ခရစ်စတီယာနိုရော်နယ်ဒိုတယောက်တော့ ကစားသမားနေဝင်ချိန်ထိ ကမ္ဘာ့ဖလား ကိုင်မြှောက်ခွင့်မရတော့ဘူးဆိုတာ ၁၀၀ ရာခိုင်နှုန်းသေချာခဲ့ပြီပဲဖြစ်ပါတယ်။